အလုပ်အင်တာဗျူးအတွက် Chat GPT ကိုထိထိရောက်ရောက်အသုံးချနည်း

အလုပ်ရဖို့အတွက်အပြိုင်အဆိုင်တွေများနေတဲ့ဒီဘက်ခေတ်မှာ Chat GPT ကိုအသုံးချပြီးအကောင်းဆုံးပြင်ဆင်နိုင်ပါတယ်။ ကိုယ့်အ တွက်အသုံးဝင်တဲ့နည်းပညာတွေ၊ Tools တွေကိုကောင်းကောင်းအသုံးချတတ်ခြင်းကလည်း Skills တစ်ခုပါပဲ။ ကုမ္ပဏီကို Research လုပ်ခြင်းကနေအကောင်းဆုံးသောအဖြေတွေကိုရှာဖွေနိုင်တဲ့အထိ Chat GPT ကိုအသုံးချနိုင်ပါတယ်။အခုကတော့ Chat GPT ကိုဘယ် လိုနေရာတွေမှာသုံးမလဲ၊ဘယ်လိုမေးမလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်။

တစ်ခုခုကို Research လုပ်ဖို့ Chat GPT ကိုသုံးပါ
အလုပ်အင်တာဗျူးအတွက်အကောင်းဆုံးပြင်ဆင်နည်း စတဲ့မေးခွန်းကနေကိုယ်လျှောက်မယ့်ရာထူးအတွက် Soft Skills ဘာတွေလိုအပ်လဲဆိုတာမျိုးပိုပြီးအသေးစိတ်ကျတဲ့မေးခွန်းတွေအထိမေးနိုင်ပါတယ်။“What are the most likely interview questions for a [insert job]?” “Which skills are most important for [insert job]?” စတဲ့မေးခွန်းမျိုးတွေကိုလည်း မေးသင့်ပါတယ်။

အတွေးဖြန့်ကျက်ချင်ရင်သုံးပါ
နောက်တစ်ချက်ကတော့ ထပ်ပြီးတွေးဆနိုင်စေဖို့သူ့ကိုသုံးနိုင်ပါတယ်။ ဥပမာ – အရောင်းနယ်ပယ်မှာအလုပ်ရှင်တွေအလိုချင်ဆုံး၊အလုပ်အတွက်အကျိုးအရှိဆုံးအချက်ကဘာတွေများဖြစ်မလဲ၊လူတွေကဘာလို့သတင်းမီဒီယာနယ်ပယ်ကိုကြိုက်ကြတာလဲ စတဲ့မေးခွန်းမျိုးတွေကို ကိုယ်သွားချင်တဲ့နယ်ပယ်ကိုအစားထိုးစဥ်းစားပြီးမေးကြည့်နိုင်ပါတယ်။ “What do people love about working in [insert job or field]?” ဆိုတာမျိုးဖြစ်ပါတယ်။ အဲဒီလိုမေးခွန်းကနေထွက်လာတဲ့အဖြေတွေကကိုယ့်ကိုထပ်ပြီးတွေးတတ်စေဖို့၊ အင်တာဗျူးမှာကောင်းကောင်းပြောဆိုနိုင်စေဖို့အထောက်အကူပေးမှာဖြစ်ပါတယ်။

ဘယ်လိုချဥ်းကပ်မှုမျိုးလုပ်နိုင်မလဲဆိုတာသိဖို့သုံးပါ
“What is the best way to sell myself in an interview?” ဒါမှမဟုတ် “In an interview, how can I show I’m the best candidate for a [insert job]?” စတဲ့မေးခွန်းတွေကိုမေးကြည့်ပြီး အင်တာဗျူးအတွက်ကိုယ်ဘယ်လိုလေ့ကျင့်သွားသင့်တယ်ဆိုတာကို သိရှိနိုင်ပါတယ်။အင်တာဗျူးမှာဘယ်လိုဝတ်ဆင်သင့်တယ်၊ ကိုယ်ဟန်အမူအရာဘယ်လိုရှိသင့်တယ်ဆိုတဲ့ အသေးစိတ်အချက်တွေကိုလည်းမေးလို့ရပါတယ်။

Follow up လိုက်တတ်စေဖို့သုံးပါ
အင်တာဗျူးဖြေပြီးချိန်မှာ ဘယ်လို Follow up လိုက်မလဲ၊ ဘာတွေလုပ်သင့်လဲဆိုတာတွေသိနိုင်ဖို့လည်း Chat GPT ကိုသုံးနိုင်ပါတယ်။ “After my interview, how should I ask a follow up question?”ဒါမှမဟုတ် “What is some good language for a thank you letter after an interview?” ဆိုတာလေးတွေဖြစ်ပါတယ်။

ဒီအချက်လေးတွေက ဥပမာအနေနဲ့ပြခဲ့တာဖြစ်ပါတယ်။ အလုပ်အတွက်ကိုယ့်စိတ်ကူးဉာဏ်ရှိသလိုအသေးစိတ်စဉ်းစားပြီးထပ်မေးလို့ရပါတယ်။ဒါပေမဲ့တစ်ခုသတိထားရမှာက အရေးကြီးတဲ့အချက်အလက်တွေ၊ လျှို့ဝှက်အချက်အလက်တွေကိုသတိလက်လွတ်ထည့်မေးလိုက်တာမျိုးမလုပ်ဖို့ပါ။ Chat GPT ဟာ အကြံဉာဏ်တွေပေးနေတဲ့ အွန်လိုင်း Source တစ်ခုပဲဆိုတာကိုသတိချပ်ဖို့လိုပါတယ်။ နောက်တစ်ချက်ရှိတာက သူ့အဖြေတွေအားလုံးဟာအတိအကျမှန်ချင်မှမှန်ပါလိမ့်မယ်။ တချို့သောအချက်တွေကို ကိုယ်က ပြန်ရှာဖွေ၊ပြန်အ တည်ပြုဖို့လိုပါတယ်ဆိုတာကိုတော့ သတိပေးချင်ပါတယ်။

Ju Ju

zawgyi

အလုပ္ရဖို႔အတြက္အၿပိဳင္အဆိုင္ေတြမ်ားေနတဲ့ဒီဘက္ေခတ္မွာ Chat GPT ကိုအသုံးခ်ၿပီးအေကာင္းဆုံးျပင္ဆင္ႏိုင္ပါတယ္။ ကိုယ့္အ တြက္အသုံးဝင္တဲ့နည္းပညာေတြ၊ Tools ေတြကိုေကာင္းေကာင္းအသုံးခ်တတ္ျခင္းကလည္း Skills တစ္ခုပါပဲ။ ကုမၸဏီကို Research လုပ္ျခင္းကေနအေကာင္းဆုံးေသာအေျဖေတြကိုရွာေဖြႏိုင္တဲ့အထိ Chat GPT ကိုအသုံးခ်ႏိုင္ပါတယ္။အခုကေတာ့ Chat GPT ကိုဘယ္ လိုေနရာေတြမွာသုံးမလဲ၊ဘယ္လိုေမးမလဲဆိုတာကိုမွ်ေဝေပးမွာျဖစ္ပါတယ္။

တစ္ခုခုကို Research လုပ္ဖို႔ Chat GPT ကိုသုံးပါ
အလုပ္အင္တာဗ်ဴးအတြက္အေကာင္းဆုံးျပင္ဆင္နည္း စတဲ့ေမးခြန္းကေနကိုယ္ေလွ်ာက္မယ့္ရာထူးအတြက္ Soft Skills ဘာေတြလိုအပ္လဲဆိုတာမ်ိဳးပိုၿပီးအေသးစိတ္က်တဲ့ေမးခြန္းေတြအထိေမးႏိုင္ပါတယ္။“What are the most likely interview questions for a [insert job]?” “Which skills are most important for [insert job]?” စတဲ့ေမးခြန္းမ်ိဳးေတြကိုလည္း ေမးသင့္ပါတယ္။

အေတြးျဖန႔္က်က္ခ်င္ရင္သုံးပါ
ေနာက္တစ္ခ်က္ကေတာ့ ထပ္ၿပီးေတြးဆႏိုင္ေစဖို႔သူ႔ကိုသုံးႏိုင္ပါတယ္။ ဥပမာ – အေရာင္းနယ္ပယ္မွာအလုပ္ရွင္ေတြအလိုခ်င္ဆုံး၊အလုပ္အတြက္အက်ိဳးအရွိဆုံးအခ်က္ကဘာေတြမ်ားျဖစ္မလဲ၊လူေတြကဘာလို႔သတင္းမီဒီယာနယ္ပယ္ကိုႀကိဳက္ၾကတာလဲ စတဲ့ေမးခြန္းမ်ိဳးေတြကို ကိုယ္သြားခ်င္တဲ့နယ္ပယ္ကိုအစားထိုးစဥ္းစားၿပီးေမးၾကည့္ႏိုင္ပါတယ္။ “What do people love about working in [insert job or field]?” ဆိုတာမ်ိဳးျဖစ္ပါတယ္။ အဲဒီလိုေမးခြန္းကေနထြက္လာတဲ့အေျဖေတြကကိုယ့္ကိုထပ္ၿပီးေတြးတတ္ေစဖို႔၊ အင္တာဗ်ဴးမွာေကာင္းေကာင္းေျပာဆိုႏိုင္ေစဖို႔အေထာက္အကူေပးမွာျဖစ္ပါတယ္။

ဘယ္လိုခ်ဥ္းကပ္မႈမ်ိဳးလုပ္ႏိုင္မလဲဆိုတာသိဖို႔သုံးပါ
“What is the best way to sell myself in an interview?” ဒါမွမဟုတ္ “In an interview, how can I show I’m the best candidate for a [insert job]?” စတဲ့ေမးခြန္းေတြကိုေမးၾကည့္ၿပီး အင္တာဗ်ဴးအတြက္ကိုယ္ဘယ္လိုေလ့က်င့္သြားသင့္တယ္ဆိုတာကို သိရွိႏိုင္ပါတယ္။အင္တာဗ်ဴးမွာဘယ္လိုဝတ္ဆင္သင့္တယ္၊ ကိုယ္ဟန္အမူအရာဘယ္လိုရွိသင့္တယ္ဆိုတဲ့ အေသးစိတ္အခ်က္ေတြကိုလည္းေမးလို႔ရပါတယ္။

Follow up လိုက္တတ္ေစဖို႔သုံးပါ
အင္တာဗ်ဴးေျဖၿပီးခ်ိန္မွာ ဘယ္လို Follow up လိုက္မလဲ၊ ဘာေတြလုပ္သင့္လဲဆိုတာေတြသိႏိုင္ဖို႔လည္း Chat GPT ကိုသုံးႏိုင္ပါတယ္။ “After my interview, how should I ask a follow up question?”ဒါမွမဟုတ္ “What is some good language for a thank you letter after an interview?” ဆိုတာေလးေတြျဖစ္ပါတယ္။

ဒီအခ်က္ေလးေတြက ဥပမာအေနနဲ႔ျပခဲ့တာျဖစ္ပါတယ္။ အလုပ္အတြက္ကိုယ့္စိတ္ကူးဉာဏ္ရွိသလိုအေသးစိတ္စဥ္းစားၿပီးထပ္ေမးလို႔ရပါတယ္။ဒါေပမဲ့တစ္ခုသတိထားရမွာက အေရးႀကီးတဲ့အခ်က္အလက္ေတြ၊ လွ်ိဳ႕ဝွက္အခ်က္အလက္ေတြကိုသတိလက္လြတ္ထည့္ေမးလိုက္တာမ်ိဳးမလုပ္ဖို႔ပါ။ Chat GPT ဟာ အႀကံဉာဏ္ေတြေပးေနတဲ့ အြန္လိုင္း Source တစ္ခုပဲဆိုတာကိုသတိခ်ပ္ဖို႔လိုပါတယ္။ ေနာက္တစ္ခ်က္ရွိတာက သူ႔အေျဖေတြအားလုံးဟာအတိအက်မွန္ခ်င္မွမွန္ပါလိမ့္မယ္။ တခ်ိဳ႕ေသာအခ်က္ေတြကို ကိုယ္က ျပန္ရွာေဖြ၊ျပန္အ တည္ျပဳဖို႔လိုပါတယ္ဆိုတာကိုေတာ့ သတိေပးခ်င္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*