ထိုင်းမီဒီယာတွေကဖော်ပြကြတဲ့ကျောက်ဖရားမြစ်ပေါ်က Lisa နဲ့ Frederic Arnault တို့အကြောင်း

ဒီတစ်ပတ်အစောပိုင်းမှာ Lisa (Black Pink) နဲ့ သူမရဲ့ချစ်သူလို့သတင်းထွက်နေတဲ့ Frederic Arnault တို့ဟာထိုင်းနိုင်ငံကိုအတူရောက်ရှိနေတယ်လို့ ထိုင်းမီဒီယာတွေကဖော်ပြကြပါတယ်။ Lisa ရဲ့ အိမ်အပြန်ခရီးကို Frederic Arnault ကအတူလိုက်ပါလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၀ ရက်နေ့က Lisa နဲ့ Frederic Arnault တို့ဟာကျောက်ဖရားမြစ်ပေါ်မှာလှေစီးအပန်းဖြေနေတာတွေ့ရတယ်လို့ဆိုကြပါတယ်။ သူတို့နဲ့အတူ Lisa ရဲ့မိဘတွေလည်းအတူလိုက်ပါလာတာတွေ့မြင်ရတယ်လို့ သတင်းတွေကဖော်ပြပါတယ်။

Frederic Arnault အနေနဲ့ Siam Paragon မှာဖွင့်မယ့် TAG Heuer ဆိုင်ဖွင့်ပွဲကိုတက်ရောက်ဖို့လည်းရှိနေပါတယ်။ Frederic Arnault ဟာ နာမည်ကြီး ပြင်သစ် Luxury Brand လုပ်ငန်းစုရဲ့CEO ဖြစ်သူ Bernard Arnault ရဲ့ တတိယမြောက်သားဖြစ်ပါတယ်။

Ju Ju

zawgyi

ဒီတစ္ပတ္အေစာပိုင္းမွာ Lisa (Black Pink) နဲ႔ သူမရဲ႕ခ်စ္သူလို႔သတင္းထြက္ေနတဲ့ Frederic Arnault တို႔ဟာထိုင္းႏိုင္ငံကိုအတူေရာက္ရွိေနတယ္လို႔ ထိုင္းမီဒီယာေတြကေဖာ္ျပၾကပါတယ္။ Lisa ရဲ႕ အိမ္အျပန္ခရီးကို Frederic Arnault ကအတူလိုက္ပါလာတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့စက္တင္ဘာလ ၁၀ ရက္ေန႔က Lisa နဲ႔ Frederic Arnault တို႔ဟာေက်ာက္ဖရားျမစ္ေပၚမွာေလွစီးအပန္းေျဖေနတာေတြ႕ရတယ္လို႔ဆိုၾကပါတယ္။ သူတို႔နဲ႔အတူ Lisa ရဲ႕မိဘေတြလည္းအတူလိုက္ပါလာတာေတြ႕ျမင္ရတယ္လို႔ သတင္းေတြကေဖာ္ျပပါတယ္။

Frederic Arnault အေနနဲ႔ Siam Paragon မွာဖြင့္မယ့္ TAG Heuer ဆိုင္ဖြင့္ပြဲကိုတက္ေရာက္ဖို႔လည္းရွိေနပါတယ္။ Frederic Arnault ဟာ နာမည္ႀကီး ျပင္သစ္ Luxury Brand လုပ္ငန္းစုရဲ႕CEO ျဖစ္သူ Bernard Arnault ရဲ႕ တတိယေျမာက္သားျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*