Chester ရဲ့အသံကိုပြန်ကြားခွင့်ရတဲ့ Linkin Park ရဲ့သီချင်းသစ်

Linkin Park ရဲ့သီချင်းအသစ်ဖြစ်တဲ့ Friendly Fire ကိုမကြာခင်ကထုတ်ဝေလိုက်ပါတယ်။ ဒီသီချင်းမှာထူးခြားချက်ကဆုံးပါးသွားခဲ့ပြီးဖြစ်တဲ့အဖွဲ့ဝင် Chester ရဲ့အသံပါလာတာပဲဖြစ်ပါတယ်။ Linkin Park ရဲ့အဖွဲ့ဝင် Chester ဟာ 2017 ခုနစ်၊ ဇူလိုင်လက ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ပြီးကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူဆုံးပါးချိန်မှာ အသက် 41 နှစ်သာရှိပါသေးတယ်။ ဒီလိုသေဆုံးမှုကြောင့်
Linkin Park နဲ့ Chester ရဲ့ပရိသတ်တွေဟာ အကြီးအကျယ်စိတ်ထိခိုက်ခဲ့ကြရပါတယ်။

မကြာခင်ကထွက်ရှိလာတဲ့သီချင်းသစ် Friendly Fire ဟာ Linkin Park ရဲ့ 2017 ခုနစ်ကထွက်ရှိတဲ့ One More Light ဆိုတဲ့ Album မှာမထည့်ဖြစ်ခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်တယ်လို့သိရပါတယ်။ သူတို့ဟာတေးအယ်လ်ဘမ်သစ်ဖြစ်တဲ့ Papercuts ကိုထွက်ရှိနိုင်ဖို့ပြင်ဆင်နေပြီးအဲဒီအယ်လ်ဘမ်မှာသီချင်းအပုဒ်ရေ 20 ပါဝင်မယ်လို့ဆိုထားပါတယ်။ Papercuts ဟာ 2020 – 2023 Singles Collection တွေဖြစ်ပြီး ဧပြီလ 12 ရက်နေ့မှာဖြန့်ချိမှာဖြစ်ပါတယ်။ထိုတေးအယ်လ်ဘမ်မထွက်ခင် Friendly Fire ကိုအကြိုအနေနဲ့မိတ်ဆက်ထွက်ရှိလိုက်တာဖြစ်တယ်လို့တေးဆိုနဲ့ ပရိုဂျူဆာဖြစ်တဲ့ Mike Shinoda ကပြောခဲ့ပါတယ်။

Ju Ju

zawgyi

Linkin Park ရဲ႕သီခ်င္းအသစ္ျဖစ္တဲ့ Friendly Fire ကိုမၾကာခင္ကထုတ္ေဝလိုက္ပါတယ္။ ဒီသီခ်င္းမွာထူးျခားခ်က္ကဆုံးပါးသြားခဲ့ၿပီးျဖစ္တဲ့အဖြဲ႕ဝင္ Chester ရဲ႕အသံပါလာတာပဲျဖစ္ပါတယ္။ Linkin Park ရဲ႕အဖြဲ႕ဝင္ Chester ဟာ 2017 ခုနစ္၊ ဇူလိုင္လက ကိုယ့္ကိုယ္ကိုယ္ေသေၾကာင္းႀကံစည္ၿပီးကြယ္လြန္ခဲ့တာျဖစ္ပါတယ္။ သူဆုံးပါးခ်ိန္မွာ အသက္ 41 ႏွစ္သာရွိပါေသးတယ္။ ဒီလိုေသဆုံးမႈေၾကာင့္
Linkin Park နဲ႔ Chester ရဲ႕ပရိသတ္ေတြဟာ အႀကီးအက်ယ္စိတ္ထိခိုက္ခဲ့ၾကရပါတယ္။

မၾကာခင္ကထြက္ရွိလာတဲ့သီခ်င္းသစ္ Friendly Fire ဟာ Linkin Park ရဲ႕ 2017 ခုနစ္ကထြက္ရွိတဲ့ One More Light ဆိုတဲ့ Album မွာမထည့္ျဖစ္ခဲ့တဲ့သီခ်င္းတစ္ပုဒ္ျဖစ္တယ္လို႔သိရပါတယ္။ သူတို႔ဟာေတးအယ္လ္ဘမ္သစ္ျဖစ္တဲ့ Papercuts ကိုထြက္ရွိႏိုင္ဖို႔ျပင္ဆင္ေနၿပီးအဲဒီအယ္လ္ဘမ္မွာသီခ်င္းအပုဒ္ေရ 20 ပါဝင္မယ္လို႔ဆိုထားပါတယ္။ Papercuts ဟာ 2020 – 2023 Singles Collection ေတြျဖစ္ၿပီး ဧၿပီလ 12 ရက္ေန႔မွာျဖန႔္ခ်ိမွာျဖစ္ပါတယ္။ထိုေတးအယ္လ္ဘမ္မထြက္ခင္ Friendly Fire ကိုအႀကိဳအေနနဲ႔မိတ္ဆက္ထြက္ရွိလိုက္တာျဖစ္တယ္လို႔ေတးဆိုနဲ႔ ပ႐ိုဂ်ဴဆာျဖစ္တဲ့ Mike Shinoda ကေျပာခဲ့ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*