ခိုင်မာတဲ့ Brand တစ်ခုတည်ဆောက်ဖို့အတွက်အချက် ၆ ချက်

အားပေးသူအခိုင်အမာရှိတဲ့ ခိုင်မာတဲ့ Brand တစ်ခုတည်ဆောက်ဖို့ဆိုတာ ခက်ခဲလှပါတယ်။အထူးသဖြင့်ကိုယ်ပိုင်လုပ်ငန်းအသေးလေးတွေစတင်လုပ်ကိုင်သူအဖို့ အများကြီးပိုကြိုးစားရသလိုအမှားလည်းမခံပါဘူး။ အပြိုင်အဆိုင်များတဲ့နယ်ပယ်မှာဆိုရင် Customer တွေကကိုယ့်ကုန်ပစ္စည်းကိုဦးစားပေးရွေးချယ်ဖို့အတွက် ကုန်ပစ္စည်းရဲ့မပြောင်းလဲတဲ့တန်ဖိုးနဲ့နာမည်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားနိုင်ဖို့မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့်အခုမှအမှတ်တံဆိပ်တစ်ခုကိုစတင်ထိုးဖောက်သူတို့အတွက် မဖြစ်မနေလိုက်နာသင့်တဲ့အချက် ၆ချက်ရှိပါတယ်။

SEO အကြောင်းသင်ယူထားပါ
Search Engine Optimization လို့ခေါ်တဲ့ SEO အကြောင်းကိုနားလည်ထားပြီး အသုံးပြုတတ်ခြင်းကကိုယ့်ကုန်အမှတ်တံဆိပ်ကို Customer တွေများများတွေ့ရှိစေပါတယ်။ Google လိုမျိုး Search Engine တွေမှာ ကိုယ့်အမှတ်တံဆိပ်အကြောင်းထိပ်ဆုံးမှာတွေ့စေဖို့၊ Keyword နဲ့ရှာတိုင်းမှာ ကိုယ့် Content တွေထိပ်ဆုံးရောက်နေစေဖို့ SEO အကြောင်းနားလည်ဖို့လိုပါတယ်။ကိုယ့်ရဲ့ ကုန်ပစ္စည်း Website မှာ Title ၊ Description နဲ့ Keywords တွေထည့်ပါ။ Web Page ၊ FB Page နဲ့ Content တွေမှာ Link တွေများများထည့်ပေးပါ။ Website နဲ့ပစ္စည်းရောင်းတယ်ဆိုရင် Web Page ကိုလေးမနေအောင်လုပ်ဆောင်ထားဖို့လိုပါတယ်။

ကိုယ့်ရဲ့ Target Audience ကိုနားလည်ပါ
ကိုယ့်အနေနဲ့ဘယ်အသက်အရွယ်၊ ဘယ်လိုလူတန်းစားမျိုးကိုဦးတည်ပြီးကိုယ့်ကုန်ပစ္စည်းကိုရောင်းမှာလဲဆိုတာက အရေးကြီးတဲ့အချက်တစ်ချက်ပါ။ ကိုယ့်ရဲ့ Target Audienceပေါ်မူတည်ပြီး ထုတ်မယ့်ကုန်ပစ္စည်းအရည်အသွေး၊ တန်ဖိုး၊ အသုံးပြုမယ့် Marketing Plan ၊ ရေးမယ့် Content ၊ သုံးမယ့်လေသံ၊ ဓာတ်ပုံနဲ့ဒီဇိုင်း စတာတွေက ကွာခြားသွားမှာဖြစ်ပါတယ်။Target Audience ကိုကောင်းကောင်းနားလည်ပြီး ပြင်ဆင်တတ်တယ်ဆိုရင် ကိုယ့် Brand ဟာလည်းလူတွေကြားထဲမြန်မြန်ရောက်ရှိသွားမှာဖြစ်ပါတယ်။

Story တည်ဆောက်တတ်ပါစေ
ကုန်ပစ္စည်းတစ်ခုဟာ လူတွေရဲ့စိတ်နှလုံးကိုထိရှစေတယ်ဆိုရင် ဒါကိုလူတွေမှတ်မိစေဖို့၊ဝယ်ယူစေဖို့မခက်ခဲတော့ပါဘူး။ဒါကြောင့်ကိုယ့် Product အတွက်ကောင်းမွန်တဲ့ Story လိုအပ်ပါတယ်။ လူတွေအသည်းစွဲစေမယ့် Story မျိုးမဟုတ်ရင်တောင် ကိုယ့် Product ဘယ်လိုဖြစ်တည်လာတယ်၊ ဘာကြောင့်ဖြစ်တည်လာရတယ်၊ဘာကိုတန်ဖိုးထားတယ်၊ဝယ်ယူသူအတွက်ဘယ်လိုအကျိုးရှိတဲ့အရာတွေကိုပိုင် ဆိုင်စေတယ်ဆိုတဲ့အချက်တွေကိုတော့ပြောပြနိုင်ရမှာဖြစ်ပါတယ်။

ကောင်းမွန်တဲ့ဓာတ်ပုံများ
ကိုယ့် Brand အတွက် Marketing Budget အများကြီးမသုံးနိုင်သေးရင်တောင်ဓာတ်ပုံကောင်းကောင်းရိုက်ဖို့ကိုတော့မနှမြောပါနဲ့။ ပုံကောင်းတစ်ပုံဟာ ကိုယ့် Brand Image ကိုအများကြီးတက်စေနိုင်သလို ဝယ်သူတွေရဲ့ယုံကြည်မှု၊ စိတ်ဝင်စားမှုကိုအများကြီးပိုင်ဆိုင်သွားစေနိုင်ပါတယ်။ဒါကြောင့် ဘာကိုပဲရောင်းရောင်း Product ပုံကိုတော့အကောင်းမွန်ဆုံး၊ အသပ်ရပ်ဆုံးရိုက်ကူးပါ။ Creative ဖြစ်အောင်အမြဲတမ်းလေ့လာတင်ဆက်နိုင်ဖို့လိုပါတယ်။

တည်ငြိမ်တဲ့ Brand Image
ကိုယ့် Brand အကြောင်းကိုပြနေမယ့် Brand Logo ၊ Visual Design ၊ Colour နဲ့ သုံးတဲ့အသံ Tone တွေဟာ တည်ငြိမ်နေဖို့လိုပါတယ်။ ကုန်ပစ္စည်းကို အကောင်းဆုံးဖန်တီးရောင်းချပေမယ့်ဖြစ်သလိုသုံးထားတဲ့ Logo နဲ့ဆိုရင် ကိုယ့်ကုန်ပစ္စည်းကိုတန်ဖိုးကျစေနိုင်ပါတယ်။ကိုယ့် Brand နဲ့မလိုက်ဖက်တဲ့ Visual Design တွေ၊ အပြောအဆို၊ အရေးအသားတွေကလည်းကိုယ့်ကုန်ပစ္စည်းကိုအယုံအကြည်မဲ့စေနိုင်ပါတယ်။ဒါ့ကြောင့် ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့အသေးစားလုပ်ငန်းလေးတွေစတင်လုပ်ကိုင်မယ်ဆိုရင်တခြားနေရာတွေမှာ ငွေကိုချွေတာနိုင်ပေမယ့် အပေါ်ကဖော်ပြခဲ့တဲ့အချက်တွေမှာတော့ငွေကိုမချွေတာသင့်ဘူးဆိုတာ အကြံပြုချင်ပါတယ်နော်။

Ju Ju

zawgyi

အားေပးသူအခိုင္အမာရွိတဲ့ ခိုင္မာတဲ့ Brand တစ္ခုတည္ေဆာက္ဖို႔ဆိုတာ ခက္ခဲလွပါတယ္။အထူးသျဖင့္ကိုယ္ပိုင္လုပ္ငန္းအေသးေလးေတြစတင္လုပ္ကိုင္သူအဖို႔ အမ်ားႀကီးပိုႀကိဳးစားရသလိုအမွားလည္းမခံပါဘူး။ အၿပိဳင္အဆိုင္မ်ားတဲ့နယ္ပယ္မွာဆိုရင္ Customer ေတြကကိုယ့္ကုန္ပစၥည္းကိုဦးစားေပးေ႐ြးခ်ယ္ဖို႔အတြက္ ကုန္ပစၥည္းရဲ႕မေျပာင္းလဲတဲ့တန္ဖိုးနဲ႔နာမည္ေကာင္းတစ္ခုကိုပိုင္ဆိုင္ထားႏိုင္ဖို႔မျဖစ္မေနလိုအပ္ပါတယ္။ ဒါေၾကာင့္အခုမွအမွတ္တံဆိပ္တစ္ခုကိုစတင္ထိုးေဖာက္သူတို႔အတြက္ မျဖစ္မေနလိုက္နာသင့္တဲ့အခ်က္ ၆ခ်က္ရွိပါတယ္။

SEO အေၾကာင္းသင္ယူထားပါ
Search Engine Optimization လို႔ေခၚတဲ့ SEO အေၾကာင္းကိုနားလည္ထားၿပီး အသုံးျပဳတတ္ျခင္းကကိုယ့္ကုန္အမွတ္တံဆိပ္ကို Customer ေတြမ်ားမ်ားေတြ႕ရွိေစပါတယ္။ Google လိုမ်ိဳး Search Engine ေတြမွာ ကိုယ့္အမွတ္တံဆိပ္အေၾကာင္းထိပ္ဆုံးမွာေတြ႕ေစဖို႔၊ Keyword နဲ႔ရွာတိုင္းမွာ ကိုယ့္ Content ေတြထိပ္ဆုံးေရာက္ေနေစဖို႔ SEO အေၾကာင္းနားလည္ဖို႔လိုပါတယ္။ကိုယ့္ရဲ႕ ကုန္ပစၥည္း Website မွာ Title ၊ Description နဲ႔ Keywords ေတြထည့္ပါ။ Web Page ၊ FB Page နဲ႔ Content ေတြမွာ Link ေတြမ်ားမ်ားထည့္ေပးပါ။ Website နဲ႔ပစၥည္းေရာင္းတယ္ဆိုရင္ Web Page ကိုေလးမေနေအာင္လုပ္ေဆာင္ထားဖို႔လိုပါတယ္။

ကိုယ့္ရဲ႕ Target Audience ကိုနားလည္ပါ
ကိုယ့္အေနနဲ႔ဘယ္အသက္အ႐ြယ္၊ ဘယ္လိုလူတန္းစားမ်ိဳးကိုဦးတည္ၿပီးကိုယ့္ကုန္ပစၥည္းကိုေရာင္းမွာလဲဆိုတာက အေရးႀကီးတဲ့အခ်က္တစ္ခ်က္ပါ။ ကိုယ့္ရဲ႕ Target Audienceေပၚမူတည္ၿပီး ထုတ္မယ့္ကုန္ပစၥည္းအရည္အေသြး၊ တန္ဖိုး၊ အသုံးျပဳမယ့္ Marketing Plan ၊ ေရးမယ့္ Content ၊ သုံးမယ့္ေလသံ၊ ဓာတ္ပုံနဲ႔ဒီဇိုင္း စတာေတြက ကြာျခားသြားမွာျဖစ္ပါတယ္။Target Audience ကိုေကာင္းေကာင္းနားလည္ၿပီး ျပင္ဆင္တတ္တယ္ဆိုရင္ ကိုယ့္ Brand ဟာလည္းလူေတြၾကားထဲျမန္ျမန္ေရာက္ရွိသြားမွာျဖစ္ပါတယ္။

Story တည္ေဆာက္တတ္ပါေစ
ကုန္ပစၥည္းတစ္ခုဟာ လူေတြရဲ႕စိတ္ႏွလုံးကိုထိရွေစတယ္ဆိုရင္ ဒါကိုလူေတြမွတ္မိေစဖို႔၊ဝယ္ယူေစဖို႔မခက္ခဲေတာ့ပါဘူး။ဒါေၾကာင့္ကိုယ့္ Product အတြက္ေကာင္းမြန္တဲ့ Story လိုအပ္ပါတယ္။ လူေတြအသည္းစြဲေစမယ့္ Story မ်ိဳးမဟုတ္ရင္ေတာင္ ကိုယ့္ Product ဘယ္လိုျဖစ္တည္လာတယ္၊ ဘာေၾကာင့္ျဖစ္တည္လာရတယ္၊ဘာကိုတန္ဖိုးထားတယ္၊ဝယ္ယူသူအတြက္ဘယ္လိုအက်ိဳးရွိတဲ့အရာေတြကိုပိုင္ ဆိုင္ေစတယ္ဆိုတဲ့အခ်က္ေတြကိုေတာ့ေျပာျပႏိုင္ရမွာျဖစ္ပါတယ္။

ေကာင္းမြန္တဲ့ဓာတ္ပုံမ်ား
ကိုယ့္ Brand အတြက္ Marketing Budget အမ်ားႀကီးမသုံးႏိုင္ေသးရင္ေတာင္ဓာတ္ပုံေကာင္းေကာင္း႐ိုက္ဖို႔ကိုေတာ့မႏွေျမာပါနဲ႔။ ပုံေကာင္းတစ္ပုံဟာ ကိုယ့္ Brand Image ကိုအမ်ားႀကီးတက္ေစႏိုင္သလို ဝယ္သူေတြရဲ႕ယုံၾကည္မႈ၊ စိတ္ဝင္စားမႈကိုအမ်ားႀကီးပိုင္ဆိုင္သြားေစႏိုင္ပါတယ္။ဒါေၾကာင့္ ဘာကိုပဲေရာင္းေရာင္း Product ပုံကိုေတာ့အေကာင္းမြန္ဆုံး၊ အသပ္ရပ္ဆုံး႐ိုက္ကူးပါ။ Creative ျဖစ္ေအာင္အၿမဲတမ္းေလ့လာတင္ဆက္ႏိုင္ဖို႔လိုပါတယ္။

တည္ၿငိမ္တဲ့ Brand Image
ကိုယ့္ Brand အေၾကာင္းကိုျပေနမယ့္ Brand Logo ၊ Visual Design ၊ Colour နဲ႔ သုံးတဲ့အသံ Tone ေတြဟာ တည္ၿငိမ္ေနဖို႔လိုပါတယ္။ ကုန္ပစၥည္းကို အေကာင္းဆုံးဖန္တီးေရာင္းခ်ေပမယ့္ျဖစ္သလိုသုံးထားတဲ့ Logo နဲ႔ဆိုရင္ ကိုယ့္ကုန္ပစၥည္းကိုတန္ဖိုးက်ေစႏိုင္ပါတယ္။ကိုယ့္ Brand နဲ႔မလိုက္ဖက္တဲ့ Visual Design ေတြ၊ အေျပာအဆို၊ အေရးအသားေတြကလည္းကိုယ့္ကုန္ပစၥည္းကိုအယုံအၾကည္မဲ့ေစႏိုင္ပါတယ္။ဒါ့ေၾကာင့္ ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔အေသးစားလုပ္ငန္းေလးေတြစတင္လုပ္ကိုင္မယ္ဆိုရင္တျခားေနရာေတြမွာ ေငြကိုေခြၽတာႏိုင္ေပမယ့္ အေပၚကေဖာ္ျပခဲ့တဲ့အခ်က္ေတြမွာေတာ့ေငြကိုမေခြၽတာသင့္ဘူးဆိုတာ အႀကံျပဳခ်င္ပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*