အလုပ်မှာမပျော်တဲ့၊ တက်ကြွမှုမရှိတဲ့ ဝန်ထမ်းတွေကို အကောင်းဆုံးဝန်ထမ်းတွေလို့ဘယ်လိုမှသတ်မှတ်နိုင်မှာမဟုတ်ပါဘူးနော်။ဝန် ထမ်းတစ်ယောက်ရဲ့အလုပ်အပေါ်စိတ်ပျက်နေမှုဟာအဖွဲ့ထဲမှာရှိတဲ့တခြားသောဝန်ထမ်းတွေကိုလည်း သက်ရောက်မှုရှိပါတယ်။ အဖွဲ့ဝင်အားလုံးရဲ့အလုပ်လုပ်ဆောင်နိုင်စွမ်းနဲ့ ရလဒ်ကောင်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ဒါအပြင်ဝန်ထမ်းတွေကို အလုပ်မှာတက်ကြွအောင်မစွမ်းဆောင်နိုင်တဲ့မန်နေဂျာကိုညံ့ဖျင်းတဲ့မန်နေဂျာလို့သတ်မှတ်ရမှာပဲဖြစ်ပါတယ်။ဝန်ထမ်းတွေရဲ့စိတ်ဓာတ်နဲ့အလုပ်အပေါ်ထားတဲ့စေတနာကိုဖျက်ဆီးနေတဲ့အရာတွေကဘာတွေများဖြစ်မလဲ။ ဒီအရာတွေကိုသိရှိနားလည်ပြီဆိုရင်ကိုယ့်ရဲ့လုပ်ငန်းခွင်တစ်ခုလုံးကောင်းမွန်တိုးတက်စေမယ့်နည်းတွေကိုဆက်လက်လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ နည်းဗျူဟာချမှတ်မှုတွေထဲမှာပါဝင်ခွင့်မရဘူးဆိုရင် လည်း အလုပ်အပေါ်ယုံ ကြည်ချက်နဲ့ စိတ်ထက်သန်မှုတွေလျော့လာတတ်ပါတယ်။ဒါကြောင့်လုပ်ငန်းခွင်အပြောင်းအလဲဘာတွေလုပ်မယ်၊ဘယ်လိုလုပ်ဆောင်မယ်ဆိုတာတွေကိုသူတို့ကိုအသိပေးပါ။ အကောင်းဆုံးက ပြောင်းလဲမယ့်အစီအစဉ်အသစ်နဲ့ ရည်မှန်းချက်တွေချမှတ်ရာမှာသူတို့ကိုဝင်ပါခိုင်းရင် အကောင်းဆုံးပါပဲ။ ကုမ္ပဏီရဲ့ကိစ္စရပ်တိုင်းမှာသူတို့ကိုမပါဝင်ခိုင်းနိုင်ဘူးဆိုရင်တော့ ပြောင်းလဲမှုတွေမလုပ်ဆောင်ခင်သေချာ ပေါက်ကြိုတင်ရှင်းပြဖို့တော့လိုပါတယ်။ […]