မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေနဲ့စွပ်စွဲခံနေရတဲ့ Russell Brand

သရုပ်ဆောင်၊ဟာသပညာရှင်အဖြစ်နာမည်ရခဲ့ပြီး ပေါ့ပ်အဆိုတော် ကေတီပယ်ရီနဲ့လက်ထပ်ခဲ့ဖူးတဲ့ Russell Brand ဟာ လက်ရှိအချိန်မှာ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်စေမှုတွေနဲ့ စွပ်စွဲခံထားရပါတယ်။ ဒီကျူးလွန်မှုတွေဟာသူ့ရဲ့အအောင်မြင်ဆုံးကာလတွေဖြစ်တဲ့ ၇ နှစ်ကြာကာလအတွင်းမှာကျူးလွန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီပြစ်မှုတွေဟာ Sunday Times ၊ the Times နဲ့ Channel 4 Dispatches တို့ရဲ့ပူးပေါင်းစုံစမ်းမှုတွေကြောင့် ပေါ်ထွက်လာတာဖြစ်ပါတယ်။ သတင်းဖော်ပြချက်တွေအရ နစ်နာသူ ၅ ယောက်ရှိခဲ့ပြီး ၄ ယောက်ကတော့ အမည်မသိတွေဖြစ်ပါတယ်။

ဒီအထဲကအမျိုးသမီးတစ်ယောက်ရဲ့ပြောကြားချက်အရ Russell Brand၊ (၃၁)နှစ်အရွယ်မှာ သူမနဲ့ ၃ လကြာချစ်ကြိုက်ခဲ့ပြီး ထိုစဉ်ကသူမအသက် ၁၆ နှစ်၊ ကျောင်းသူအရွယ်ပဲရှိသေးတယ်လို့ဆိုပါတယ်။ချစ်သူတွေဖြစ်ခဲ့တဲ့ ၃ လအတွင်းမှာ Russell Brand ဟာ သူမကိုထိန်းချုပ်ခြယ်လှယ်ခဲ့ပြီးစိတ်ပိုင်းဆိုင်ရာကိုဆိုးဆိုးရွားရွားထိခိုက်စေခဲ့တယ်လို့ဖွင့်ဟထားပါတယ်။ ဒါအပြင်လိင်ဆက်ဆံဖို့အတင်းအ ကျပ်တိုက်တွန်းခံခဲ့ရတယ်လို့ ပြောထားတာဖြစ်ပါတယ်။ Russell Brand ဟာသူနဲ့အလုပ်အတူတူလုပ်တဲ့အမျိုးသမီးအပြင်တက်သစ်စအစီအစဉ်တင်ဆက်သူအမျိုးသမီးအပေါ်မှာလည်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ကြိုးပမ်းမှုူတွေရှိခဲ့တယ်လို့သိရပါတယ်။Russell Brand ကတော့ ဒီစွပ်စွဲချက်တွေအပေါ်ဝန်ခံတာမျိုးမရှိသေးပါဘူး။ သူဟာ Get Him to the Greek ၊ Despicable Me 1,2 ၊ Hop ၊ Trolls နဲ့ Arthur တို့မှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ကေတီပယ်ရီနဲ့ ၂၀၁၀ ခုနစ်ကနေ ၂၀၁၂ အထိပေါင်းသင်းခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

သ႐ုပ္ေဆာင္၊ဟာသပညာရွင္အျဖစ္နာမည္ရခဲ့ၿပီး ေပါ့ပ္အဆိုေတာ္ ေကတီပယ္ရီနဲ႔လက္ထပ္ခဲ့ဖူးတဲ့ Russell Brand ဟာ လက္ရွိအခ်ိန္မွာ မုဒိမ္းမႈ၊ လိင္ပိုင္းဆိုင္ရာက်ဴးလြန္မႈ၊စိတ္ပိုင္းဆိုင္ရာထိခိုက္နာက်င္ေစမႈေတြနဲ႔ စြပ္စြဲခံထားရပါတယ္။ ဒီက်ဴးလြန္မႈေတြဟာသူ႔ရဲ႕အေအာင္ျမင္ဆုံးကာလေတြျဖစ္တဲ့ ၇ ႏွစ္ၾကာကာလအတြင္းမွာက်ဴးလြန္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ဒီျပစ္မႈေတြဟာ Sunday Times ၊ the Times နဲ႔ Channel 4 Dispatches တို႔ရဲ႕ပူးေပါင္းစုံစမ္းမႈေတြေၾကာင့္ ေပၚထြက္လာတာျဖစ္ပါတယ္။ သတင္းေဖာ္ျပခ်က္ေတြအရ နစ္နာသူ ၅ ေယာက္ရွိခဲ့ၿပီး ၄ ေယာက္ကေတာ့ အမည္မသိေတြျဖစ္ပါတယ္။

ဒီအထဲကအမ်ိဳးသမီးတစ္ေယာက္ရဲ႕ေျပာၾကားခ်က္အရ Russell Brand၊ (၃၁)ႏွစ္အ႐ြယ္မွာ သူမနဲ႔ ၃ လၾကာခ်စ္ႀကိဳက္ခဲ့ၿပီး ထိုစဥ္ကသူမအသက္ ၁၆ ႏွစ္၊ ေက်ာင္းသူအ႐ြယ္ပဲရွိေသးတယ္လို႔ဆိုပါတယ္။ခ်စ္သူေတြျဖစ္ခဲ့တဲ့ ၃ လအတြင္းမွာ Russell Brand ဟာ သူမကိုထိန္းခ်ဳပ္ျခယ္လွယ္ခဲ့ၿပီးစိတ္ပိုင္းဆိုင္ရာကိုဆိုးဆိုး႐ြား႐ြားထိခိုက္ေစခဲ့တယ္လို႔ဖြင့္ဟထားပါတယ္။ ဒါအျပင္လိင္ဆက္ဆံဖို႔အတင္းအ က်ပ္တိုက္တြန္းခံခဲ့ရတယ္လို႔ ေျပာထားတာျဖစ္ပါတယ္။ Russell Brand ဟာသူနဲ႔အလုပ္အတူတူလုပ္တဲ့အမ်ိဳးသမီးအျပင္တက္သစ္စအစီအစဥ္တင္ဆက္သူအမ်ိဳးသမီးအေပၚမွာလည္း လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္ဖို႔ႀကိဳးပမ္းမႈူေတြရွိခဲ့တယ္လို႔သိရပါတယ္။Russell Brand ကေတာ့ ဒီစြပ္စြဲခ်က္ေတြအေပၚဝန္ခံတာမ်ိဳးမရွိေသးပါဘူး။ သူဟာ Get Him to the Greek ၊ Despicable Me 1,2 ၊ Hop ၊ Trolls နဲ႔ Arthur တို႔မွာပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ေကတီပယ္ရီနဲ႔ ၂၀၁၀ ခုနစ္ကေန ၂၀၁၂ အထိေပါင္းသင္းခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*