အတွေ့ရအများဆုံး Personality 5 ခုနဲ့ လိုက်ဖက်သောအလုပ်များ
အလုပ်ရှင်နဲ့မန်နေဂျာတွေက အလုပ်လျှောက်သူတွေကိုဆန်းစစ်တဲ့နေရာမှာ Personality ကိုစစ်ဆေးတဲ့စာမေးပွဲလေးတွေလုပ်ရတာကိုနှစ်သက်ကြပါတယ်။ Personality ကိုစစ်ဆေးတာကသင်နဲ့ဒီအလုပ်တကယ်သင့်တော်၊ မတော်ကိုဆုံးဖြတ်ချက်ချရာမှာပိုလွယ်ကူစေပါတယ်။ 20 ရာစုအလယ်ပိုင်းမှာ သုတေသီတွေက Personality လက္ခဏာရပ် 5 ခုကိုသတ်မှတ်ခဲ့ကြပါတယ်။ဒီလက္ခဏာရပ် 5ခုကိုအသုံး ချပြီးကိုယ်နဲ့အသင့်တော်ဆုံးအလုပ်တွေကိုမှန်မှန်ကန်ကန်ရွေးချယ်ကြည့်နိုင်ပါတယ်။ဒီ 5 မျိုးဟာ Openness၊ Conscientiousness၊ Extroversion၊ Agreeableness နဲ့ Neuroticism တို့ဖြစ်ပါတယ်။ […]