မေလမှာ အထူးကံကောင်းမယ့် တရုတ်နှစ်ဖွား (၃) ခု

ဒီလဟာ ပြီးခဲ့တဲ့ ဧပြီလက အမှားအယွင်းဟောင်းတွေကို အဖတ်ဆယ်ပြီး ရှေ့ဆက်ရမယ့် လဖြစ်ပါတယ်။ အထူးသဖြင့် မေလ ၁၂ ရက် (အင်္ဂါနေ့) ဟာ သူငယ်ချင်းတွေနဲ့အတူ စွန့်စားမှုအသစ်တွေ စတင်ဖို့ အကောင်းဆုံးနေ့လေး ဖြစ်မှာပါ။

မြင်းနှစ်ဖွား – Horse

မြင်းနှစ်ဖွားတွေအတွက်တော့ ဒီလဟာ “အဟောင်းတွေကို စွန့်လွှတ်ပြီး အသစ်တွေကို ကြိုဆိုရမယ့်လ” လို့ ပြောလို့ရပါတယ်။ သူများတွေအတွက် အနစ်နာခံလွန်းတာ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် အသေးအမွှားလေးပဲလို့ သတ်မှတ်ထားတာတွေကို ရပ်တန်းက ရပ်ရပါတော့မယ်။ မေလ ၂၀ ရက် ဒီနေ့မှာတော့ အဟောင်းတွေကို ဖယ်ထုတ်ပြီး အစပြုခြင်းအသစ်တွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။

ဝက်နှစ်ဖွား – Pig

ဝက်နှစ်ဖွားတွေအတွက်တော့ “ဆုံးရှုံးမှုကနေ အမြတ်ထွက်မယ့်လ” လို့ ဆိုရမှာပါ။ လဆန်းပိုင်းမှာ အဆင်မပြေမှု တချို့ရှိနိုင်ပေမဲ့ အဲဒါတွေက ကိုယ့်အတွက် ပိုကောင်းတဲ့လမ်းကြောင်းပေါ် ရောက်အောင် တွန်းပို့ပေးနေတာပါ။ စိတ်ရှုပ်မခံပါနဲ့။မေလ ၂၅ ရက်၊ ဒီနေ့မှာ ကိုယ့်ရဲ့ ကြံ့ခိုင်မှုနဲ့ ရင့်ကျက်မှုကို ပြသခွင့်ရပါလိမ့်မယ်။ ဒီရင့်ကျက်မှုကနေပဲ နောင်မှာ ငွေကြေးနဲ့ ကံကောင်းခြင်းတွေကို ဘယ်လိုဖန်တီးရမလဲဆိုတာ ပိုပြီး မြင်လာပါလိမ့်မယ်။

ကြွက်နှစ်ဖွား – Rat

ကြွက်နှစ်ဖွားတွေအတွက်တော့ “အောင်မြင်မှုက လက်ထဲကို အလိုလို ရောက်လာမယ့်လ” ပါ။ အစကတည်းက ကံကောင်းနေတာမို့ အရမ်းကြီး အားစိုက်စရာမလိုဘဲ အောင်မြင်မှုတွေ ရနေတတ်ပါတယ်။ ဒါပေမဲ့ အေးဆေးထိုင်မနေဘဲ ကိုယ်လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန်လေးသာ လုပ်လိုက်ပါ။မေလ ၁၄ ရက်၊ ဒီနေ့မှာတော့ ခဏလောက် အနားယူပြီး စိတ်ကို လျှော့ထားလိုက်ပါ။ အနားယူနေရင်းကနေမှ ကိုယ့်ကို ပျော်ရွှင်စေမယ့် အတွေးအခေါ်အသစ်တွေ ထွက်လာပါလိမ့်မယ်။ ကံကောင်းခြင်းဆိုတာ အမြဲတမ်း ပင်ပင်ပန်းပန်း လုပ်နေမှ ရတာမျိုး မဟုတ်ဘူးဆိုတာကို နားလည်သွားမယ့်နေ့ပါပဲ။ဒီလထဲမှာ အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ပြီး စိတ်ချမ်းသာစရာတွေနဲ့ ပြည့်နှက်နေပါစေလို့ ဆုတောင်းပေးပါတယ်။ ကိုယ့်ရဲ့ စွမ်းအင်တွေကို အကောင်းဆုံးနေရာမှာပဲ အသုံးချနိုင်ပါစေ။

ကျော့ကေခိုင်

zawgyi

ဒီလဟာ ၿပီးခဲ့တဲ့ ဧၿပီလက အမွားအယြင္းေဟာင္းေတြကို အဖတ္ဆယ္ၿပီး ေရွ႕ဆက္ရမယ့္ လျဖစ္ပါတယ္။ အထူးသျဖင့္ ေမလ ၁၂ ရက္ (အဂၤါေန႔) ဟာ သူငယ္ခ်င္းေတြနဲ႔အတူ စြန႔္စားမႈအသစ္ေတြ စတင္ဖို႔ အေကာင္းဆုံးေန႔ေလး ျဖစ္မွာပါ။

ျမင္းႏွစ္ဖြား – Horse

ျမင္းႏွစ္ဖြားေတြအတြက္ေတာ့ ဒီလဟာ “အေဟာင္းေတြကို စြန႔္လႊတ္ၿပီး အသစ္ေတြကို ႀကိဳဆိုရမယ့္လ” လို႔ ေျပာလို႔ရပါတယ္။ သူမ်ားေတြအတြက္ အနစ္နာခံလြန္းတာ ဒါမွမဟုတ္ ကိုယ့္ကိုကိုယ္ အေသးအမႊားေလးပဲလို႔ သတ္မွတ္ထားတာေတြကို ရပ္တန္းက ရပ္ရပါေတာ့မယ္။ ေမလ ၂၀ ရက္ ဒီေန႔မွာေတာ့ အေဟာင္းေတြကို ဖယ္ထုတ္ၿပီး အစျပဳျခင္းအသစ္ေတြကို ေဖာ္ေဆာင္ႏိုင္ပါလိမ့္မယ္။

ဝက္ႏွစ္ဖြား – Pig

ဝက္ႏွစ္ဖြားေတြအတြက္ေတာ့ “ဆုံးရႈံးမႈကေန အျမတ္ထြက္မယ့္လ” လို႔ ဆိုရမွာပါ။ လဆန္းပိုင္းမွာ အဆင္မေျပမႈ တခ်ိဳ႕ရွိႏိုင္ေပမဲ့ အဲဒါေတြက ကိုယ့္အတြက္ ပိုေကာင္းတဲ့လမ္းေၾကာင္းေပၚ ေရာက္ေအာင္ တြန္းပို႔ေပးေနတာပါ။ စိတ္ရႈပ္မခံပါနဲ႔။ေမလ ၂၅ ရက္၊ ဒီေန႔မွာ ကိုယ့္ရဲ႕ ႀကံ့ခိုင္မႈနဲ႔ ရင့္က်က္မႈကို ျပသခြင့္ရပါလိမ့္မယ္။ ဒီရင့္က်က္မႈကေနပဲ ေနာင္မွာ ေငြေၾကးနဲ႔ ကံေကာင္းျခင္းေတြကို ဘယ္လိုဖန္တီးရမလဲဆိုတာ ပိုၿပီး ျမင္လာပါလိမ့္မယ္။

ႂကြက္ႏွစ္ဖြား – Rat

ႂကြက္ႏွစ္ဖြားေတြအတြက္ေတာ့ “ေအာင္ျမင္မႈက လက္ထဲကို အလိုလို ေရာက္လာမယ့္လ” ပါ။ အစကတည္းက ကံေကာင္းေနတာမို႔ အရမ္းႀကီး အားစိုက္စရာမလိုဘဲ ေအာင္ျမင္မႈေတြ ရေနတတ္ပါတယ္။ ဒါေပမဲ့ ေအးေဆးထိုင္မေနဘဲ ကိုယ္လုပ္စရာရွိတာကို ျမန္ျမန္ဆန္ဆန္ေလးသာ လုပ္လိုက္ပါ။ေမလ ၁၄ ရက္၊ ဒီေန႔မွာေတာ့ ခဏေလာက္ အနားယူၿပီး စိတ္ကို ေလွ်ာ့ထားလိုက္ပါ။ အနားယူေနရင္းကေနမွ ကိုယ့္ကို ေပ်ာ္႐ႊင္ေစမယ့္ အေတြးအေခၚအသစ္ေတြ ထြက္လာပါလိမ့္မယ္။ ကံေကာင္းျခင္းဆိုတာ အၿမဲတမ္း ပင္ပင္ပန္းပန္း လုပ္ေနမွ ရတာမ်ိဳး မဟုတ္ဘူးဆိုတာကို နားလည္သြားမယ့္ေန႔ပါပဲ။ဒီလထဲမွာ အခြင့္အလမ္းေတြကို အမိအရ ဆုပ္ကိုင္ႏိုင္ၿပီး စိတ္ခ်မ္းသာစရာေတြနဲ႔ ျပည့္ႏွက္ေနပါေစလို႔ ဆုေတာင္းေပးပါတယ္။ ကိုယ့္ရဲ႕ စြမ္းအင္ေတြကို အေကာင္းဆုံးေနရာမွာပဲ အသုံးခ်ႏိုင္ပါေစ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*