Friends မင်းသား Matthew Perry ရဲ့ Twitter Account ခိုးယူခံရပြီး ငွေကြေးလိမ်လည်နေ

2023 ခုနစ်၊ အောက်တိုဘာလ 28 ရက်နေ့က ကွယ်လွန်ခဲ့တဲ့သရုပ်ဆောင် Matthew Perry ရဲ့ Twitter account Hack ခံခဲ့ရတယ်လို့ဆိုပါတယ်။ သရုပ်ဆောင် Matthew Perry ကိုနာမည်ကြီးအမေရိကန်ဟာသဇာတ်လမ်းတွဲ Friends နဲ့လူသိများပါတယ်။Matthew Perry ရဲ့ Twitter/X account ကို အွန်လိုင်းငွေကြေးလိမ်လည်တဲ့အဖွဲ့က ခိုးယူခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။Social Media ပေါ်မှာ Matthew Perry ရဲ့ Profile ကို သူ့နာမည်နဲ့ဖွင့်ထားတဲ့ Foundation တစ်ခုရဲ့ Link နဲ့အတူတွေ့မြင်ရတာဖြစ်ပါတယ်။

ဒီလင့်ခ်ကို နှိပ်လိုက်ချိန်မှာတော့ ငွေကြေးရယူမယ့်တခြားသော Website တစ်ခုဆီကိုရောက်ရှိသွားတာဖြစ်ပါတယ်။ ဒီလိုတွေ့ကြုံရပြီးနောက်ပိုင်း Matthew Perry Foundation ရဲ့ တရားဝင် Instagram account ကနေ Matthew Perry ရဲ့ Twitter/X account ခိုးယူခံရကြောင်း၊ အဲဒီမှာတင်ထားတဲ့ Foundation Link ကနေတဆင့် ငွေကြေးမလှူမိကြစေဖို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ Matthew Perry Foundation ဟာ Instagram မှာပဲ Official Account ရှိပြီးတခြားသောဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ လုံးဝမရှိကြောင်းနဲ့ MatthewPerryFoundation.org ကသာ တစ်ခုတည်းသော Website ဖြစ်ကြောင်း ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*