နိုဝင်ဘာလထဲမှာ ပရိသတ်ရှေ့ပြန်လည်ရောက်ရှိလာတော့မယ့် Red Velvet

လူငယ်ပရိသတ်တွေကြားရေပန်းစားတဲ့ Red Velvet အဖွဲ့ဟာ လာမယ့်နိုဝင်ဘာလထဲမှာတေးအယ်လ်ဘမ်တစ်ချပ်နဲ့အတူပရိသတ်ရှေ့ ပြန်လည်ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။သူတို့ရဲ့တေးအယ်လ်ဘမ်အသစ်ဟာ Full Album ဖြစ်ပြီး သူတို့အဖွဲ့ရဲ့သုံးခုမြောက်တေးအယ်လ်ဘမ်လည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနစ်ကထုတ်ဝေခဲ့တဲ့ဒုတိယတေးအယ်လ်ဘမ် Perfect Velvet ထွက်ရှိပြီး ၆ နှစ်အကြာမှထွက်ရှိလာတာလည်းဖြစ်ပါတယ်။ Red Velvet အဖွဲ့ဝင်တွေအဖြစ် Irene ၊ Seulgi ၊ Wendy ၊ Joy နဲ့ Yeri တို့ပါဝင်ကြပြီး အေဂျင်စီကတော့ SM Entertainment ဖြစ်ပါတယ်။သူတို့ရဲ့ Red Flavor ၊ Dumb Dumb နဲ့ Russian Roulette သီချင်းတွေကပရိသတ်တွေကြားရေပန်းစားတဲ့နာမည်ကြီးသီချင်းတွေဖြစ်ပါတယ်။ဒီနှစ်ထဲမှာ တချို့သောအဖွဲ့ဝင်တွေရဲ့ကျန်းမာရေးအခြေအနေတွေကြောင့်ရှိုးတွေကိုရွှေ့ဆိုင်းရတာမျိုးရှိခဲ့ပါတယ်။ အခုထွက်ရှိမယ့်တတိယမြောက်တေးအယ်လ်ဘမ်မှာတော့အားလုံးကို လန်းဆန်းကျန်းမာစွာနဲ့မြင်တွေ့ရဖို့ရှိနေပါတယ်။

Ju Ju

zawgyi


Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*