VMAs ပွဲကသူမရဲ့မျက်နှာအမူအရာတွေအကြောင်းရှင်းပြလိုက်တဲ့ Selena Gomez

ပြီးခဲ့တဲ့ရက်ကကျင်းပခဲ့တဲ့ VMAs ပွဲမှာ Olivia Rodrigo ဖျော်ဖြေနေစဉ်အတွင်း Selena Gomez ရဲ့ပြောင်းလဲသွားတဲ့မျက်နှာအမူအရာဟာ တော်တော်လေးလူပြောများနေခဲ့ပါတယ်။ Olivia ဟာ Vampire သီချင်းကိုဖျော်ဖြေနေစဉ်အတွင်း Selena ရဲ့မျက်နှာကတကယ့်ကိုကြောက်ရွံ့တဲ့ပုံဖြစ်သွားခဲ့တာပါ။ သီချင်း Performance ကရုတ်တရက်ထိတ်လန့်စရာဖြစ်သွားစေမယ့်ပုံစံမျိုးဖန်တီးထားတာမို့ သူမတကယ်လန့်သွားခဲ့တာပါလို့ Selena က ပြောခဲ့ပါတယ်။ဒါအပြင် Chris Brown ကို ဆန်ခါတင်စာရင်းကြေညာချိန်မှာလည်းသူမကနှာခေါင်းရှံ့လိုက်တာဖြစ်ပါတယ်။

ထိုကိစ္စတွေအတွက်သူမက “ကျွန်မလူမြင်ကောင်းအောင်နေရတာထက်ဒီအတိုင်းငြိမ်ငြိမ်လေးပဲနေချင်တော့တယ်။ ကျွန်မ meme ထပ်မဖြစ်ချင်တော့ဘူး”လို့သူမရဲ့အင်စတာဂရမ်အကောင့်မှာရေးသားထားခဲ့ပါတယ်။ဒီနှစ် VMAs ပွဲမှာ သူမဟာ Calm Down သီချင်းအတွက် Rema နဲ့အတူ Best Afrobeat ဆုကိုဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*