ဝန်ထမ်းရဲ့စိတ်ဓာတ်ကိုဖျက်ဆီးနေသောအရာများ

အလုပ်မှာမပျော်တဲ့၊ တက်ကြွမှုမရှိတဲ့ ဝန်ထမ်းတွေကို အကောင်းဆုံးဝန်ထမ်းတွေလို့ဘယ်လိုမှသတ်မှတ်နိုင်မှာမဟုတ်ပါဘူးနော်။ဝန် ထမ်းတစ်ယောက်ရဲ့အလုပ်အပေါ်စိတ်ပျက်နေမှုဟာအဖွဲ့ထဲမှာရှိတဲ့တခြားသောဝန်ထမ်းတွေကိုလည်း သက်ရောက်မှုရှိပါတယ်။ အဖွဲ့ဝင်အားလုံးရဲ့အလုပ်လုပ်ဆောင်နိုင်စွမ်းနဲ့ ရလဒ်ကောင်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ဒါအပြင်ဝန်ထမ်းတွေကို အလုပ်မှာတက်ကြွအောင်မစွမ်းဆောင်နိုင်တဲ့မန်နေဂျာကိုညံ့ဖျင်းတဲ့မန်နေဂျာလို့သတ်မှတ်ရမှာပဲဖြစ်ပါတယ်။ဝန်ထမ်းတွေရဲ့စိတ်ဓာတ်နဲ့အလုပ်အပေါ်ထားတဲ့စေတနာကိုဖျက်ဆီးနေတဲ့အရာတွေကဘာတွေများဖြစ်မလဲ။ ဒီအရာတွေကိုသိရှိနားလည်ပြီဆိုရင်ကိုယ့်ရဲ့လုပ်ငန်းခွင်တစ်ခုလုံးကောင်းမွန်တိုးတက်စေမယ့်နည်းတွေကိုဆက်လက်လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။

ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ နည်းဗျူဟာချမှတ်မှုတွေထဲမှာပါဝင်ခွင့်မရဘူးဆိုရင် လည်း အလုပ်အပေါ်ယုံ ကြည်ချက်နဲ့ စိတ်ထက်သန်မှုတွေလျော့လာတတ်ပါတယ်။ဒါကြောင့်လုပ်ငန်းခွင်အပြောင်းအလဲဘာတွေလုပ်မယ်၊ဘယ်လိုလုပ်ဆောင်မယ်ဆိုတာတွေကိုသူတို့ကိုအသိပေးပါ။ အကောင်းဆုံးက ပြောင်းလဲမယ့်အစီအစဉ်အသစ်နဲ့ ရည်မှန်းချက်တွေချမှတ်ရာမှာသူတို့ကိုဝင်ပါခိုင်းရင် အကောင်းဆုံးပါပဲ။ ကုမ္ပဏီရဲ့ကိစ္စရပ်တိုင်းမှာသူတို့ကိုမပါဝင်ခိုင်းနိုင်ဘူးဆိုရင်တော့ ပြောင်းလဲမှုတွေမလုပ်ဆောင်ခင်သေချာ ပေါက်ကြိုတင်ရှင်းပြဖို့တော့လိုပါတယ်။ ဌာနတစ်ခုချင်းစီကဝန်ထမ်းတွေကိုဘာကြောင့်ပြောင်းလဲရတယ်၊ ဘယ်လိုအစားထိုးလုပ်ဆောင်မယ်ဆိုတာကို ရှင်းပြရပါမယ်။နောက်ထပ် ဝန်ထမ်းတွေကိုစိတ်ဓာတ်ပျက်ပြားစေတဲ့အချက်ကတော့ အားပေးမှုကိုမရခြင်းပါ။

ဝန်ထမ်းတိုင်းက သူတို့ကိုအသိအမှတ်ပြုစေချင်၊ ချီးကျူးစေချင်ကြတာချည်းပါပဲ။သူတို့ရဲ့အပြစ်တွေကိုပဲ Focus လုပ်ပြီး တော်တဲ့အ ချက်တွေကိုမချီးကျူးဘူးဆိုရင် နောက်ထပ် Project အသစ်တွေမှာတက်တက်ကြွကြွပါဝင်ဖို့ အားလျော့လာပါလိမ့်မယ်။ သူတို့ရဲ့အား ထုတ်မှုကိုထိန်ချန်ပြီးအထက်လူ ကြီးတော်လို့ပဲအောင်မြင်တာမျိုးပြောဆိုမိရင် အလုပ်အပေါ်တန်ဖိုးထားမှု၊လေးစားမှုကိုပိုပျက်ပြားစေပါတယ်။ဝန်ထမ်းတွေကို ဘယ်အရာတွေကမှားနေပါတယ်လို့ထောက်ပြတတ်တယ်ဆိုရင်ဘယ်အရာတွေမှာတော့တော်တယ်ဆိုတာကိုလည်း ပြောနိုင်ရမှာဖြစ်ပါတယ်။အသေးစိတ်ကအစလိုက်ပြီးစီမံလွန်းတာကလည်း ဝန်ထမ်းတွေကိုစိတ်ပျက်စေပါတယ်။ကိစ္စသေးသေးလေးတွေကအစ ကိုယ်ကဝင်ပါပြီးဆုံးဖြတ်ပေးနေမယ်ဆိုရင်ဝန်ထမ်းတွေအနေနဲ့စိတ်ဖိစီးလာမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုဝန်ထမ်းတွေအပေါ်မှာပဲအချိန်ကုန်နေစေတာက ကိုယ့်ကိုပင်ပန်းစေသလိုအလုပ်လည်းမတွင်စေပါဘူး။ဒီလိုအသေးစိတ်ကအစပါဝင်ဆုံးဖြတ်ခြင်းက ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်နဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကိုကျဆင်းစေနိုင်ပါတယ်။ သူတို့ကိုများများဆုံးဖြတ်ပိုင်ခွင့်ပေးတာ၊အကြံဉာဏ်တောင်းခံတာ၊ ရရှိလာတဲ့အကြံဉာဏ်တွေထဲကမှကောင်းတာကိုယူသုံးတာမျိုးတွေလုပ်သင့်ပါတယ်။

ဒါ့အပြင် ကုမ္ပဏီအတွင်းလျှို့ဝှက်ချက်တွေများလွန်းတာကလည်း ဝန်ထမ်းတွေရဲ့အလုပ်အပေါ်ထားတဲ့စိတ်ခံစားချက်ကိုပျက်စီးစေပါတယ်။ ကုမ္ပဏီရဲ့ဘဏ္ဍာရေးအခြေအနေပြောင်းလဲမှု ဒါမှမဟုတ်တခြားသောလုပ်ငန်းတွေနဲ့ပူးပေါင်းရမယ့်အခြေအနေ စတာမျိုးတွေဖြစ် လာခဲ့ရင်တော့ဝန်ထမ်းအားလုံးကိုပွင့်ပွင့်လင်းလင်းအသိပေးလိုက်တာပိုကောင်းပါတယ်။ကောလာဟလတွေနဲ့နေထိုင်ခိုင်းတာက သူတို့ကိုတန်ဖိုးမထားသလိုဖြစ်စေနိုင်ပါတယ်။အလုပ်က ဘယ်လိုဦးတည်ချက်နဲ့ရှေ့ဆက်နေလဲ၊အကျိုးအမြတ်ကိုဘယ်ကနေရရှိမှာလဲဆိုတာတွေကိုမသိရရင် ဒါမှမဟုတ် သူတို့ရဲ့မေးခွန်းတွေကိုအချိန်နဲ့တစ်ပြေးညီမဖြေပေးနိုင်ဘူးဆိုရင် ကုမ္ပဏီအပေါ်ထားရှိတဲ့တန်ဖိုးထားမှုနဲ့စေတနာတွေလည်းပျက်စီးစေနိုင်တာမို့အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေကိုတော့သတိထားပြင်ဆင်သင့်ပါတယ်။

Ju Ju

zawgyi

အလုပ္မွာမေပ်ာ္တဲ့၊ တက္ႂကြမႈမရွိတဲ့ ဝန္ထမ္းေတြကို အေကာင္းဆုံးဝန္ထမ္းေတြလို႔ဘယ္လိုမွသတ္မွတ္ႏိုင္မွာမဟုတ္ပါဘူးေနာ္။ဝန္ ထမ္းတစ္ေယာက္ရဲ႕အလုပ္အေပၚစိတ္ပ်က္ေနမႈဟာအဖြဲ႕ထဲမွာရွိတဲ့တျခားေသာဝန္ထမ္းေတြကိုလည္း သက္ေရာက္မႈရွိပါတယ္။ အဖြဲ႕ဝင္အားလုံးရဲ႕အလုပ္လုပ္ေဆာင္ႏိုင္စြမ္းနဲ႔ ရလဒ္ေကာင္းေတြကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။ဒါအျပင္ဝန္ထမ္းေတြကို အလုပ္မွာတက္ႂကြေအာင္မစြမ္းေဆာင္ႏိုင္တဲ့မန္ေနဂ်ာကိုညံ့ဖ်င္းတဲ့မန္ေနဂ်ာလို႔သတ္မွတ္ရမွာပဲျဖစ္ပါတယ္။ဝန္ထမ္းေတြရဲ႕စိတ္ဓာတ္နဲ႔အလုပ္အေပၚထားတဲ့ေစတနာကိုဖ်က္ဆီးေနတဲ့အရာေတြကဘာေတြမ်ားျဖစ္မလဲ။ ဒီအရာေတြကိုသိရွိနားလည္ၿပီဆိုရင္ကိုယ့္ရဲ႕လုပ္ငန္းခြင္တစ္ခုလုံးေကာင္းမြန္တိုးတက္ေစမယ့္နည္းေတြကိုဆက္လက္လုပ္ေဆာင္ႏိုင္ၿပီျဖစ္ပါတယ္။

ဝန္ထမ္းေတြဟာ ကုမၸဏီရဲ႕ႀကီးမားတဲ့ေျပာင္းလဲမႈေတြနဲ႔ နည္းဗ်ဴဟာခ်မွတ္မႈေတြထဲမွာပါဝင္ခြင့္မရဘူးဆိုရင္ လည္း အလုပ္အေပၚယုံ ၾကည္ခ်က္နဲ႔ စိတ္ထက္သန္မႈေတြေလ်ာ့လာတတ္ပါတယ္။ဒါေၾကာင့္လုပ္ငန္းခြင္အေျပာင္းအလဲဘာေတြလုပ္မယ္၊ဘယ္လိုလုပ္ေဆာင္မယ္ဆိုတာေတြကိုသူတို႔ကိုအသိေပးပါ။ အေကာင္းဆုံးက ေျပာင္းလဲမယ့္အစီအစဥ္အသစ္နဲ႔ ရည္မွန္းခ်က္ေတြခ်မွတ္ရာမွာသူတို႔ကိုဝင္ပါခိုင္းရင္ အေကာင္းဆုံးပါပဲ။ ကုမၸဏီရဲ႕ကိစၥရပ္တိုင္းမွာသူတို႔ကိုမပါဝင္ခိုင္းႏိုင္ဘူးဆိုရင္ေတာ့ ေျပာင္းလဲမႈေတြမလုပ္ေဆာင္ခင္ေသခ်ာ ေပါက္ႀကိဳတင္ရွင္းျပဖို႔ေတာ့လိုပါတယ္။ ဌာနတစ္ခုခ်င္းစီကဝန္ထမ္းေတြကိုဘာေၾကာင့္ေျပာင္းလဲရတယ္၊ ဘယ္လိုအစားထိုးလုပ္ေဆာင္မယ္ဆိုတာကို ရွင္းျပရပါမယ္။ေနာက္ထပ္ ဝန္ထမ္းေတြကိုစိတ္ဓာတ္ပ်က္ျပားေစတဲ့အခ်က္ကေတာ့ အားေပးမႈကိုမရျခင္းပါ။

ဝန္ထမ္းတိုင္းက သူတို႔ကိုအသိအမွတ္ျပဳေစခ်င္၊ ခ်ီးက်ဴးေစခ်င္ၾကတာခ်ည္းပါပဲ။သူတို႔ရဲ႕အျပစ္ေတြကိုပဲ Focus လုပ္ၿပီး ေတာ္တဲ့အ ခ်က္ေတြကိုမခ်ီးက်ဴးဘူးဆိုရင္ ေနာက္ထပ္ Project အသစ္ေတြမွာတက္တက္ႂကြႂကြပါဝင္ဖို႔ အားေလ်ာ့လာပါလိမ့္မယ္။ သူတို႔ရဲ႕အား ထုတ္မႈကိုထိန္ခ်န္ၿပီးအထက္လူ ႀကီးေတာ္လို႔ပဲေအာင္ျမင္တာမ်ိဳးေျပာဆိုမိရင္ အလုပ္အေပၚတန္ဖိုးထားမႈ၊ေလးစားမႈကိုပိုပ်က္ျပားေစပါတယ္။ဝန္ထမ္းေတြကို ဘယ္အရာေတြကမွားေနပါတယ္လို႔ေထာက္ျပတတ္တယ္ဆိုရင္ဘယ္အရာေတြမွာေတာ့ေတာ္တယ္ဆိုတာကိုလည္း ေျပာႏိုင္ရမွာျဖစ္ပါတယ္။အေသးစိတ္ကအစလိုက္ၿပီးစီမံလြန္းတာကလည္း ဝန္ထမ္းေတြကိုစိတ္ပ်က္ေစပါတယ္။ကိစၥေသးေသးေလးေတြကအစ ကိုယ္ကဝင္ပါၿပီးဆုံးျဖတ္ေပးေနမယ္ဆိုရင္ဝန္ထမ္းေတြအေနနဲ႔စိတ္ဖိစီးလာမွာျဖစ္ပါတယ္။ ကိုယ့္ရဲ႕ကြၽမ္းက်င္မႈေတြကိုဝန္ထမ္းေတြအေပၚမွာပဲအခ်ိန္ကုန္ေနေစတာက ကိုယ့္ကိုပင္ပန္းေစသလိုအလုပ္လည္းမတြင္ေစပါဘူး။ဒီလိုအေသးစိတ္ကအစပါဝင္ဆုံးျဖတ္ျခင္းက ဝန္ထမ္းေတြရဲ႕ စြမ္းေဆာင္ရည္နဲ႔တီထြင္ဖန္တီးႏိုင္စြမ္းေတြကိုက်ဆင္းေစႏိုင္ပါတယ္။ သူတို႔ကိုမ်ားမ်ားဆုံးျဖတ္ပိုင္ခြင့္ေပးတာ၊အႀကံဉာဏ္ေတာင္းခံတာ၊ ရရွိလာတဲ့အႀကံဉာဏ္ေတြထဲကမွေကာင္းတာကိုယူသုံးတာမ်ိဳးေတြလုပ္သင့္ပါတယ္။

ဒါ့အျပင္ ကုမၸဏီအတြင္းလွ်ိဳ႕ဝွက္ခ်က္ေတြမ်ားလြန္းတာကလည္း ဝန္ထမ္းေတြရဲ႕အလုပ္အေပၚထားတဲ့စိတ္ခံစားခ်က္ကိုပ်က္စီးေစပါတယ္။ ကုမၸဏီရဲ႕ဘ႑ာေရးအေျခအေနေျပာင္းလဲမႈ ဒါမွမဟုတ္တျခားေသာလုပ္ငန္းေတြနဲ႔ပူးေပါင္းရမယ့္အေျခအေန စတာမ်ိဳးေတြျဖစ္ လာခဲ့ရင္ေတာ့ဝန္ထမ္းအားလုံးကိုပြင့္ပြင့္လင္းလင္းအသိေပးလိုက္တာပိုေကာင္းပါတယ္။ေကာလာဟလေတြနဲ႔ေနထိုင္ခိုင္းတာက သူတို႔ကိုတန္ဖိုးမထားသလိုျဖစ္ေစႏိုင္ပါတယ္။အလုပ္က ဘယ္လိုဦးတည္ခ်က္နဲ႔ေရွ႕ဆက္ေနလဲ၊အက်ိဳးအျမတ္ကိုဘယ္ကေနရရွိမွာလဲဆိုတာေတြကိုမသိရရင္ ဒါမွမဟုတ္ သူတို႔ရဲ႕ေမးခြန္းေတြကိုအခ်ိန္နဲ႔တစ္ေျပးညီမေျဖေပးႏိုင္ဘူးဆိုရင္ ကုမၸဏီအေပၚထားရွိတဲ့တန္ဖိုးထားမႈနဲ႔ေစတနာေတြလည္းပ်က္စီးေစႏိုင္တာမို႔အေပၚမွာေဖာ္ျပခဲ့တဲ့အခ်က္ေတြကိုေတာ့သတိထားျပင္ဆင္သင့္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*