Job Fair တစ်ခုသွားတဲ့အခါ မလုပ်သင့်သောအချက်များ
အရင်တစ်ပတ်က အလုပ်အကိုင်ပြပွဲတစ်ခုသွားတဲ့အခါမေးသင့်တဲ့မေးခွန်းလေးတွေအကြောင်းကိုမျှဝေပေးခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ အဲဒီလို Job Fair တွေမှာ ရှောင်သင့်တဲ့အရာလေးတွေအကြောင်းပြောြပချင်ပါတယ်။ ဒီအချက်တွေက အလုပ်ရှာနေတဲ့ကျောင်း သား၊ကျောင်းသူတွေအတွက်ရည်ရွယ်သလိုအခုမှအလုပ်စလျှောက်မယ့်လူကြီးတွေအတွက်လည်းရည်ရွယ်ပါတယ်။ လက်ကမ်းစာရွက်ဆွဲယူပြီးလှည့်ပြန်တာမျိုးမလုပ်ပါနဲ့ အလုပ်အကိုင်ပြပွဲမှာ ကုမ္ပဏီကိုယ်စားပြု Booth တွေကလည်းများပြားပြီး ဝန်ထမ်းတွေရော၊လက်ကမ်းစာစောင်တွေရောအများကြီးရှိနေမှာပါ။ ဒီလိုအချိန်မှာကိုယ်က တင်ထားတဲ့စာရွက်တွေဆွဲယူလှည့်ထွက်လာတာမျိုးမလုပ်သင့်ပါဘူး။ အနည်းဆုံးတော့ မျက်လုံးချင်းဆုံ၊နှုတ်ဆက်ပြီးမှပြန်လာတာမျိုး လုပ်သင့်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့အလုပ်မျိုးဆိုရင်သိချင်တာလေးတွေမေးလို့ရပါသေးတယ်။ တစ်ခါ တလေမှာ […]