ရိုလာကိုစတာစီးသလိုခံစားရစေမယ့် ဒေးဗစ်ဘက်ခမ်းရဲ့ Documentary

David id and Victoria Beckham wait for the start of the Leagues Cup soccer match between the Inter Miami and Atlanta United, Tuesday, July 25, 2023, in Fort Lauderdale, Fla. (AP Photo/Lynne Sladky)

ကမ္ဘာကျော်ဘောလုံးသမားဒေးဗစ်ဘက်ခမ်းနဲ့အဆိုတော်ဗစ်တိုးရီးယားတို့ရဲ့အချစ်ပုံပြင်အပိုင်းအစလေးကို ကြော်ငြာအနေနဲ့မကြာသေးခင်က Netflix မှာပြသခဲ့တယ်လို့သိရပါတယ်။ဒါဟာ ဒေးဗစ်ဘက်ခမ်းရဲ့ Documentary ထဲကတစ်စိတ်တစ်ပိုင်းဖြစ်ပြီး အပိုင်း ၄ ပိုင်း ပါရှိမယ့်သူ့ရဲ့ Documentary ကို အောက်တိုဘာလ ၄ ရက်နေ့မှာစတင်ပြသမယ်လို့သိရပါတယ်။ Documentary ထဲမှာသူ့ရဲ့ငယ်ဘဝ၊ မန်ချက်စတာယူနိုက်တက်နဲ့စာချုပ်မချုပ်ဆိုခင်ဘဝနဲ့အောင်မြင်မှုရလာပြီးအခြေအနေတွေအထိပါဝင်မှာဖြစ်ပါတယ်။

ဗက်တိုးရီးယားနဲ့ စတင်တွေ့ဆုံခဲ့ပုံ၊ ချိန်းတွေ့ပုံ၊ လက်ထပ်ဖြစ်ခဲ့ပုံတွေကိုအချစ်ဇာတ်လမ်းဆန်ဆန်လေးခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီ Documentary ကို ဒါရိုက်တာ Fisher Stevens က ရိုက်ကူးတာဖြစ်ပြီး “ပရိသတ်တွေအနေနဲ့ ဒါကိုကြည့်ရှုတဲ့အခါရိုလာကိုစတာစီးရသလိုခံစားရမှာပါ။ မထင်မှတ်တာလေးတွေ၊ အတွင်းရေးတွေ၊အောင်မြင်တဲ့ဘောလုံးသမားတစ်ယောက်ရဲ့တကယ့်ဘဝ နဲ့အနိမ့်အမြင့်အတက်အကျဒါတွေကိုခံစားမှုအမျိုးမျိုးနဲ့ကြည့်ရမှာဖြစ်ပါတယ်” လို့သူကပြောခဲ့ပါတယ်။ဒီ Documentary Series နာမည်က “Beckham” ဖြစ်ပြီး အောက်တိုဘာလ ၄ ရက်နေ့၊ Netflix မှာစတင်ကြည့်ရှုနိုင်ပါပြီနော်။

Ju Ju

zawgyi

ကမာၻေက်ာ္ေဘာလုံးသမားေဒးဗစ္ဘက္ခမ္းနဲ႔အဆိုေတာ္ဗစ္တိုးရီးယားတို႔ရဲ႕အခ်စ္ပုံျပင္အပိုင္းအစေလးကို ေၾကာ္ျငာအေနနဲ႔မၾကာေသးခင္က Netflix မွာျပသခဲ့တယ္လို႔သိရပါတယ္။ဒါဟာ ေဒးဗစ္ဘက္ခမ္းရဲ႕ Documentary ထဲကတစ္စိတ္တစ္ပိုင္းျဖစ္ၿပီး အပိုင္း ၄ ပိုင္း ပါရွိမယ့္သူ႔ရဲ႕ Documentary ကို ေအာက္တိုဘာလ ၄ ရက္ေန႔မွာစတင္ျပသမယ္လို႔သိရပါတယ္။ Documentary ထဲမွာသူ႔ရဲ႕ငယ္ဘဝ၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔စာခ်ဳပ္မခ်ဳပ္ဆိုခင္ဘဝနဲ႔ေအာင္ျမင္မႈရလာၿပီးအေျခအေနေတြအထိပါဝင္မွာျဖစ္ပါတယ္။

ဗက္တိုးရီးယားနဲ႔ စတင္ေတြ႕ဆုံခဲ့ပုံ၊ ခ်ိန္းေတြ႕ပုံ၊ လက္ထပ္ျဖစ္ခဲ့ပုံေတြကိုအခ်စ္ဇာတ္လမ္းဆန္ဆန္ေလးခံစားၾကည့္ရႈရမွာျဖစ္ပါတယ္။ ဒီ Documentary ကို ဒါ႐ိုက္တာ Fisher Stevens က ႐ိုက္ကူးတာျဖစ္ၿပီး “ပရိသတ္ေတြအေနနဲ႔ ဒါကိုၾကည့္ရႈတဲ့အခါ႐ိုလာကိုစတာစီးရသလိုခံစားရမွာပါ။ မထင္မွတ္တာေလးေတြ၊ အတြင္းေရးေတြ၊ေအာင္ျမင္တဲ့ေဘာလုံးသမားတစ္ေယာက္ရဲ႕တကယ့္ဘဝ နဲ႔အနိမ့္အျမင့္အတက္အက်ဒါေတြကိုခံစားမႈအမ်ိဳးမ်ိဳးနဲ႔ၾကည့္ရမွာျဖစ္ပါတယ္” လို႔သူကေျပာခဲ့ပါတယ္။ဒီ Documentary Series နာမည္က “Beckham” ျဖစ္ၿပီး ေအာက္တိုဘာလ ၄ ရက္ေန႔၊ Netflix မွာစတင္ၾကည့္ရႈႏိုင္ပါၿပီေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*