လစာညှိနှိုင်းချိန်မှာ မပြောသင့်သောစကား ၅ ခွန်း

ကျွန်မတို့အနေနဲ့ လစာညှိနှိုင်းချိန်မှာ ဘာတွေပြောရမယ်၊ ဘာတော့မပြောသင့်ဘူးဆိုတာတွေကကျောင်းကသင်ပေးလိုက်တာမျိုးတော့မဟုတ်ပါဘူး။ ဒါတွေကအလုပ်တွေလုပ်ရင်းသိလာရတဲ့ဘဝအတွေ့အကြုံလို့ဆိုနိုင်ပါတယ်။ လစာတောင်းချိန်၊ လစာညှိနှိုင်းချိန်မှာဒီအဆင့်တွေအတိုင်လုပ်ဆောင်ပါဆိုတဲ့ သေချာတဲ့ပြဌာန်းချက်တွေမရှိပေမယ့်အတွေ့အကြုံရှိသူတွေရဲ့မျှဝေချက်တွေကိုတော့ မှတ် သားလိုက်နာနိုင်ပါတယ်။ ဒါကြောင့်လည်းကိုယ်တိုင်တွေးခေါ်ဆုံးဖြတ်ပြီး ယူသင့်တဲ့အချက်ကိုယူနိုင်စေဖို့လစာညှိနှိုင်းတဲ့အချိန်မှာမပြောသင့်တဲ့စကား ၅ ခွန်းကိုမျှဝေပေးလိုက်ပါတယ်။

တစ်ခါတည်းပြောရုံနဲ့လက်ခံမိခြင်း
ကုမ္ပဏီဘက်က လစာကိုဒီလောက်ပါလို့ပြောတာနဲ့ ကိုယ်က “ဟုတ်ကဲ့၊လက်ခံပါတယ်”ဆိုတာမျိုးတော်တော်များများကလုပ်မိတတ်ကြပါတယ်။ တကယ်တော့လစာပမာဏကိုပြောတဲ့အခါကုမ္ပဏီဘက်က ထပ်တိုးပေးနိုင်သေးတဲ့ပမာဏကိုချန်ထားပြီး အနည်းဆုံးပမာဏနဲ့စတင်စကားပြောကြတာများပါတယ်။ သူတို့ဘက်ကစတင်ကမ်းလှမ်းတဲ့နှုန်းထားဟာအပြီးသတ်ညှိနှိုင်းမှုမဟုတ်သေးပါဘူး။ ဒါကြောင့်လစာသတ်မှတ်တဲ့အခါတစ်ကြိမ်တည်းပြောရုံနဲ့လက်မခံဘဲ မေးခွန်းတွေထပ်မေးပြီးညှိနှိုင်းကြည့်သင့်ပါတယ်နော်။

ကိုယ်ရေးကိုယ်တာကိစ္စများပြောပြီးတောင်းခံခြင်း
တချို့တွေက လစာတိုးခိုင်းချိန်မှာ “ကျွန်တော်က အိမ်လခရော ရေဖိုးမီးဖိုးရောပေးနေရလို့ပါ”၊“ကျွန်တော့်အမျိုးသမီးကမီးဖွားတော့မှာမို့ပါ” “ဒီ့ထက်ပိုကောင်းတဲ့နေရာလေးပြောင်းချင်လို့ပါ”ဆိုတာမျိုး ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေကိုပြောပြီး လစာတိုးတောင်းတတ်ကြပါတယ်။တကယ်ကဒီလိုအကြောင်းပြချက်တွေကိုသေချာစဉ်းစားကြည့်ရင် ကိုယ့်ဘဝကြီးအဆင်ပြေပျော်ရွှင်ဖို့ကုမ္ပဏီဘက်က မဖြစ်မနေတာဝန်ယူစရာမလိုပါဘူး။ ဒါကြောင့် လစာကိစ္စပြောမယ်ဆိုရင်ကုမ္ပဏီအတွက်ကိုယ်ဘာတွေကြိုးစားခဲ့တယ်၊ လက်ရှိတာဝန်ထက်ပိုကြီးလေးတဲ့တာဝန်တွေကိုဘယ်လိုလုပ်ဆောင်နေရတယ်၊ ဒါကြောင့်ထိုက်တန်တဲ့လစာရချင်ပါတယ်ဆိုတဲ့အကြောင်းအရာတွေကိုပဲပြောဆိုသင့်ပါတယ်။ ဒီလိုပြောဆိုတာကလစာတိုးဖို့ရာခိုင်နှုန်းပိုများပါတယ်။

သူများနဲ့နှိုင်းယှဉ်တောင်းခံခြင်း
လစာအတွက်စကားပြောတဲ့အချိန်မှာ “မယ်ရီကတော့ ၄ သိန်းရတယ်နော်၊ သူကအလုပ်ကျကျွန်မလောက်မလုပ်ရဘူး၊ ပြီးရင်ဂိမ်းခိုးဆော့နေသေးတယ်” ဆိုတာမျိုးတွေမပြောသင့်ပါဘူး။ဒီလိုလုပ်ဖော်ကိုင်ဖက်ကိုမကောင်းပြောပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်တာက သင့်ကို Smart မဖြစ်စေပါဘူးနော်။ဒါကြောင့်အပေါ်မှာပြောခဲ့သလို အလုပ်အတွက်ကိုယ်ကြိုးစားခဲ့တာတွေကိုပဲအလေးပေးပြောဆိုရပါမယ်။

အားနာမိသလိုပြောခြင်း
“ဒီအချိန်ကလစာတိုးမတောင်းသင့်မှန်းသိပါတယ်… ဒါပေမဲ့” ဆိုတာမျိုး၊ “သူဌေးမှာဘတ်ဂျက်နည်းနေတာသိပါတယ်… ဒါပေမဲ့” ဆိုတဲ့အပြောတွေက တကယ်တော့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းရာကျပါတယ်။ ကိုယ်က ကိုယ်လုပ်ခဲ့ရတဲ့တာဝန်တွေ၊မှန်မှန်ကန်ကန်လုပ်ပေးခဲ့တာတွေ၊ ရခဲ့တဲ့ရလဒ်တွေ စတဲ့ စတဲ့ အချက်အလက်တွေကိုကိုင်ပြီးတော့လစာတိုးတောင်းရမှာဖြစ်ပါတယ်။ သူဌေးနဲ့ HR တွေက ဝန်ထမ်းကောင်းတစ်ယောက်ကိုဘယ်လိုကိုင်တွယ်ထိန်းသိမ်းရမလဲဆိုတာနားလည်ပြီးသားပါ။

No တစ်ခွန်းတည်းပြောပြီးငြင်းဆန်ခြင်း
အလုပ်ရှင်နဲ့လစာညှိနှိုင်းချိန်မှာ သူပြောတဲ့ပမာဏဟာ ကိုယ်ခန့်မှန်းထားတာထက်နည်းနေတယ်ဆိုရင်“ဟင့်အင်း၊ မလုပ်နိုင်ဘူး” လို့တစ်ခွန်းတည်းပြောတာကရိုင်းရာကျပါတယ်နော်။ လစာညှိနှိုင်းခြင်းဟာသိမ်မွေ့ပြီး ပိုက်ဆံတစ်ခုတည်းကိုကြည့်လို့မရပါဘူး။ အလုပ်ရှင်က လစာ ၁၀ သိန်းပဲပေးပေမယ့်အားလပ်ရက်ခရီးလိုက်ပို့တာ၊ ပါတီလုပ်ပေးတာမျိုးတွေရှိနိုင်သလို လစာ ၁၅ သိန်းပေးပြီးတခြားသောခံစားခွင့်တွေမရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ငွေကြေးပမာဏကိုတိုးခိုင်းလို့မရရင်တခြားခံစားခွင့်တွေရစေဖို့ညှိနှိုင်းတောင်းဆိုသင့်ပါတယ်နော်။အားလုံးပဲ ကိုယ့်ကြိုးစားမှုနဲ့ထိုက်တန်တဲ့လစာတွေရပြီးပျော်ရွှင်နိုင်ကြပါစေ။

Ju Ju

zawgyi

ကြၽန္မတို႔အေနနဲ႔ လစာညႇိႏႈိင္းခ်ိန္မွာ ဘာေတြေျပာရမယ္၊ ဘာေတာ့မေျပာသင့္ဘူးဆိုတာေတြကေက်ာင္းကသင္ေပးလိုက္တာမ်ိဳးေတာ့မဟုတ္ပါဘူး။ ဒါေတြကအလုပ္ေတြလုပ္ရင္းသိလာရတဲ့ဘဝအေတြ႕အႀကဳံလို႔ဆိုႏိုင္ပါတယ္။ လစာေတာင္းခ်ိန္၊ လစာညႇိႏႈိင္းခ်ိန္မွာဒီအဆင့္ေတြအတိုင္လုပ္ေဆာင္ပါဆိုတဲ့ ေသခ်ာတဲ့ျပဌာန္းခ်က္ေတြမရွိေပမယ့္အေတြ႕အႀကဳံရွိသူေတြရဲ႕မွ်ေဝခ်က္ေတြကိုေတာ့ မွတ္ သားလိုက္နာႏိုင္ပါတယ္။ ဒါေၾကာင့္လည္းကိုယ္တိုင္ေတြးေခၚဆုံးျဖတ္ၿပီး ယူသင့္တဲ့အခ်က္ကိုယူႏိုင္ေစဖို႔လစာညႇိႏႈိင္းတဲ့အခ်ိန္မွာမေျပာသင့္တဲ့စကား ၅ ခြန္းကိုမွ်ေဝေပးလိုက္ပါတယ္။

တစ္ခါတည္းေျပာ႐ုံနဲ႔လက္ခံမိျခင္း
ကုမၸဏီဘက္က လစာကိုဒီေလာက္ပါလို႔ေျပာတာနဲ႔ ကိုယ္က “ဟုတ္ကဲ့၊လက္ခံပါတယ္”ဆိုတာမ်ိဳးေတာ္ေတာ္မ်ားမ်ားကလုပ္မိတတ္ၾကပါတယ္။ တကယ္ေတာ့လစာပမာဏကိုေျပာတဲ့အခါကုမၸဏီဘက္က ထပ္တိုးေပးႏိုင္ေသးတဲ့ပမာဏကိုခ်န္ထားၿပီး အနည္းဆုံးပမာဏနဲ႔စတင္စကားေျပာၾကတာမ်ားပါတယ္။ သူတို႔ဘက္ကစတင္ကမ္းလွမ္းတဲ့ႏႈန္းထားဟာအၿပီးသတ္ညႇိႏႈိင္းမႈမဟုတ္ေသးပါဘူး။ ဒါေၾကာင့္လစာသတ္မွတ္တဲ့အခါတစ္ႀကိမ္တည္းေျပာ႐ုံနဲ႔လက္မခံဘဲ ေမးခြန္းေတြထပ္ေမးၿပီးညႇိႏႈိင္းၾကည့္သင့္ပါတယ္ေနာ္။

ကိုယ္ေရးကိုယ္တာကိစၥမ်ားေျပာၿပီးေတာင္းခံျခင္း
တခ်ိဳ႕ေတြက လစာတိုးခိုင္းခ်ိန္မွာ “ကြၽန္ေတာ္က အိမ္လခေရာ ေရဖိုးမီးဖိုးေရာေပးေနရလို႔ပါ”၊“ကြၽန္ေတာ့္အမ်ိဳးသမီးကမီးဖြားေတာ့မွာမို႔ပါ” “ဒီ့ထက္ပိုေကာင္းတဲ့ေနရာေလးေျပာင္းခ်င္လို႔ပါ”ဆိုတာမ်ိဳး ကိုယ္ေရးကိုယ္တာအေၾကာင္းအရာေတြကိုေျပာၿပီး လစာတိုးေတာင္းတတ္ၾကပါတယ္။တကယ္ကဒီလိုအေၾကာင္းျပခ်က္ေတြကိုေသခ်ာစဥ္းစားၾကည့္ရင္ ကိုယ့္ဘဝႀကီးအဆင္ေျပေပ်ာ္႐ႊင္ဖို႔ကုမၸဏီဘက္က မျဖစ္မေနတာဝန္ယူစရာမလိုပါဘူး။ ဒါေၾကာင့္ လစာကိစၥေျပာမယ္ဆိုရင္ကုမၸဏီအတြက္ကိုယ္ဘာေတြႀကိဳးစားခဲ့တယ္၊ လက္ရွိတာဝန္ထက္ပိုႀကီးေလးတဲ့တာဝန္ေတြကိုဘယ္လိုလုပ္ေဆာင္ေနရတယ္၊ ဒါေၾကာင့္ထိုက္တန္တဲ့လစာရခ်င္ပါတယ္ဆိုတဲ့အေၾကာင္းအရာေတြကိုပဲေျပာဆိုသင့္ပါတယ္။ ဒီလိုေျပာဆိုတာကလစာတိုးဖို႔ရာခိုင္ႏႈန္းပိုမ်ားပါတယ္။

သူမ်ားနဲ႔ႏႈိင္းယွဥ္ေတာင္းခံျခင္း
လစာအတြက္စကားေျပာတဲ့အခ်ိန္မွာ “မယ္ရီကေတာ့ ၄ သိန္းရတယ္ေနာ္၊ သူကအလုပ္က်ကြၽန္မေလာက္မလုပ္ရဘူး၊ ၿပီးရင္ဂိမ္းခိုးေဆာ့ေနေသးတယ္” ဆိုတာမ်ိဳးေတြမေျပာသင့္ပါဘူး။ဒီလိုလုပ္ေဖာ္ကိုင္ဖက္ကိုမေကာင္းေျပာၿပီး ကိုယ့္ဂုဏ္ကိုယ္ေဖာ္တာက သင့္ကို Smart မျဖစ္ေစပါဘူးေနာ္။ဒါေၾကာင့္အေပၚမွာေျပာခဲ့သလို အလုပ္အတြက္ကိုယ္ႀကိဳးစားခဲ့တာေတြကိုပဲအေလးေပးေျပာဆိုရပါမယ္။

အားနာမိသလိုေျပာျခင္း
“ဒီအခ်ိန္ကလစာတိုးမေတာင္းသင့္မွန္းသိပါတယ္… ဒါေပမဲ့” ဆိုတာမ်ိဳး၊ “သူေဌးမွာဘတ္ဂ်က္နည္းေနတာသိပါတယ္… ဒါေပမဲ့” ဆိုတဲ့အေျပာေတြက တကယ္ေတာ့ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈနည္းရာက်ပါတယ္။ ကိုယ္က ကိုယ္လုပ္ခဲ့ရတဲ့တာဝန္ေတြ၊မွန္မွန္ကန္ကန္လုပ္ေပးခဲ့တာေတြ၊ ရခဲ့တဲ့ရလဒ္ေတြ စတဲ့ စတဲ့ အခ်က္အလက္ေတြကိုကိုင္ၿပီးေတာ့လစာတိုးေတာင္းရမွာျဖစ္ပါတယ္။ သူေဌးနဲ႔ HR ေတြက ဝန္ထမ္းေကာင္းတစ္ေယာက္ကိုဘယ္လိုကိုင္တြယ္ထိန္းသိမ္းရမလဲဆိုတာနားလည္ၿပီးသားပါ။

No တစ္ခြန္းတည္းေျပာၿပီးျငင္းဆန္ျခင္း
အလုပ္ရွင္နဲ႔လစာညႇိႏႈိင္းခ်ိန္မွာ သူေျပာတဲ့ပမာဏဟာ ကိုယ္ခန႔္မွန္းထားတာထက္နည္းေနတယ္ဆိုရင္“ဟင့္အင္း၊ မလုပ္ႏိုင္ဘူး” လို႔တစ္ခြန္းတည္းေျပာတာက႐ိုင္းရာက်ပါတယ္ေနာ္။ လစာညႇိႏႈိင္းျခင္းဟာသိမ္ေမြ႕ၿပီး ပိုက္ဆံတစ္ခုတည္းကိုၾကည့္လို႔မရပါဘူး။ အလုပ္ရွင္က လစာ ၁၀ သိန္းပဲေပးေပမယ့္အားလပ္ရက္ခရီးလိုက္ပို႔တာ၊ ပါတီလုပ္ေပးတာမ်ိဳးေတြရွိႏိုင္သလို လစာ ၁၅ သိန္းေပးၿပီးတျခားေသာခံစားခြင့္ေတြမရတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။ဒါေၾကာင့္ေငြေၾကးပမာဏကိုတိုးခိုင္းလို႔မရရင္တျခားခံစားခြင့္ေတြရေစဖို႔ညႇိႏႈိင္းေတာင္းဆိုသင့္ပါတယ္ေနာ္။အားလုံးပဲ ကိုယ့္ႀကိဳးစားမႈနဲ႔ထိုက္တန္တဲ့လစာေတြရၿပီးေပ်ာ္႐ႊင္ႏိုင္ၾကပါေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*