Confort Zone ကနေထွက်ဖို့ ခက်ခဲစေတဲ့ အချက် (၄)ချက်
သက်တောင့်သက်သာရပ်ဝန်းကနေ ထွက်သွားဖို့ လှုံ့ဆော်မှုကို ရှာရတာ မလွယ်ပါဘူး။ဒီအချက်တွေကတော့ ပထမခြေလှမ်းကိုလှမ်းဖို့ ချီတုံချတုံဖြစ်ရတဲ့အကြောင်းရင်းလေးချက်ဖြစ်ပါတယ်။
ကြောက်ရွံ့ခြင်းနဲ့ မသေချာမှု
သက်တောင့်သက်သာ ဇုန်မှာ အရာအားလုံးကို ကြိုတင်ခန့်မှန်းနိုင်ပြီး ဘေးကင်းစေတယ်လို့ခံစားရစေပါတယ်။ ဥပမာ နေ့တိုင်းအလုပ်လုပ်ဖို့ လမ်းကြောင်းတခုကို လျှောက်တဲ့အခါဘာကိုမျှော်လင့်ရမလဲဆိုတာကို အတိအကျသိနိုင်ပါတယ်။သက်သောင့်သက်သာဇုန်ကို ထွက်ဖို့ ဒါမှမဟုတ် ချဲ့ထွင်ဖို့ စဉ်းစားတဲ့အခါမသေချာမရောရာမှုများနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ မသေချာမရောရာမှုက အန္တရာယ်နဲ့ညီမျှပြီး
သင့်ကိုကြောက်လန့်စေပါတယ်။အကြောက်တရားကို မင်းကိုရှေ့မတိုးဖို့ သတိပေးနေတတ်ပါတယ်။ သင်ကကျရှုံးမှာကိုကြောက်ရွံ့တာကြောင့် မတူညီတဲ့ အသက်မွေးဝမ်းကြောင်း လမ်းကြောင်းတခုကိုလိုက်လျှောက်ဖို့ တွန့်ဆုတ်နေတတ်ပါတယ်။
နှစ်သိမ့်မှုနဲ့ သွေးဆောင်မှု
ကြီးပွားချင်ရင်တောင် သက်တောင့်သက်သာဇုန်ရဲ့ ဆွဲငင်အားက အားကောင်းတယ်။ လုံခြုံပြီးလွယ်ကူတာကြောင့် လူတွေက ဒီနေရာမှာ နေချင်တာက သဘာဝဖြစ်ပါတယ်။ “ကြီးပွားမှုနဲ့သက်သောင့်သက်သာရှိမှုက မြင်းတခုတည်းကိုစီးလို့မရပါ” လို့ Dr.Margie Warrell က Forbesကိုပြောခဲ့ဖူးပါတယ်။
မြဲမြံတဲ့စိတ်ထား
သင့်မှာ တည်ငြိမ်တဲ့ စိတ်ထားတစ်ခုရှိသောအခါ တစ်ခုခုကိုလုပ်ဆောင်ဖို့ ဒါမှမဟုတ်ပြီးမြောက်ရန်လိုအပ်တဲ့ အရည်အချင်းများမရှိလို့ သင့်ကိုယ်သင်ထင်မြင်စေပါတယ်။ဒီအချက်က ကျွမ်းကျင်မှုအသစ်များကို သင်ယူဖို့ အခွင့်အလမ်းများကို ရှာဖွေဖို့ သင့်ကိုလှုံ့ဆော်မှုနည်း ပါးစေပါတယ်။ ဒိအချက်က သင့်ကိုစိန်ခေါ်မှုများနဲ့ အခက်အခဲများကိုရှောင်ရှားဖို့ နည်းလမ်းတခုအဖြစ် သက်သောင့်သက်သာရပ်ဝန်းမှာ ပိတ်မိနေစေပါတယ်။
ပုံသေအလေ့အထ
ကျွန်ုပ်တို့ရဲ့ အမူအကျင့်များက ပုံမှန်ဖြစ်တာကြောင့် အောင်မြင်တဲ့ အပြုအမူပြောင်းလဲမှုကခက်ခဲစေပါတယ်။ ကျွန်ုပ်တို့အနေနဲ့ အချို့အပြုအမူများကို ထပ်ခါထပ်ခါ ပြုလုပ်လေ၊ပုံသေပုံစံများထဲကို တွယ်ကပ်လာလေလေဖြစ်ပါတယ်။ ဥပမာအနေနဲ့ သင်က နှစ်ပေါင်းများစွာပုံမှန်မဟုတ်တဲ့ အိပ်ချိန်ဇယားကို လိုက်နာပါက နံနက်တိုင်း နံနက်စောစောထဖို့ခက်ခဲစေပါလိမ့်မယ်။ တည်ြမဲတဲ့ အပြုအမူပြောင်းလဲမှုက ပြောင်းလဲလိုစိတ်ပြင်းပြမှုနဲ့စတင်ပါတယ်။ဒီအချက်လေးချက်ကတော့ သက်သောင့်သက်သာဇုန်ထဲကနေ ထွက်ခွာဖို့ ခက်ခဲစေတဲ့အ ကြောင်းပြချက်တွေဖြစ်ပါတယ်။
MYit
zawgyi
မြဲမြံတဲ့စိတ်ထား
ပုံသေအလေ့အထ
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*