တရားဝင်ဖျက်သိမ်းလိုက်တဲ့ The Regrettes အဖွဲ့

The Regrettes' new album is titled How Do You Love?

LA Band တစ်ခုဖြစ်တဲ့ The Regrettes အဖွဲ့ဟာ ၈ နှစ်အကြာမှာတရားဝင်ဖျက်သိမ်းလိုက်ပြီလို့သိရပါတယ်။ The Regrettes ကို ၂၀၁၅ ခုနစ်ကစတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များအဖြစ် Genessa Gariano ၊ Brooke Dickson ၊Lydia Night နဲ့ Drew Thomsen တို့ပါဝင်ပါတယ်။အဖွဲ့ဝင်အားလုံးရဲ့သဘောဆန္ဒနဲ့အဖွဲ့ကိုဖျက်သိမ်းလိုက်ကြောင်း The Regrettes ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ “နှစ်တွေအများကြီးဖြတ်သန်းလာပြီးတဲ့အချိန်မှာအားလုံးက တခြားပရောဂျက်တွေကိုလည်း အချိန်ပေးဖို့လိုအပ်လာကြတယ်၊

ခုချိန်ထိအဖွဲ့ဝင်တစ်ယောက်ကို တစ်ယောက်ရင်ထဲကနေချစ်နေတုန်းပါ၊ တခြားဘာကိစ္စရပ်မှမရှိပါဘူး၊ ဒီ ၈ နှစ်အထိ အတူတူရှိပေးတဲ့ Fan တွေကိုကျေးဇူးတင်ပါတယ်” လို့ရေးသားခဲ့တာဖြစ်ပါတယ်။သူတို့အဖွဲ့ဟာ Feel Your Feelings၊ Attention Seeker (EP)၊ How Do You Love နဲ့ Further Joy စတဲ့အယ်လ်ဘမ်လေးခုထွက်ခဲ့ပါတယ်။ သူတို့ရဲ့အအောင်မြင်ဆုံးသီချင်းတွေထဲမှာ Barely on my mind ၊Pumpkin ၊ Seashore ၊ I Dare You ၊ Monday နဲ့ Dancing On My Own တို့ပါဝင်ပါတယ်။ဒီဇင်ဘာလ ၂၁ ရက်နေ့၊ LA မှာကျင်းပမယ့် သူတို့ရဲ့ဖျော်ဖြေပွဲဟာ The Regrettes ရဲ့နောက်ဆုံးရှိုးနဲ့ Farewell Show ဖြစ်လိမ့်မယ်လို့ သိရပါတယ်။

Ju Ju

zawgyi

LA Band တစ္ခုျဖစ္တဲ့ The Regrettes အဖြဲ႕ဟာ ၈ ႏွစ္အၾကာမွာတရားဝင္ဖ်က္သိမ္းလိုက္ၿပီလို႔သိရပါတယ္။ The Regrettes ကို ၂၀၁၅ ခုနစ္ကစတင္ဖြဲ႕စည္းခဲ့ၿပီး အဖြဲ႕ဝင္မ်ားအျဖစ္ Genessa Gariano ၊ Brooke Dickson ၊Lydia Night နဲ႔ Drew Thomsen တို႔ပါဝင္ပါတယ္။အဖြဲ႕ဝင္အားလုံးရဲ႕သေဘာဆႏၵနဲ႔အဖြဲ႕ကိုဖ်က္သိမ္းလိုက္ေၾကာင္း The Regrettes ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ေၾကညာခဲ့တာျဖစ္ပါတယ္။ “ႏွစ္ေတြအမ်ားႀကီးျဖတ္သန္းလာၿပီးတဲ့အခ်ိန္မွာအားလုံးက တျခားပေရာဂ်က္ေတြကိုလည္း အခ်ိန္ေပးဖို႔လိုအပ္လာၾကတယ္၊

ခုခ်ိန္ထိအဖြဲ႕ဝင္တစ္ေယာက္ကို တစ္ေယာက္ရင္ထဲကေနခ်စ္ေနတုန္းပါ၊ တျခားဘာကိစၥရပ္မွမရွိပါဘူး၊ ဒီ ၈ ႏွစ္အထိ အတူတူရွိေပးတဲ့ Fan ေတြကိုေက်းဇူးတင္ပါတယ္” လို႔ေရးသားခဲ့တာျဖစ္ပါတယ္။သူတို႔အဖြဲ႕ဟာ Feel Your Feelings၊ Attention Seeker (EP)၊ How Do You Love နဲ႔ Further Joy စတဲ့အယ္လ္ဘမ္ေလးခုထြက္ခဲ့ပါတယ္။ သူတို႔ရဲ႕အေအာင္ျမင္ဆုံးသီခ်င္းေတြထဲမွာ Barely on my mind ၊Pumpkin ၊ Seashore ၊ I Dare You ၊ Monday နဲ႔ Dancing On My Own တို႔ပါဝင္ပါတယ္။ဒီဇင္ဘာလ ၂၁ ရက္ေန႔၊ LA မွာက်င္းပမယ့္ သူတို႔ရဲ႕ေဖ်ာ္ေျဖပြဲဟာ The Regrettes ရဲ႕ေနာက္ဆုံးရႈိးနဲ႔ Farewell Show ျဖစ္လိမ့္မယ္လို႔ သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*