
တချို့လူတွေက စိတ်ခံစားချက်တွေကို ပလေးတတ်ပြီး တဖက်လူကိုစိတ်ရှုပ်ထွေးနာကျင်စေတတ်ပါတယ်။ ဒါက ရည်ရွယ်တာဖြစ်စေ၊ မရည်ရွယ်ပဲဖြစ်စေ သူတို့ရဲ့အမူအပြုက အဲဒီလိုဖြစ်သွားတတ်ကြပါတယ်။ ရာသီခွင်တွေထဲမှာ ပလေးတာ ကျွမ်းကျင်တဲ့ရာသီခွင် (၄)ခုကို စူးစမ်းကြည့်ရအောင်ပါ။
Gemini
Gemini တွေက လိုက်လျောညီထွေရှိတာကြောင့် ကျော်ကြားပါတယ်။ သူတို့က တခြားသူများကိုဆွဲဆောင်နိုင်ပေမဲ့ သူတို့ရဲ့အမြဲပြောင်း လဲနေတဲ့ စိတ်ခံစားချက်များနဲ့အလွယ်တကူငြီးငွေ့လွယ်တဲ့ သဘောထားများက တခြားသူများရဲ့ စိတ်ခံစားချက်များကိုမရည်ရွယ်ဘဲ ပလေးဖို့ တွန်းအားပေးနိုင်ပါတယ်။
Leo
လီယိုတွေက ရဲရင့်ပြီး ယုံကြည်မှုရှိကြပါတယ်။ ပတ်ဝန်းကျင်ရဲ့ အာရုံစိုက်မှုနဲ့ လေးစားမှုကိုလိုချင်ကြပါတယ်။ သူတို့က မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိကြပြီး အချစ်ရေးမှာတော့လေးစားမှုနဲ့ တရားဝင်မှုတွေလိုအပ်တာကြောင့် တခြားသူများရဲ့ ခံစားချက်ကိုကစားဖို့တွန်းပို့နိုင်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ အတ္တက အရေးကြီးတယ်လို့ ခံစားရတယ်လို့တွေးတောတတ်တာကြောင့်ဖြစ်ပါတယ်။ သိုပေမဲ့ ရိုးသားမှုနဲ့ သစ္စာရှိမှုတို့က ခိုင်မာပြီး ပြည့်စုံတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ပါတယ်။
Scorpio
Scorpio များက စွဲမက်ဖွယ်ကောင်းပြီး ပြင်ထန်းမှုနဲ့ စိတ်အားထက်သန်မှုကြောင့်လူသိများပါတယ်။ သူတို့က လျှို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိတယ်လို့ ထင်ရပေမဲ့ဆက်ဆံရေးမှာတော့ ပိုင်နိုင်စွာ ခြယ်လှယ်နိုင်ကြပါတယ်။ သူတို့က တခြားသူများရဲ့သစ္စာစောင့်သိမှုနဲ့ စိတ်ပိုင်းဆိုင်ရာ နယ်နမိတ်မျဉ်းများကို စမ်းသပ်နိုင်ပြီးတခါတရံထိန်းချုပ်ဖို့အတွက် လူတွေရဲ့စိတ်ကို ကစားတတ်ကြပါတယ်။
Pisces
Pisces တွေက အလွန်စာနာတတ်ပြီး သိမ်မွေ့တဲ့သူများဖြစ်ကြတာကြောင့် သူတို့ပတ်ဝန်းကျင်ရှိသူများရဲ့စိတ်ခံစားမှုကို မကြာခဏစုပ်ယူလေ့ရှိကြပါတယ်။ သူတို့ကတခြားသူများခံစားချက်များနဲ့ ကစားဖို့ ရည်ရွယ်ချက်ရှိရှိမသတ်မှတ်ပေမဲ့ လက်တွေ့ဘဝကနေလွတ်မြောက်ဖို့နဲ့ စိတ်ကူးယဉ်ကမ္ဘာများမှာ ခိုလှုံဖို့အတွက် သူတို့ရဲ့သဘောထားက တခါတရံမှာနားလည်မှုလွဲမှားမှုနဲ့ စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုများဆီကို ဦးတည်သွားစေနိုင်ပါတယ်။သူတို့တွေက ခက်ခဲတဲ့ စိတ်ခံဏားမှုများကို ရင်ဆိုင်ဖို့ ရုန်းကန်ရနိုင်ပြီး ပဋိပက္ခများကိုလုံးဝရှောင်ရှားလိုကြပါတယ်။ သို့ပေမဲ့ စိတ်ရှည်သည်းခံမှုနဲ့ နားလည်မှုတို့ အပြန်အလှန်စာနာမှုအပေါ်အခြေခံပြီး နက်နဲတဲ့ ဆက်သွယ်မှုမှုများကို ဖန်တီးနိုင်ကြပါတယ်။
MYit
zawgyi
Gemini
Leo
Scorpio
Pisces
MYit
Leave a Reply