Barbie ရုပ်ရှင်ကို အိမ်ကနေကြည့်နိုင်ပြီ

ရုံတင်ပြသချိန်မှာအောင်မြင်မှုများစွာရရှိခဲ့တဲ့ Barbie ရုပ်ရှင်ကို အခုချိန်မှာတော့အိမ်ကနေကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။စုစုပေါင်းအမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံအထိအမြတ်အစွန်းရရှိခဲ့တဲ့ Barbie ရုပ်ရှင်ဟာယခုနှစ်အတွင်း Hot အဖြစ်ဆုံးဇာတ်ကားတစ်ကားလည်းဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ Barbie ရုပ်ရှင်ကားထဲကဇာတ်ဝင်တေးတွေဟာလည်း နာမည်ကြီးသထက်ကြီးနေဆဲပါ။စက်တင်ဘာ ၁၂ ရက်နေ့ကစပြီး Barbie ရုပ်ရှင်ကို Prime Video မှာစတင်ကြည့်ရှုနိုင်ပြီလို့သိရပါတယ်။Barbie ကိုမကြည့်ရသေးသူတွေ၊ ထပ်ခါထပ်ခါကြည့်ချင်သူတွေအတွက် Prime Video ကနေစိတ်ကြိုက်ကြည့်ရှုနိုင်ပြီပဲဖြစ်ပါတယ်။ Prime Video Page မှာ Barbie ရုပ်ရှင်ကားကိုသာမက
ရုပ်ရှင်ထဲကဇာတ်ကောင်တွေရဲ့ မှတ်သားစရာပြောစကားတွေ၊ပိတ်ကားနောက်ကွယ်ကရိုက်ကွင်းဗီဒီယိုအတိုလေးတွေကိုပါကြည့်ရှုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။အခုလို Stream လိုက်ပြီဆိုပေမယ့် Barbie ရုပ်ရှင်ကားကို နိုင်ငံတကာကရုပ်ရှင်ရုံတွေမှာရုံတင်ပြသနေဆဲပဲဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*