အလုပ်စဝင်တဲ့နေ့မှာကတည်းက ကိုယ့်ကိုယုံကြည်မှုရှိလာစေဖို့

အောင်မြင်တဲ့ Team တစ်ခုရဖို့ ယုံကြည်မှုရှိခြင်းကအခြေခံအုတ်မြစ်တစ်ခုပါ။ ပူးပေါင်းဆောင်ရွက်ခြင်း၊ဆက်သွယ်ပြောဆိုခြင်း၊မှတ် ချက်ပြန်ပေးခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်းတွေဟာခေါင်းဆောင်အပေါ်ယုံကြည်မှုရှိမှတစ်ဦးနဲ့တစ်ဦးယုံကြည်မှုရှိမှအကောင်းဆုံးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ကိုယ်ကခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်စလုပ်ပြီဆိုရင် အလုပ်စဝင်တဲ့နေ့မှာကတည်းကအဖွဲ့သားအားလုံးနဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့အရေးကြီးပါတယ်။ဒီလိုယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့နည်းလမ်းတွေကဒီမှာပါ။

ပထမခြေလှမ်း – စိတ်ဝင်စားပေးပါ
အဖွဲ့ဝင်တစ်ဦးချင်းအပေါ်ကို သင်ကအစစ်အမှန်စိတ်ဝင်စားကြောင်းပြသဖို့လိုပါတယ်။အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ နာမည်၊ နောက်ခံ Background၊ ရာထူး၊ အားသာချက်နဲ့ရည်မှန်းချက်တွေကိုမေးနိုင်ပါတယ်။ သူတို့ကိုအဖွင့်မေးခွန်းတွေမေးပြီးပြန်ဖြေလာသမျှကိုစိတ်ဝင်တစားနားထောင်ပေးလိုက်ပါ။ ကိုယ့်အကြောင်းကိုလည်းပြန်မိတ်ဆက်ပါ။ဒါပေမဲ့သူတို့တစ်ဦးချင်း စကားပြောနှုတ်ဆက်ချိန်နည်းသွားလောက်အောင်အများကြီးပြောပြနေတာမျိုးမလုပ်သင့်ပါဘူး။

ဒုတိယခြေလှမ်း – ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်ရှိပါ
ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် ဒုတိယခြေလှမ်းကတော့ ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်ချမှတ်ထားခြင်းပါပဲ။ ကိုယ့်ရဲ့မျှော်မှန်းချက်၊ ရည်မှန်းချက်၊ တန်ဖိုးထားမှုနဲ့ ဦးတည်ချက်တွေကိုတိတိကျကျ ပြောဆိုဖို့အရေးကြီးပါတယ်။ အဖွဲ့ဝင်တွေဘယ်လိုကြိုးစားမယ်ဆိုရင်အဖွဲ့တစ်ခုလုံးအတွက်ရော ၊ ကုမ္ပဏီတစ်ခုလုံးအတွက်ပါ အောင်မြင်မှုဘယ်လိုရလာနိုင်ကြောင်းတွေကိုပြောပြရမှာဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေအပေါ် မှန်ကန်တဲ့ Feedback တွေပေးတာ၊ Motivation ရအောင်ပြောဆိုနိုင်တာတွေကခေါင်းဆောင်အပေါ်ယုံကြည်ကိုးစားမှုတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။

တတိယခြေလှမ်း – ပွင့်လင်းမြင်သာမှုရှိပါ၊ ရိုးသားပါ
ယုံကြည်ရတဲ့သတင်းအချက်အလက်တွေ၊ နောက်ဆုံးရသတင်းတွေ၊ သိသင့်တဲ့အရာတွေကို ကိုယ့် Team ကိုအမြဲတမ်းမျှဝေပေးဖို့လိုပါတယ်။ ကိုယ်ကဆရာကြီးပုံပေါက်အောင် ထိန်ချန်ထားတာ၊လျှိ့ဝှက်ထားတာမျိုးတွေမရှိသင့်ပါဘူး။ ဒါအပြင်ကိုယ့်ဘက်ကတစ်စုံတစ်ခုမှားယွင်းခဲ့တယ်ဆိုရင်လည်းမှားကြောင်းဝန်ခံဖို့၊ ပြန်တောင်းပန်ဖို့ဝန်မလေးသင့်ပါဘူး။ သတင်းဆိုးတွေကိုလည်းသကာအုပ်ပြီးလိမ်လည်ပြောဆိုတာမျိုးတွေလည်းမလုပ်ပါနဲ့နော်။ မတည်နိုင်တဲ့ကတိတွေပေးတာ၊ကတိဖျက်တာမျိုးတွေကလည်း ကိုယ့်အပေါ်ယုံကြည်မှုပျက် ပြားစေနိုင်ပါတယ်။

စတုတ္ထခြေလှမ်း – မတူကွဲပြားမှုတွေကိုလက်ခံပေးပါ
အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့မတူညီတဲ့အမြင်တွေကို လေးစားပေးဖို့လိုပါတယ်။ အဖွဲ့ဝင်တွေဟာမတူညီတဲ့ပတ်ဝန်းကျင်၊ မတူညီတဲ့ဘဝဖြတ် သန်းမှုတွေနဲ့ရောက်လာသူတွေမို့သူတို့ရဲ့မတူကွဲပြားတဲ့အတွေးအခေါ်၊ အကြံဉာဏ်တွေကို နားလည်လက်ခံပေးနိုင်ဖို့အရေးကြီးပါတယ်။
သူတို့ရဲ့ အမြင်တွေကို ဟာသလုပ်တာ၊ ပေါ့ပြက်ပြက်သဘောထားတာ၊ပြစ်တင်ဝေဖန်တာမျိုးတွေမလုပ်မိဖို့လိုပါတယ်။

ပဉ္စမခြေလှမ်း – ရောနှောနေထိုင်ပါ
အဖွဲ့ဝင်တွေနဲ့ အသားတကျနေထိုင်နိုင်တာ၊ အကြိုက်တူတာ၊ ရယ်မောပျော်ရွှင်တတ်တာကကိုယ့်ကိုချစ်ခင်ယုံကြည်လာစေဖို့ မဖြစ်မနေလိုအပ်တဲ့အရာတွေဖြစ်ပါတယ်။ ရုံးချိန်ပြင်ပစကားပြောတာ၊ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေမျှဝေတာ၊ အတူတူမုန့်သွားစားတာ၊
ဂိမ်းတူတူဆော့တာမျိုးတွေက အဖွဲ့တစ်ခုလုံးချစ်ခင်စည်းလုံးလာစေဖို့လုပ်သင့်တဲ့အချက်တွေဖြစ်ပါတယ်။ ကိုယ်ဟာလည်း လူသားတစ်ယောက်၊ပျော်ရွှင်တတ်သူတစ်ယောက်ဆိုတာကို ပြသပေးဖို့လိုပါတယ်နော်။ဒီခြေလှမ်းတွေနဲ့ဆိုရင်တော့ ကိုယ့်ကိုယုံကြည်မှုရှိလာပြီး ပရောဂျက်တိုင်းကို တက်ကြွစွာ၊ စည်းလုံးစွာနဲ့လုပ်ဆောင်နိုင်လာပါလိမ့်မယ်။

Ju Ju

zawgyi

ေအာင္ျမင္တဲ့ Team တစ္ခုရဖို႔ ယုံၾကည္မႈရွိျခင္းကအေျခခံအုတ္ျမစ္တစ္ခုပါ။ ပူးေပါင္းေဆာင္႐ြက္ျခင္း၊ဆက္သြယ္ေျပာဆိုျခင္း၊မွတ္ ခ်က္ျပန္ေပးျခင္း၊ စြမ္းေဆာင္ရည္ျမင့္မားျခင္းေတြဟာေခါင္းေဆာင္အေပၚယုံၾကည္မႈရွိမွတစ္ဦးနဲ႔တစ္ဦးယုံၾကည္မႈရွိမွအေကာင္းဆုံးျဖစ္ေပၚလာတာျဖစ္ပါတယ္။ကိုယ္ကေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ အလုပ္စလုပ္ၿပီဆိုရင္ အလုပ္စဝင္တဲ့ေန႔မွာကတည္းကအဖြဲ႕သားအားလုံးနဲ႔ယုံၾကည္မႈတည္ေဆာက္ႏိုင္ဖို႔အေရးႀကီးပါတယ္။ဒီလိုယုံၾကည္မႈတည္ေဆာက္ႏိုင္ဖို႔အတြက္ လက္ေတြ႕က်တဲ့နည္းလမ္းေတြကဒီမွာပါ။

ပထမေျခလွမ္း – စိတ္ဝင္စားေပးပါ
အဖြဲ႕ဝင္တစ္ဦးခ်င္းအေပၚကို သင္ကအစစ္အမွန္စိတ္ဝင္စားေၾကာင္းျပသဖို႔လိုပါတယ္။အဖြဲ႕ဝင္တစ္ဦးခ်င္းစီရဲ႕ နာမည္၊ ေနာက္ခံ Background၊ ရာထူး၊ အားသာခ်က္နဲ႔ရည္မွန္းခ်က္ေတြကိုေမးႏိုင္ပါတယ္။ သူတို႔ကိုအဖြင့္ေမးခြန္းေတြေမးၿပီးျပန္ေျဖလာသမွ်ကိုစိတ္ဝင္တစားနားေထာင္ေပးလိုက္ပါ။ ကိုယ့္အေၾကာင္းကိုလည္းျပန္မိတ္ဆက္ပါ။ဒါေပမဲ့သူတို႔တစ္ဦးခ်င္း စကားေျပာႏႈတ္ဆက္ခ်ိန္နည္းသြားေလာက္ေအာင္အမ်ားႀကီးေျပာျပေနတာမ်ိဳးမလုပ္သင့္ပါဘူး။

ဒုတိယေျခလွမ္း – ရွင္းလင္းျပတ္သားတဲ့ရည္မွန္းခ်က္ရွိပါ
ယုံၾကည္မႈတည္ေဆာက္ႏိုင္ဖို႔အတြက္ ဒုတိယေျခလွမ္းကေတာ့ ရွင္းလင္းျပတ္သားတဲ့ရည္မွန္းခ်က္ခ်မွတ္ထားျခင္းပါပဲ။ ကိုယ့္ရဲ႕ေမွ်ာ္မွန္းခ်က္၊ ရည္မွန္းခ်က္၊ တန္ဖိုးထားမႈနဲ႔ ဦးတည္ခ်က္ေတြကိုတိတိက်က် ေျပာဆိုဖို႔အေရးႀကီးပါတယ္။ အဖြဲ႕ဝင္ေတြဘယ္လိုႀကိဳးစားမယ္ဆိုရင္အဖြဲ႕တစ္ခုလုံးအတြက္ေရာ ၊ ကုမၸဏီတစ္ခုလုံးအတြက္ပါ ေအာင္ျမင္မႈဘယ္လိုရလာႏိုင္ေၾကာင္းေတြကိုေျပာျပရမွာျဖစ္ပါတယ္။ သူတို႔ရဲ႕လုပ္ေဆာင္ခ်က္ေတြအေပၚ မွန္ကန္တဲ့ Feedback ေတြေပးတာ၊ Motivation ရေအာင္ေျပာဆိုႏိုင္တာေတြကေခါင္းေဆာင္အေပၚယုံၾကည္ကိုးစားမႈေတြျဖစ္ေပၚလာေစႏိုင္ပါတယ္။

တတိယေျခလွမ္း – ပြင့္လင္းျမင္သာမႈရွိပါ၊ ႐ိုးသားပါ
ယုံၾကည္ရတဲ့သတင္းအခ်က္အလက္ေတြ၊ ေနာက္ဆုံးရသတင္းေတြ၊ သိသင့္တဲ့အရာေတြကို ကိုယ့္ Team ကိုအၿမဲတမ္းမွ်ေဝေပးဖို႔လိုပါတယ္။ ကိုယ္ကဆရာႀကီးပုံေပါက္ေအာင္ ထိန္ခ်န္ထားတာ၊လွ်ိ႕ဝွက္ထားတာမ်ိဳးေတြမရွိသင့္ပါဘူး။ ဒါအျပင္ကိုယ့္ဘက္ကတစ္စုံတစ္ခုမွားယြင္းခဲ့တယ္ဆိုရင္လည္းမွားေၾကာင္းဝန္ခံဖို႔၊ ျပန္ေတာင္းပန္ဖို႔ဝန္မေလးသင့္ပါဘူး။ သတင္းဆိုးေတြကိုလည္းသကာအုပ္ၿပီးလိမ္လည္ေျပာဆိုတာမ်ိဳးေတြလည္းမလုပ္ပါနဲ႔ေနာ္။ မတည္ႏိုင္တဲ့ကတိေတြေပးတာ၊ကတိဖ်က္တာမ်ိဳးေတြကလည္း ကိုယ့္အေပၚယုံၾကည္မႈပ်က္ ျပားေစႏိုင္ပါတယ္။

စတုတၳေျခလွမ္း – မတူကြဲျပားမႈေတြကိုလက္ခံေပးပါ
အဖြဲ႕ဝင္တစ္ဦးခ်င္းစီရဲ႕မတူညီတဲ့အျမင္ေတြကို ေလးစားေပးဖို႔လိုပါတယ္။ အဖြဲ႕ဝင္ေတြဟာမတူညီတဲ့ပတ္ဝန္းက်င္၊ မတူညီတဲ့ဘဝျဖတ္ သန္းမႈေတြနဲ႔ေရာက္လာသူေတြမို႔သူတို႔ရဲ႕မတူကြဲျပားတဲ့အေတြးအေခၚ၊ အႀကံဉာဏ္ေတြကို နားလည္လက္ခံေပးႏိုင္ဖို႔အေရးႀကီးပါတယ္။
သူတို႔ရဲ႕ အျမင္ေတြကို ဟာသလုပ္တာ၊ ေပါ့ျပက္ျပက္သေဘာထားတာ၊ျပစ္တင္ေဝဖန္တာမ်ိဳးေတြမလုပ္မိဖို႔လိုပါတယ္။

ပၪၥမေျခလွမ္း – ေရာေႏွာေနထိုင္ပါ
အဖြဲ႕ဝင္ေတြနဲ႔ အသားတက်ေနထိုင္ႏိုင္တာ၊ အႀကိဳက္တူတာ၊ ရယ္ေမာေပ်ာ္႐ႊင္တတ္တာကကိုယ့္ကိုခ်စ္ခင္ယုံၾကည္လာေစဖို႔ မျဖစ္မေနလိုအပ္တဲ့အရာေတြျဖစ္ပါတယ္။ ႐ုံးခ်ိန္ျပင္ပစကားေျပာတာ၊ စိတ္ဝင္စားဖြယ္အေၾကာင္းအရာေတြမွ်ေဝတာ၊ အတူတူမုန႔္သြားစားတာ၊
ဂိမ္းတူတူေဆာ့တာမ်ိဳးေတြက အဖြဲ႕တစ္ခုလုံးခ်စ္ခင္စည္းလုံးလာေစဖို႔လုပ္သင့္တဲ့အခ်က္ေတြျဖစ္ပါတယ္။ ကိုယ္ဟာလည္း လူသားတစ္ေယာက္၊ေပ်ာ္႐ႊင္တတ္သူတစ္ေယာက္ဆိုတာကို ျပသေပးဖို႔လိုပါတယ္ေနာ္။ဒီေျခလွမ္းေတြနဲ႔ဆိုရင္ေတာ့ ကိုယ့္ကိုယုံၾကည္မႈရွိလာၿပီး ပေရာဂ်က္တိုင္းကို တက္ႂကြစြာ၊ စည္းလုံးစြာနဲ႔လုပ္ေဆာင္ႏိုင္လာပါလိမ့္မယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*