အကောင်းမြင်စိတ်ကြောင့်ဆွဲဆောင်မှုရှိတဲ့ ရာသီခွင် (၄)ခု

June 20, 2024 Aung Khant Mon 0

အကောင်းမြင်စိတ်နဲ့ အကောင်းမြင်ဝါဒက လူတွေကိုဆွဲဆောင်မှုရှိတယ်ဆိုတာသင်သိပါသလား။ ဒီရာသီဖွားလေးတွေကတော့ သွားလေရာမှာကောင်းမွန်တဲ့ခံစားချက်ကိုဖြန့်ကျက်ပေးနိုင်တာကြောင့် နာမည်ကြီးပါတယ်။ဒီအပြုသဘောဆောင်တဲ့ ရာသီခွင်တွေက ဘယ်ရာသီ ခွင်တွေဖြစ်မလဲဆိုတာမျှဝေပေးသွားချင်ပါတယ်။ Aries : March 21-April 19 ဒီရာသီဖွားတွေက အကောင်းဆုံးအကောင်းမြင်သမားတွေဖြစ်ပါတယ်။ဒီရာသီဖွားတွေရဲ့အပြုသဘောဆောင်တဲ့ စွမ်းအင်တွေရှိတာကြောင့် တခြားသူတွေကိုကူးစက်စေပါတယ်။ သူတို့ရဲ့စိတ်အားထက်သန်မှုနဲ့ ပြင်းပြတဲ့ ရဲရင့်မှုတွေ၊ ရဲစွမ်းသတ္တိတွေကတခြားသူတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ Leo: July […]

ထိရောက်တဲ့ ညှိနှိုင်းမှုအတွက် အကြံပြုချက် (၆)ချက်

June 20, 2024 Aung Khant Mon 0

ထိရောက်တဲ့ညှိနှိုင်းမှုကလည်း ဘယ်လိုနယ်ပယ်မှာမဆို လိုအပ်ပါတယ်။ ကိုယ်လိုချင်တဲ့အရာကိုရရှိနိုင်ဖို့အတွက် ကိုယ့်မှာ ညှိနှိုင်းရေးစွမ်းရည်ကောင်းကောင်းရှိဖို့လိုပါတယ်။ဒီအချက်တွေကတော့ အဲဒီလိုညှိနှိုင်းရေးမှာ သိသင့်တဲ့ထိရောက်တဲ့အကြံပြုချက်တွေဖြစ်ပါတယ်။။ ယုံကြည်မှုရှိပါ ပထမအရေးကြီးဆုံးအချက်ကတော့ ယုံကြည်မှုရှိဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ကညှိနှိုင်းရေးမှာ အဓိက အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဒီအချက်ကိုစေ့စပ်ညှိနှိုင်းရေးမလုပ်ခင်မှာ ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။မျက်နှာချင်းဆိုင်စကားပြောတဲ့အခါ မျက်လုံးချင်းဆုံးပြီး ကြည့်ဖို့မမေ့ပါနဲ့။ လေးစားမှုရှိပါ ညှိနှိုင်းရေးမှာ ဒုတိယအရေးကြီးတဲ့အချက်ကတော့ အပြန်အလှန်လေးစားမှုပါ။ကိုယ့်ရဲ့တောင်းဆိုမှုအတွက် မာနရှိပါ။ ဒါပေမဲ့ တဖက်မှာလည်း […]

အောင်မြင်မှုရရန် ဖြစ်နိုင်ချေအရှိဆုံး ရာသီခွင် (၄) ခု

June 19, 2024 Aung Khant Mon 0

အောင်မြင်ဖို့ အလားအလာ အရှိဆုံး က ဘယ်ရာသီခွင်တွေဖြစ်မလဲ။ နက္ခတ်ဗေဒင်အရကိုယ်ရည်ကိုယ်သွေးတွေကိုက်ညီပြီး အောင်မြင်မှုအတွက် အလားအလာအရှိဆုံးရာသီခွင်တွေကိုဖော်ပြပေးချင်ပါတယ်။ ဒါကို ဖျော်ဖြေရေးအနေနဲ့သာ ဖတ်ဖို့နဲ့ Serious မထားဖို့အကြံ ပေးချင်ပါတယ်။ Aries – March 21-April 19 ဒီရာသီဖွားတွေက သူတို့ရဲ့မကြောက်ရွံ့တတ်တဲ့စိတ်ကြောင့် လူသိများပါတယ်။ သူတို့တွေကခေါင်းဆောင်ကောင်းတွေဖြစ်ကြပြီး စိန်ခေါ်မှုအသစ်အတွက် အမြဲတမ်းလက်ခံဖို့အဆင်သင့်ပါပဲ။ […]

အချိန်ပိုင်းအလုပ်ရဲ့ ကောင်းကျိုး (၅)ခု

June 19, 2024 Aung Khant Mon 0

အချိန်ပိုင်းအလုပ်များတွေက ပုံစံအမျိုးမျိုးရှိကြပါတယ်။ ဒီအချက်တွေကတော့အချိန်ပိုင်းအလုပ်လုပ်ရတာရဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။ ပြောင်းလွယ်ပြင်လွယ်ဖြစ်တာ သင်က အချိန်ပိုင်းလုပ်တဲ့သူတယောက်ဆိုရင် ကိုယ့်ရဲ့အချိန်ဇယားကို ပြောင်းလွယ်ပြင်လွယ်စေ့စပ်ညှိနှိုင်းဖို့လွယ်ကူပါတယ်။ အချိန်ပိုင်းအလုပ်ကို စာချုပ်နဲ့လုပ်တာမျိုးဆိုရင် ဥပဒေအရပိုမိုအကာအကွယ်ရရှိနိုင်ပါတယ်။ ငွေကြေးလွတ်လပ်မှု အချိန်ပိုင်းဝန်ထမ်းများက အချိန်ပြည့်ဝန်ထမ်းများလို လစာဝင်ငွေပုံမှန်မရှိပေမဲ့ သူတို့ကအလုပ်ရရင ရသလို ဝင်ငွေလည်းများကြပါတယ်။ တလလုပ်ပြီး ၃လလောက်ထိုင်စားလို့ရကြပါတယ်။ ဒါကြောင့်လည်း သူတို့ကိုငွေကြေးလွတ်လပ်မှုရှိတယ်လို့ပြောကြတာပါ။ သူတို့က တပတ်ကို […]

ပြင်းပြတဲ့ အချစ်ရေးကြောင့် လူသိများတဲ့ ရာသီခွင် (၄)ခု

June 17, 2024 Aung Khant Mon 0

စိတ်အားထက်သန်ပြီး ပြင်းပြတဲ့ အချစ်နဲ့ချစ်တတ်တာကြောင့် နာမည်ကျော်တဲ့ရာသီခွင်လေးခုရှိပါတယ်။ သင်က ဒီလိုအချစ်မျိုးနဲ့ ကြုံဖူးပါသလား။ ဒါမှမဟုတ်သင့်ရဲ့ချစ်သူက ဒီရာသီခွင်တွေထဲက တခုလား။ Aries (Mar 21 – Apr 19) Aries လေးတွေကတော့ ထိပ်ဆုံးက ပါနေပါတယ်။ သူတို့ရဲ့စိတ်အားထက်သန်တဲ့ အချစ်ကသူတို့ရဲ့ဆက်ဆံရေးထဲကို စိမ့်ဝင်သွားတတ်ပါတယ်။ အေးရီလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ဒီရာသီခွင်လေးတွေ […]

အင်တာဗျူးမတိုင်ခင် ပြင်ဆင်ရမယ့် အကြံပြုချက် (၄)

June 17, 2024 Aung Khant Mon 0

ထူးချွန်သော အင်တာဗျူးစွမ်းရည်က ဒီအတိုင်းရောက်မလာတတ်ပါဘူး။သေချာပြင်ဆင်ဖို့လိုအပ်ပါတယ်။ ယုံကြည်မှု၊ စိတ်ဖိစီးမှုကိုစီမံခန့်ခွဲနိုင်တဲ့စွမ်းရည်၊ဖောက်ထွက်တဲ့အတွေးစတာတွေကို ကြိုတင်လေ့ကျင့်ပြီး ခိုင်မာအောင်ပြင်ဆင်နိုင်ပါတယ်။ဒီအချက်တွေကတော့ အင်တာဗျူးမတိုင်ခင်မှာ ကြိုတင်ပြင်ဆင်ဖို့အတွက်အကြံပြုချက်တွေပဲဖြစ်ပါတယ်။ အိမ်စာလုပ်တာ အင်တာဗျူးသွားဖြေတဲ့အခါ အိမ်စာလုပ်တဲ့သူက တပန်းသာတာပါပဲ။ အိမ်စာလုပ်တယ်ဆိုတာအဖွဲ့အစည်းအကြောင်း၊ သူတို့ရဲ့အခန်းကဏ္ဍအကြောင်း တတ်နိုင်သမျှလေ့လာဖို့ပါ။ကုမ္ပဏီဝက်ဘ်ဆိုက်တွေမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ သူတို့ရဲ့ရည်မှန်းချက်တွေ၊ပန်း တိုင်တွေကို အကြမ်းဖျင်းလေ့လာနိုင်ပါတယ်။ ဒီအရာတွေကို ကိုယ်နဲ့ရင်းနှီးအောင်လုပ်ပါ။ပြီးတော့ ဒီလေ့လာချက်တွေကနေတဆင့် သင့်ရဲ့အရည်အချင်း၊ […]

ဘယ်လိုအသက်မွေးဝမ်းကျောင်းအတွက်မဆို လိုအပ်တဲ့ Teamwork Skills (၆)ခု

June 16, 2024 Aung Khant Mon 0

အခုမျှဝေပေးချင်တာကတော့ ဘယ်လိုအသက်မွေးဝမ်းကျောင်းအတွက်မဆို အရေးကြီးတဲ့အဖွဲ့လိုက်လုပ်ဆောင်မှုစွမ်းတွေပဲဖြစ်ပါတယ်။ အဖွဲ့လိုက်လုပ်ဆောင်မှုရဲ့အရေးပါမှုကိုသံသဝင်စရာမရှိပါဘူး။ ဒီစွမ်းရည်တွေက ဘယ်လိုနယ်ပယ်မှာမဆို သင့်ကိုထူးချွန်စေဖို့ ကူညီပေးပါလိမ့်မယ်။ Communication လုပ်ငန်းခွင်မှာ ဆက်သွယ်မှုပုံစံအမျိုးအစားများစွာရှိပါတယ်။လူတွေရဲ့အကြောင်းလေ့လာခြင်းအားဖြင့် ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို မြှင့်တင်ဖို့မရှိမဖြစ်လိုအပ်တယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။ အမျိုးမျိုးသော ဆက်သွယ်မှုတွေကိုနားလည်ပြီး ပိုမိုထိရောက်တဲ့ ဆက်သွယ်ရေးကို ဦးဆောင်ဖို့အတွက် လိုအပ်တာတွေကိုသိရှိလာနိုင်ပါတယ်။ ဒီဆက်ဆံရေးတွေထဲမှာ နားထောင်ခြင်းစွမ်းရည်ကလည်း လျစ်လျူရှုထားလို့မရတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်ဆိုတာကို သတိချပ်သင့်ပါတယ်။တက်ကြွစွာနားထောင်ခြင်းကလည်း […]

မြန်မြန်ဆန်ဆန်ပဲ Fall in love သွားတတ်တဲ့ ရာသီခွင် (၄) ခု

June 16, 2024 Aung Khant Mon 0

သင်ဟာ ချက်ခြင်းပဲ ချစ်မိတတ်သူတယောက်လား။ ဒါမှမဟုတ် တခြားသူတွေထက်ခံစားချက်ပိုမြန်တယ်လို့ ထင်ရတဲ့ သူငယ်ချင်းတွေ သင့်အနားမှာရှိသလား။နက္ခတ်ဗေဒင်တွေအရတော့ အချို့ရာသီခွင်တွေက အချစ်ရေးမှာ ခပ်မြန်မြန်ပဲချစ်မိသွားတတ်ကြပါတယ်။ Aries (Mar 21 – Apr 19) ဒီရာသီဖွားလေးတွေက မီးတောက်ကလေးတွေဖြစ်ကြပါတယ်။ သူတို့ရဲ့စိတ်အားထက်သန်မှုနဲ့အလိုလိုသိတတ်မှုတွေကြောင့် နှလုံးသားရေးရာနဲ့ပတ်သက်ရင် အချိန်မဖြုန်းကြပါဘူး။ သူတို့ကအပြင်းအထန်နဲ့ မကြောက်မရွံ့ချစ်တတ်ပြီး အစွဲအလန်းအကြီးဆုံး […]

တပတ်မှာ အလုပ်လုပ်ရက် ၄ရက်အစီအစဉ်ကို အင်ဒိုနီးရှားအစိုးရ စတင်စမ်းသပ်

June 14, 2024 Aung Khant Mon 0

ကုန်ထုတ်စွမ်းအားနဲ့ လူတယောက်ရဲ့စိတ်ပျော်ရွှင်မှုအပေါ်သက်ရောက်မှုကို စမ်းသပ်ဖို့အတွက်အင်ဒိုနီးရှားဝန်ကြီးဌာက တပတ်မှာအလုပ်လုပ်ရက် ၄ရက်ကို စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံပိုင်စီးပွားရေးရာဝန်ကြီးဌာနမှာ တပတ်လေးရက်အစီအစဉ်ကိုအခုသီတင်းပတ်မှာ စတင်စမ်းသပ်နေတာဖြစ်ပါတယ်။ဒီစမ်းသပ်ချက်ကို လာမယ့်နှစ်လအတွင်း စမ်းသပ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။အ စမ်းလုပ်ကိုင်တဲ့ကာလအတွင်း လေးရက်အတွင်း အနည်းဆုံးအလုပ်လုပ်ချိန် နာရီ ၄၀လုပ်ကိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ပါရှိပါတယ်။ ပြီးတော့ ကုန်ထုတ်စွမ်းအားကဘယ်လောက်ရှိမလဲဆိုတာတွေနဲ့ ဒီရလဒ်အပေါ်မူတည်ပြီး ဒီအစီအစဉ်က ဆက်လုပ်ဖြစ်၊မလုပ်ဖြစ်ဆိုတာကို ဆုံးဖြတ်မှာလည်းဖြစ်ပါတယ်။ ဒီစမ်းသပ်မှုက ဝန်ထမ်းတွေရဲ့ကုန်ထုတ်စွမ်းအားကို တိုးတက်တာရှိ၊ […]

အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်အောင်မြင်ဖို့ အကြံပြုချက် (၅)ချက်

June 14, 2024 Aung Khant Mon 0

အသက်မွေးဝမ်းကြောင်း ရည်းမှန်းချက်တွေ အောင်မြင်ဖို့အတွက် ဘာတွေလိုအပ်မလဲ။ဘာတွေကို အာရုံစိုက်လုပ်ရမလဲ၊ ဘယ်လိုတွေကြိုးစားရမလဲဆိုတဲ့အကြံပြုချက်တွေကိုမျှဝေပေးသွားချင်ပါတယ်။ ပြောင်းလဲနေတဲ့ လုပ်ငန်းလိုအပ်ချက်တွေအတွက် အချိန်ဖယ်ထားပါ အလုပ်မှာ၊ လုပ်ငန်းတခုမှာ၊ အသက်မွေးဝမ်းကြောင်းမှုတွေမှာ ပန်းတိုင်တွေအမြဲပြောင်းလဲနေတတ်ပါတယ်။ အခြေအနေ၊ အချိန်အခါအလိုက်ပြောင်းလွယ်ပြင်လွယ်ရှိတတ်တာဖြစ်လို့ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းနဲ့သက်ဆိုင်တဲ့ပန်းတိုင်တွေကို အမြဲမပြတ်လေ့လာပါ။ ဒီနေ့လိုအပ်ချက်တွေက မနက်ဖြန်လိုအပ်ချက်တွေနဲ့မကိုက်ညီတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြောင်းလဲနေတဲ့အခြေအ နေတွေ၊လုပ်ငန်းအတွေ့အကြုံတွေအတွက် သင့်မှာအမြဲအဆင်သင့်ရှိနေဖို့လိုအပ်ပါတယ်။ တခြားသူများရဲ့ ပံ့ပိုးကူညီမှုကို စာရင်းလုပ်ပါ […]