သမီးဖြစ်သူကြောင့်အသည်းကွဲရတဲ့ Backstreet Boys အဖွဲ့ဝင် AJ McLean

၁၉၉၀ ပြည့်နှစ်တွေမှာ ကမ္ဘာအနှံ့ကပရိသတ်တွေဆီသူတို့ရဲ့ပေါ့ပ်သီချင်းတွေရောက်ရှိစေခဲ့ပြီးနာမည်ကြီးခဲ့တဲ့ Backstreet Boys အဖွဲ့ဟာနောက်ထပ်အယ်လ်ဘမ်အသစ်တစ်ခုကို ပရိသတ်ဆီပို့ဆောင်နိုင်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။Backstreet Boys အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ AJ McLean က E! News နဲ့အင်တာဗျူးမှာ ၁၀နှစ်အရွယ် သူ့ရဲ့သမီးလေးဖြစ်သူ Elliott ကြောင့်အသည်းကွဲနေရတယ်လို့ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့သမီးလေးက တစ်ချိန်လုံး NSYNC ရဲ့သီချင်းတွေကိုနားထောင်တယ်၊ လိုက်ဆိုတယ်။သူ့ကိုမေးကြည့်တော့ သမီးကြိုက်တယ်တဲ့၊ အဲဒါလေးကိုတော့ ကျွန်တော်တကယ်ခံစားရပါတယ်”လို့ပြောခဲ့တာဖြစ်ပါတယ်။ NSYNC အဖွဲ့မှာ Justin Timberlake ၊ JC Chasez ၊ Lance Bass ၊ Joey Fatone နဲ့ Chris Kirkpatrick တို့ပါဝင်တာဖြစ်ပါတယ်။တိုက်ဆိုင်မှုတစ်ခုရှိနေတာကိုလည်း NSYNC ရဲ့ အဖွဲ့ဝင် Joey ကရင်ဖွင့်ခဲ့ပါသေးတယ်။ Joey ရဲ့ ၁၃နှစ်အရွယ်သမီးဖြစ်သူ Kloey ကတော့ Backstreet Boys ရဲ့သီချင်းစာသားတွေကိုပိုပြီးရနေတာဖြစ်ပါတယ်တဲ့။ဒါကြောင့်လည်း Elliott နဲ့ Kloey တို့ဟာ အနုပညာရှင်ဖေဖေတွေစုစည်းပါဝင်ထားတဲ့ The Children’s Place Campaign မှာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတာအံ့ဩစရာမရှိဘူးလို့ AJ McLeanကပြောပြခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

၁၉၉၀ ျပည့္ႏွစ္ေတြမွာ ကမာၻအႏွံ႔ကပရိသတ္ေတြဆီသူတို႔ရဲ႕ေပါ့ပ္သီခ်င္းေတြေရာက္ရွိေစခဲ့ၿပီးနာမည္ႀကီးခဲ့တဲ့ Backstreet Boys အဖြဲ႕ဟာေနာက္ထပ္အယ္လ္ဘမ္အသစ္တစ္ခုကို ပရိသတ္ဆီပို႔ေဆာင္ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔သိရပါတယ္။Backstreet Boys အဖြဲ႕ရဲ႕ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ AJ McLean က E! News နဲ႔အင္တာဗ်ဴးမွာ ၁၀ႏွစ္အ႐ြယ္ သူ႔ရဲ႕သမီးေလးျဖစ္သူ Elliott ေၾကာင့္အသည္းကြဲေနရတယ္လို႔ေျဖၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ရဲ႕သမီးေလးက တစ္ခ်ိန္လုံး NSYNC ရဲ႕သီခ်င္းေတြကိုနားေထာင္တယ္၊ လိုက္ဆိုတယ္။သူ႔ကိုေမးၾကည့္ေတာ့ သမီးႀကိဳက္တယ္တဲ့၊ အဲဒါေလးကိုေတာ့ ကြၽန္ေတာ္တကယ္ခံစားရပါတယ္”လို႔ေျပာခဲ့တာျဖစ္ပါတယ္။ NSYNC အဖြဲ႕မွာ Justin Timberlake ၊ JC Chasez ၊ Lance Bass ၊ Joey Fatone နဲ႔ Chris Kirkpatrick တို႔ပါဝင္တာျဖစ္ပါတယ္။တိုက္ဆိုင္မႈတစ္ခုရွိေနတာကိုလည္း NSYNC ရဲ႕ အဖြဲ႕ဝင္ Joey ကရင္ဖြင့္ခဲ့ပါေသးတယ္။ Joey ရဲ႕ ၁၃ႏွစ္အ႐ြယ္သမီးျဖစ္သူ Kloey ကေတာ့ Backstreet Boys ရဲ႕သီခ်င္းစာသားေတြကိုပိုၿပီးရေနတာျဖစ္ပါတယ္တဲ့။ဒါေၾကာင့္လည္း Elliott နဲ႔ Kloey တို႔ဟာ အႏုပညာရွင္ေဖေဖေတြစုစည္းပါဝင္ထားတဲ့ The Children’s Place Campaign မွာ အခ်စ္ဆုံးသူငယ္ခ်င္းေတြျဖစ္ခဲ့ၾကတာအံ့ဩစရာမရွိဘူးလို႔ AJ McLeanကေျပာျပခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*