The Return of Superman ထဲက ဆာရန်းလေး Model Academy တက်နေပြီ

၂၀၁၃ ခုနစ်တည်းက The Return of Superman မှာပါဝင်ခဲ့ပြီး ကမ္ဘာအနှံ့ကပရိသတ်တွေအချစ်ပိုခဲ့ရတဲ့Choo Sarang လို့ခေါ်တဲ့ကောင်မလေးဟာ အခုဆိုရင်တော့အသက် ၁၁ နှစ်ရှိပြီဖြစ်ပါတယ်။သူမရဲ့ဖခင်ဟာ ကိုရီးယားလူမျိုး MMA Fighter Choo Sung Hoon ဖြစ်ပြီး အမေကတော့ဂျပန်လူမျိုးမော်ဒယ်လ်နဲ့ Influencer ဖြစ်တဲ့ Yano Shiho ဖြစ်ပါတယ်။ ဆာရန်းအသက် ၁ နှစ်အရွယ်မှာတည်းက
The Return of Superman အစီအစဉ်မှာပါဝင်ခဲ့ပြီး နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ Choo Sarang ဟာ Model Academy မှာ ၃ ပတ်ကြာလေ့ကျင့်မှုတွေစတင်ပြုလုပ်နေပြီလို့ သူမရဲ့ဖခင်က Boss in the Mirror အစီအစဉ်မှာပြောပြခဲ့ပါတယ်။ Boss in the Mirror ရဲ့စက်တင်ဘာလ ၁၇ရက်နေ့မှာထုတ်လွှင့်မယ့်အပိုင်းသစ်ထဲမှာ ဆာရန်းရဲ့ Model Academy ကိုသွားရောက်လည်ပတ်တဲ့အကြောင်းပါဝင်မှာဖြစ်ပါတယ်။ Choo Sarang ဟာ အသက် ၆ နှစ်အရွယ်မှကတည်းက ပြင်သစ် Fashion Show တစ်ခုမှာရှိုးလျှောက်ခဲ့ဖူးတဲ့အတွေ့အကြုံရှိသူလေးဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*