အချိန်ပေးရကျိုးနပ်မယ့် Internship ဖြစ်ကြောင်း ပြသနေတဲ့ အချက် (၆) ချက်

“ဘယ်ဟာကို ရွေးရမှန်းတောင် မသိတော့ဘူး” ဆိုပြီး အလုပ်သင်လုပ်မယ့် လူငယ်တွေ ဝေခွဲမရဖြစ်တတ်ကြပါတယ်။ လူပေါင်းထောင်ချီပြီး ဒီလိုပဲ ညည်းတွားနေကြတာပါ။ အလုပ်သင်နေရာတစ်ခုကို မှန်မှန်ကန်ကန် ရွေးချယ်ရတာက ကိုယ့်ရဲ့ ဘဝလက်တွဲဖော်ကို Landing Page တစ်ခုကြည့်ပြီး ရွေးနေရသလိုပါပဲ။ ဘယ်လိုဆုံးဖြတ်မလဲ။ ကိုယ့်ရဲ့ Career Goals နဲ့ ကိုက်၊ မကိုက် ဘယ်လိုသိနိုင်မလဲ။တကယ်တော့ အလုပ်တိုင်းမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတတ်ပါတယ်။ ဘယ်တော့မှ Perfect ဖြစ်တဲ့ အလုပ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ မျက်စိမှိတ်ပြီးတော့လည်း မရွေးသင့်ဘူးလေ။ ကိုယ့်မှာ Strategy ရှိဖို့ လိုပါတယ်။ အလုပ်မလျှောက်ခင်မှာ အခုပြောပြမယ့် Checklist လေးနဲ့ အရင်တိုက်စစ်ကြည့်ရအောင်ပါ။

ဒီအချက်အတွေ စစ်ချဖို့ဆိုရင်တော့ Green Flag တစ်ခုပါရင် ၁ မှတ်ပေါင်းပါ။ သတိထားရမယ့်အချက် Red Flag တစ်ခုပါရင် ၁ မှတ်နုတ်ပါ။ ပြီးရင်ဘယ်လောက်ရမလဲ ကြည့်ရအောင်ပါ။

Green Flags ဖြစ်တဲ့ အချက်တွေကတော့ အောက်ပါအချက်တွေဖြစ်ပါတယ်။

ကုမ္ပဏီက ပေးမယ့်လစာကို နေရာတိုင်းမှာ သေချာရေးထားသလို Interview မှာလည်း ဒါကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေတာမျိုးပါ။ ဒါဟာ ယုံ ကြည်မှု တည်ဆောက်တာပါပဲ။ ကိုယ့်ရဲ့ အချိန်နဲ့ လုပ်အားကို ပေးရမှာဖြစ်တဲ့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ လစာကိစ္စမှာ သူတို့ကို ယုံကြည်လို့ရသလားဆိုတာ အရေးကြီးပါတယ်။

လမ်းပြပေးမယ့်သူ (Mentor) ရှိပြီး Feedback ပေးတာ

အရင်က အလုပ်သင်ဆင်းဖူးသူတွေကို မေးကြည့်ပါ။ အလုပ်သင်ကာလမှာ ကိုယ်လုပ်တာနဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို ချက်ချင်း အကြံပေးသလား၊ သင်ပြပေးသလားဆိုတာ သိဖို့လိုပါတယ်။ Gen Z တွေအတွက် Skill (ကျွမ်းကျင်မှု) တိုးတက်ဖို့က အဓိကမဟုတ်လား။ လမ်းပြပေးမယ့်သူ ရှိမှသာ ကိုယ်က ပိုပြီး ထူးချွန်လာမှာပါ။

အမြဲတမ်းဝန်ထမ်း ဖြစ်လာနိုင်တဲ့ လမ်းစရှိတာ

အခုမှ ပထမဆုံး Internship ဆိုရင်တော့ ဒါကို သိပ်မစဉ်းစားမိသေးတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကိုယ်က ဒီအလုပ်ကို သဘောကျသွားရင်ဆိုတာမျိုး စဉ်းစားကြည့်ပါ။ အလုပ်သင်ကနေ ဝန်ထမ်းအဖြစ် ဘယ်လိုဆက်သွားလို့ရလဲဆိုတာ လမ်းပြပေးတဲ့ ကုမ္ပဏီမျိုးက သူတို့ရဲ့ အလုပ်သင်တွေအပေါ် တကယ်တန်ဖိုးထားတာလို့ ဆိုနိုင်ပါတယ်။

အလုပ်သင်မှာ သတိထားရမယ့်အချက်များ (Red Flags) ရှိနေပါတယ်။

အသေးအဖွဲ ကိစ္စတွေပဲ ခိုင်းနေတာ

ကော်ဖီဖျော်ခိုင်းတာ၊ အဝတ်လျှော်ဆိုင်က အဝတ်သွားယူခိုင်းတာမျိုးက အလုပ်သင်ဘဝမှာ ရှိနိုင်ပေမဲ့ ဒါတွေပဲ ခိုင်းနေတာမျိုးတော့ မဖြစ်သင့်ဘူးလေ။ ဒါက ကိုယ့်ရဲ့ Career အတွက် လုပ်တာပါ။ ကိုယ်သွားချင်တဲ့ ပန်းတိုင်နဲ့ ဘာမှမဆိုင်တဲ့ အလုပ်တွေပဲ ခိုင်းနေတယ်ဆိုရင်တော့ တခြားတစ်ခုကိုပဲ စဉ်းစားလိုက်ပါ။

ကိုယ့်ကို ဘယ်သူက တာဝန်ယူမှန်း မသိတာ

အလုပ်သင်ဆိုတာ ဌာနအစုံ လေ့လာရတာမျိုး ရှိတတ်ပေမဲ့ ကိုယ့်ကို တိုက်ရိုက်ကိုင်တွယ်မယ့် Manager ဒါမှမဟုတ် Supervisor တော့ ရှိရပါမယ်။ အလုပ်လျှောက် လွှာမှာ ဆက်သွယ်ရမယ့်သူ ဒါမှမဟုတ် တာဝန်ခံ တစ်ယောက်မှ မပါဘူးဆိုရင်တော့ သတိထားပါ။

အလုပ်သင်ပြီးရင် ဘာဆက်ဖြစ်မလဲ မသိရတာ

Internship တိုင်းက အလုပ်ရမယ်လို့ မဆိုလိုပေမဲ့ Internship ပြီးရင် ဘာဆက်လုပ်သင့်လဲ။ ဥပမာ- Full-time candidate အဖြစ် လျှောက်ဖို့ အဆင့်ဆင့်ဆိုတာမျိုးကိုတော့ အကြမ်းဖျင်း ပြောပြပေးထားသင့်ပါတယ်။

ဒီအမှတ်တွေပေါင်းတဲ့အခါ အားလုံးပေါင်းအမှတ်ဘယ်လောက် ရပါသလဲ။ ၄ မှတ် မှ ၆ မှတ်ကြားဆိုရင် ဒါကတော့ လုံးဝကို တက်ရကျိုးနပ်မယ့် Internship ပါပဲ။ အခုပဲ လျှောက်လွှာတင်လိုက်ပါ။ ၂ မှတ် မှ ၃ မှတ်ကတော့ အလားအလာတော့ ရှိပေမဲ့ နည်းနည်းတော့ စဉ်းစားစရာ ဖြစ်နေပြီ။ မလျှောက်ခင်မှာ သူတို့ကို သေချာ ထပ်မေးကြည့်တာမျိုး၊ ဒါမှမဟုတ် Call ခေါ်ပြီး ဆွေးနွေးကြည့်တာမျိုး အရင်လုပ်သင့်ပါတယ်။ ၀ မှတ် မှ ၁ မှတ်ဆိုရင်တော့ ကိုယ့်ရဲ့ စိတ်က ခံစားရတဲ့အတိုင်းပဲ ဒီအ လုပ်ကို လက်လွှတ်လိုက်တာ အကောင်းဆုံးပါ။ ဒီနှစ်အတွက်တော့ ဒီအလုပ်က ကိုယ့်အတွက် မဟုတ်သေးဘူးလို့ မှတ်လိုက်ပါ။

မှန်ကန်တဲ့ အခွင့်အရေးက ကိုယ့်ကို စောင့်နေပါတယ်။ အခွင့်အရေးကောင်းကိုပဲ ရွေးချယ်ပါ။ မထိုက်တန်တာတွေနဲ့ အချိန်မဖြုန်းပါနဲ့။ ဘာလို့လဲဆိုတော့ Internship ဆိုတာ CV မှာ စာတစ်ကြောင်းတိုးရုံတင် မဟုတ်ဘဲ ကိုယ့်ရဲ့ နောင်ရေးကို ပြောင်းလဲပေးနိုင်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လို့ပါပဲ။ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်စေဖို့ ဆန္ဒပြုလိုက်ရပါတယ်။

ကျော့ကေခိုင်

zawgyi

“ဘယ္ဟာကို ေ႐ြးရမွန္းေတာင္ မသိေတာ့ဘူး” ဆိုၿပီး အလုပ္သင္လုပ္မယ့္ လူငယ္ေတြ ေဝခြဲမရျဖစ္တတ္ၾကပါတယ္။ လူေပါင္းေထာင္ခ်ီၿပီး ဒီလိုပဲ ညည္းတြားေနၾကတာပါ။ အလုပ္သင္ေနရာတစ္ခုကို မွန္မွန္ကန္ကန္ ေ႐ြးခ်ယ္ရတာက ကိုယ့္ရဲ႕ ဘဝလက္တြဲေဖာ္ကို Landing Page တစ္ခုၾကည့္ၿပီး ေ႐ြးေနရသလိုပါပဲ။ ဘယ္လိုဆုံးျဖတ္မလဲ။ ကိုယ့္ရဲ႕ Career Goals နဲ႔ ကိုက္၊ မကိုက္ ဘယ္လိုသိႏိုင္မလဲ။တကယ္ေတာ့ အလုပ္တိုင္းမွာ အေကာင္းနဲ႔ အဆိုး ဒြန္တြဲေနတတ္ပါတယ္။ ဘယ္ေတာ့မွ Perfect ျဖစ္တဲ့ အလုပ္ဆိုတာ မရွိပါဘူး။ ဒါေပမဲ့ မ်က္စိမွိတ္ၿပီးေတာ့လည္း မေ႐ြးသင့္ဘူးေလ။ ကိုယ့္မွာ Strategy ရွိဖို႔ လိုပါတယ္။ အလုပ္မေလွ်ာက္ခင္မွာ အခုေျပာျပမယ့္ Checklist ေလးနဲ႔ အရင္တိုက္စစ္ၾကည့္ရေအာင္ပါ။

ဒီအခ်က္အေတြ စစ္ခ်ဖို႔ဆိုရင္ေတာ့ Green Flag တစ္ခုပါရင္ ၁ မွတ္ေပါင္းပါ။ သတိထားရမယ့္အခ်က္ Red Flag တစ္ခုပါရင္ ၁ မွတ္ႏုတ္ပါ။ ၿပီးရင္ဘယ္ေလာက္ရမလဲ ၾကည့္ရေအာင္ပါ။

Green Flags ျဖစ္တဲ့ အခ်က္ေတြကေတာ့ ေအာက္ပါအခ်က္ေတြျဖစ္ပါတယ္။

ကုမၸဏီက ေပးမယ့္လစာကို ေနရာတိုင္းမွာ ေသခ်ာေရးထားသလို Interview မွာလည္း ဒါကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးဖို႔ အဆင္သင့္ျဖစ္ေနတာမ်ိဳးပါ။ ဒါဟာ ယုံ ၾကည္မႈ တည္ေဆာက္တာပါပဲ။ ကိုယ့္ရဲ႕ အခ်ိန္နဲ႔ လုပ္အားကို ေပးရမွာျဖစ္တဲ့အတြက္ အေျခခံအက်ဆုံးျဖစ္တဲ့ လစာကိစၥမွာ သူတို႔ကို ယုံၾကည္လို႔ရသလားဆိုတာ အေရးႀကီးပါတယ္။

လမ္းျပေပးမယ့္သူ (Mentor) ရွိၿပီး Feedback ေပးတာ

အရင္က အလုပ္သင္ဆင္းဖူးသူေတြကို ေမးၾကည့္ပါ။ အလုပ္သင္ကာလမွာ ကိုယ္လုပ္တာနဲ႔ ပတ္သက္ၿပီး လိုအပ္တာေတြကို ခ်က္ခ်င္း အႀကံေပးသလား၊ သင္ျပေပးသလားဆိုတာ သိဖို႔လိုပါတယ္။ Gen Z ေတြအတြက္ Skill (ကြၽမ္းက်င္မႈ) တိုးတက္ဖို႔က အဓိကမဟုတ္လား။ လမ္းျပေပးမယ့္သူ ရွိမွသာ ကိုယ္က ပိုၿပီး ထူးခြၽန္လာမွာပါ။

အၿမဲတမ္းဝန္ထမ္း ျဖစ္လာႏိုင္တဲ့ လမ္းစရွိတာ

အခုမွ ပထမဆုံး Internship ဆိုရင္ေတာ့ ဒါကို သိပ္မစဥ္းစားမိေသးတာ ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ ကိုယ္က ဒီအလုပ္ကို သေဘာက်သြားရင္ဆိုတာမ်ိဳး စဥ္းစားၾကည့္ပါ။ အလုပ္သင္ကေန ဝန္ထမ္းအျဖစ္ ဘယ္လိုဆက္သြားလို႔ရလဲဆိုတာ လမ္းျပေပးတဲ့ ကုမၸဏီမ်ိဳးက သူတို႔ရဲ႕ အလုပ္သင္ေတြအေပၚ တကယ္တန္ဖိုးထားတာလို႔ ဆိုႏိုင္ပါတယ္။

အလုပ္သင္မွာ သတိထားရမယ့္အခ်က္မ်ား (Red Flags) ရွိေနပါတယ္။

အေသးအဖြဲ ကိစၥေတြပဲ ခိုင္းေနတာ

ေကာ္ဖီေဖ်ာ္ခိုင္းတာ၊ အဝတ္ေလွ်ာ္ဆိုင္က အဝတ္သြားယူခိုင္းတာမ်ိဳးက အလုပ္သင္ဘဝမွာ ရွိႏိုင္ေပမဲ့ ဒါေတြပဲ ခိုင္းေနတာမ်ိဳးေတာ့ မျဖစ္သင့္ဘူးေလ။ ဒါက ကိုယ့္ရဲ႕ Career အတြက္ လုပ္တာပါ။ ကိုယ္သြားခ်င္တဲ့ ပန္းတိုင္နဲ႔ ဘာမွမဆိုင္တဲ့ အလုပ္ေတြပဲ ခိုင္းေနတယ္ဆိုရင္ေတာ့ တျခားတစ္ခုကိုပဲ စဥ္းစားလိုက္ပါ။

ကိုယ့္ကို ဘယ္သူက တာဝန္ယူမွန္း မသိတာ

အလုပ္သင္ဆိုတာ ဌာနအစုံ ေလ့လာရတာမ်ိဳး ရွိတတ္ေပမဲ့ ကိုယ့္ကို တိုက္႐ိုက္ကိုင္တြယ္မယ့္ Manager ဒါမွမဟုတ္ Supervisor ေတာ့ ရွိရပါမယ္။ အလုပ္ေလွ်ာက္ လႊာမွာ ဆက္သြယ္ရမယ့္သူ ဒါမွမဟုတ္ တာဝန္ခံ တစ္ေယာက္မွ မပါဘူးဆိုရင္ေတာ့ သတိထားပါ။

အလုပ္သင္ၿပီးရင္ ဘာဆက္ျဖစ္မလဲ မသိရတာ

Internship တိုင္းက အလုပ္ရမယ္လို႔ မဆိုလိုေပမဲ့ Internship ၿပီးရင္ ဘာဆက္လုပ္သင့္လဲ။ ဥပမာ- Full-time candidate အျဖစ္ ေလွ်ာက္ဖို႔ အဆင့္ဆင့္ဆိုတာမ်ိဳးကိုေတာ့ အၾကမ္းဖ်င္း ေျပာျပေပးထားသင့္ပါတယ္။

ဒီအမွတ္ေတြေပါင္းတဲ့အခါ အားလုံးေပါင္းအမွတ္ဘယ္ေလာက္ ရပါသလဲ။ ၄ မွတ္ မွ ၆ မွတ္ၾကားဆိုရင္ ဒါကေတာ့ လုံးဝကို တက္ရက်ိဳးနပ္မယ့္ Internship ပါပဲ။ အခုပဲ ေလွ်ာက္လႊာတင္လိုက္ပါ။ ၂ မွတ္ မွ ၃ မွတ္ကေတာ့ အလားအလာေတာ့ ရွိေပမဲ့ နည္းနည္းေတာ့ စဥ္းစားစရာ ျဖစ္ေနၿပီ။ မေလွ်ာက္ခင္မွာ သူတို႔ကို ေသခ်ာ ထပ္ေမးၾကည့္တာမ်ိဳး၊ ဒါမွမဟုတ္ Call ေခၚၿပီး ေဆြးေႏြးၾကည့္တာမ်ိဳး အရင္လုပ္သင့္ပါတယ္။ ၀ မွတ္ မွ ၁ မွတ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ စိတ္က ခံစားရတဲ့အတိုင္းပဲ ဒီအ လုပ္ကို လက္လႊတ္လိုက္တာ အေကာင္းဆုံးပါ။ ဒီႏွစ္အတြက္ေတာ့ ဒီအလုပ္က ကိုယ့္အတြက္ မဟုတ္ေသးဘူးလို႔ မွတ္လိုက္ပါ။

မွန္ကန္တဲ့ အခြင့္အေရးက ကိုယ့္ကို ေစာင့္ေနပါတယ္။ အခြင့္အေရးေကာင္းကိုပဲ ေ႐ြးခ်ယ္ပါ။ မထိုက္တန္တာေတြနဲ႔ အခ်ိန္မျဖဳန္းပါနဲ႔။ ဘာလို႔လဲဆိုေတာ့ Internship ဆိုတာ CV မွာ စာတစ္ေၾကာင္းတိုး႐ုံတင္ မဟုတ္ဘဲ ကိုယ့္ရဲ႕ ေနာင္ေရးကို ေျပာင္းလဲေပးႏိုင္တဲ့ ေ႐ြးခ်ယ္မႈတစ္ခု ျဖစ္လို႔ပါပဲ။ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ကို ခ်ႏိုင္ေစဖို႔ ဆႏၵျပဳလိုက္ရပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*