ဂရမ်မီဆုပေးပွဲမှာ ဖျော်ဖြေမယ့် SZA
ဂရမ်မီရဲ့ဆန်ခါတင်စာရင်းမှာနေရာများစွာယူထားနိုင်တဲ့ SZA က ဂရမ်မီဆုပေးပွဲမှာလည်းဖျော်ဖြေမှုပြုလုပ်မယ်လို့သိရပါတယ်။ ဒီလိုပါဝင်ဖျော်ဖြေမယ့်အကြောင်းကို ဇန်နဝါရီလ (29)ရက်နေ့က CBS ကအတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။ ဒါဟာ SZA အတွက် ဒုတိ ယအကြိမ်မြောက်ဂရမ်မီပွဲမှာ ဖျော်ဖြေခြင်းဖြစ်လာမှာပါ။လွန်ခဲ့တဲ့ (6) နှစ်က သူမဟာဂရမ်မီဆုပေးပွဲမှာ Broken Clocks သီချင်းကိုဖျော်ဖြေခဲ့ဖူးပါတယ်။ ပုံမှန်အားဖြင့်ဆန်ခါတင်စာရင်းပါတဲ့သူတွေဟာ ဆုပေးပွဲမှာဖျော်ဖြေလေ့ရှိကြပေမယ့်တချို့ကျတော့လည်း ဖျော်ဖြေဖို့ငြင်းပယ်လေ့ရှိကြပါတယ်။ လက်ရှိအချိန်ထိဂရမ်မီဆုပေးပွဲမှာဖျော်ဖြေမယ့်အဆိုတော်စာရင်းကို […]