ဘဝသစ် စတင်နိုင်မယ့် ရာသီခွင် (၃) ခု

၂၀၂၆ ခုနှစ် မေလ ၇ ရက်နေ့မှာ ကျရောက်မယ့် ပြိဿရာသီဖွား နေမင်းနဲ့ မကာရရာသီဖွား လမင်းတို့ရဲ့ အားကောင်းတဲ့ ထောင့်မှန်အနားသတ် (Trine) အနေအထားကြောင့် ရာသီဖွား ၃ ခုအတွက် ဘဝသစ်စတင်နိုင်မယ့် အခွင့်အရေးတွေ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီစွမ်းအင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့စေတဲ့ စိုးရိမ်စိတ်တွေကို ဖယ်ရှားပေးပြီး ဘဝကို ကိုယ်တိုင် ဦးဆောင်နိုင်ဖို့ ခွန်အားပေးမှာပါ။

Taurus

သင်ဟာ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ထူးချွန်သူတစ်ယောက်လို့ ခံစားရလေ့ရှိပေမယ့် တစ်ခါတလေ တစ်စုံတစ်ယောက်ရဲ့ ဝေဖန်စကားကြောင့် စိတ်ဓာတ်ကျပြီး လူအများကြားထဲ မထွက်ရဲဘဲ ဖြစ်တတ်ပါတယ်။ဒီကာလမှာ ပြောင်းလဲလာမယ့်အချက်များကတော့တခြားသူတွေရဲ့ စကားဟာ သင်ထင်သလောက် အရေးမကြီးကြောင်း နားလည်သွားပါလိမ့်မယ်။သူတစ်ပါးရဲ့ အမြင်တွေက သင့်တန်ဖိုးကို မသတ်မှတ်နိုင်တော့ဘူးဆိုတာ သဘောပေါက်သွားတဲ့အတွက် ပိုပြီး စွမ်းအားရှိတဲ့ အောင်မြင်မှု လမ်းကြောင်းပေါ် တက်လှမ်းနိုင်တော့မှာပါ။

Leo

ယုံကြည်မှုအပြည့်ရှိတဲ့ သိဟ်ရာသီဖွားတွေအတွက် ကိုယ့်ကိုယ်ကိုယ် သံသယဝင်ရတဲ့ အခြေအနေမျိုးဟာ လက်ခံရ ခက်ခဲတတ်ပါတယ်။ အဲ့ဒီလို စိုးရိမ်စိတ်ဝင်လာရင် သင်ဟာ ပုံမှန်ထက် ပိုပြီး ဟန်ဆောင်ကောင်းအောင် ကြိုးစားမိတတ်ပါတယ်။ ပြောင်းလဲလာမယ့်အချက်များကတော့ သင်ဟာ လူသားတစ်ယောက်ဖြစ်တဲ့အ တွက် အမြဲတမ်း ပြီးပြည့်စုံနေစရာ မလိုဘူးဆိုတာကို လက်ခံနိုင်သွားပါမယ်။”ငါ အမြဲတမ်း စူပါဟီးရိုး ဖြစ်နေစရာ မလိုဘူး” ဆိုတဲ့ အသိက သင့်ကို စိတ်သက်သာရာ ရစေပြီး ပိုမိုစစ်မှန်တဲ့ ယုံကြည်မှုအသစ်ကို ပေးပါလိမ့်မယ်။

Capricorn

လမင်းဟာ သင့်ရာသီခွင်ထဲမှာ ရောက်ရှိနေတဲ့အတွက် စိတ်ဓာတ်ခိုင်မာမှုနဲ့ စည်းကမ်းရှိမှုကို အပြည့်အဝ ရရှိနေမှာပါ။ သင်လုပ်နိုင်တာတွေကိုပဲ အာရုံစိုက်ပြီး မလုပ်နိုင်တာတွေကို တွေးပူနေတာမျိုး ရပ်တန့်ရပါမယ်။ ပြောင်းလဲလာမယ့်အချက်များကတော့ စိတ်ဓာတ်ကျနေတာမျိုးကို လုံးဝလက်မခံတော့ဘဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် သင့်ဘဝရဲ့ အထွတ်အထိပ်ကာလသစ်ကို စတင်နိုင်ပါလိမ့်မယ်။သင်လိုချင်တဲ့ ထူးချွန်မှုနဲ့ အောင်မြင်မှုကို လက်တွေ့ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ဒီဂြိုဟ်အနေအထားက သင့်ကို အတိတ်က အကြောက်တရားတွေကနေ ရုန်းထွက်ပြီး ခေါင်းဆောင်ကောင်းတစ်ယောက်လို ရှေ့ဆက်ဖို့ တွန်းအားပေးနေတာပဲ ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

၂၀၂၆ ခုႏွစ္ ေမလ ၇ ရက္ေန႔မွာ က်ေရာက္မယ့္ ၿပိႆရာသီဖြား ေနမင္းနဲ႔ မကာရရာသီဖြား လမင္းတို႔ရဲ႕ အားေကာင္းတဲ့ ေထာင့္မွန္အနားသတ္ (Trine) အေနအထားေၾကာင့္ ရာသီဖြား ၃ ခုအတြက္ ဘဝသစ္စတင္ႏိုင္မယ့္ အခြင့္အေရးေတြ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ဒီစြမ္းအင္က ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ ကင္းမဲ့ေစတဲ့ စိုးရိမ္စိတ္ေတြကို ဖယ္ရွားေပးၿပီး ဘဝကို ကိုယ္တိုင္ ဦးေဆာင္ႏိုင္ဖို႔ ခြန္အားေပးမွာပါ။

Taurus

သင္ဟာ အၿမဲတမ္း ကိုယ့္ကိုယ္ကိုယ္ ထူးခြၽန္သူတစ္ေယာက္လို႔ ခံစားရေလ့ရွိေပမယ့္ တစ္ခါတေလ တစ္စုံတစ္ေယာက္ရဲ႕ ေဝဖန္စကားေၾကာင့္ စိတ္ဓာတ္က်ၿပီး လူအမ်ားၾကားထဲ မထြက္ရဲဘဲ ျဖစ္တတ္ပါတယ္။ဒီကာလမွာ ေျပာင္းလဲလာမယ့္အခ်က္မ်ားကေတာ့တျခားသူေတြရဲ႕ စကားဟာ သင္ထင္သေလာက္ အေရးမႀကီးေၾကာင္း နားလည္သြားပါလိမ့္မယ္။သူတစ္ပါးရဲ႕ အျမင္ေတြက သင့္တန္ဖိုးကို မသတ္မွတ္ႏိုင္ေတာ့ဘူးဆိုတာ သေဘာေပါက္သြားတဲ့အတြက္ ပိုၿပီး စြမ္းအားရွိတဲ့ ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚ တက္လွမ္းႏိုင္ေတာ့မွာပါ။

Leo

ယုံၾကည္မႈအျပည့္ရွိတဲ့ သိဟ္ရာသီဖြားေတြအတြက္ ကိုယ့္ကိုယ္ကိုယ္ သံသယဝင္ရတဲ့ အေျခအေနမ်ိဳးဟာ လက္ခံရ ခက္ခဲတတ္ပါတယ္။ အဲ့ဒီလို စိုးရိမ္စိတ္ဝင္လာရင္ သင္ဟာ ပုံမွန္ထက္ ပိုၿပီး ဟန္ေဆာင္ေကာင္းေအာင္ ႀကိဳးစားမိတတ္ပါတယ္။ ေျပာင္းလဲလာမယ့္အခ်က္မ်ားကေတာ့ သင္ဟာ လူသားတစ္ေယာက္ျဖစ္တဲ့အ တြက္ အၿမဲတမ္း ၿပီးျပည့္စုံေနစရာ မလိုဘူးဆိုတာကို လက္ခံႏိုင္သြားပါမယ္။”ငါ အၿမဲတမ္း စူပါဟီး႐ိုး ျဖစ္ေနစရာ မလိုဘူး” ဆိုတဲ့ အသိက သင့္ကို စိတ္သက္သာရာ ရေစၿပီး ပိုမိုစစ္မွန္တဲ့ ယုံၾကည္မႈအသစ္ကို ေပးပါလိမ့္မယ္။

Capricorn

လမင္းဟာ သင့္ရာသီခြင္ထဲမွာ ေရာက္ရွိေနတဲ့အတြက္ စိတ္ဓာတ္ခိုင္မာမႈနဲ႔ စည္းကမ္းရွိမႈကို အျပည့္အဝ ရရွိေနမွာပါ။ သင္လုပ္ႏိုင္တာေတြကိုပဲ အာ႐ုံစိုက္ၿပီး မလုပ္ႏိုင္တာေတြကို ေတြးပူေနတာမ်ိဳး ရပ္တန႔္ရပါမယ္။ ေျပာင္းလဲလာမယ့္အခ်က္မ်ားကေတာ့ စိတ္ဓာတ္က်ေနတာမ်ိဳးကို လုံးဝလက္မခံေတာ့ဘဲ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားဖို႔ ဆုံးျဖတ္လိုက္တဲ့အတြက္ သင့္ဘဝရဲ႕ အထြတ္အထိပ္ကာလသစ္ကို စတင္ႏိုင္ပါလိမ့္မယ္။သင္လိုခ်င္တဲ့ ထူးခြၽန္မႈနဲ႔ ေအာင္ျမင္မႈကို လက္ေတြ႕ေဖာ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ဒီၿဂိဳဟ္အေနအထားက သင့္ကို အတိတ္က အေၾကာက္တရားေတြကေန ႐ုန္းထြက္ၿပီး ေခါင္းေဆာင္ေကာင္းတစ္ေယာက္လို ေရွ႕ဆက္ဖို႔ တြန္းအားေပးေနတာပဲ ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

 

Be the first to comment

Leave a Reply

Your email address will not be published.


*