2 နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အမှတ်တရဓာတ်ပုံတွေတင်ခဲ့တဲ့‌ဗိုလ်ကြီးတို့စုံတွဲ

Crash Landing On You ဇာတ်လမ်းတွဲနဲ့ဖူးစာဆုံခဲ့ကြတဲ့‌မင်းသားဟွန်ဘင်းနဲ့မင်းသမီးဆိုရီဂျင်းတို့နှစ်ဦးဟာ သူတို့ရဲ့မင်္ဂလနှစ်ပတ်လည်အဖြစ် Instagram မှာအမှတ်တရဓာတ်ပုံလေးတွေတင်ခဲ့ပါတယ်။သူတို့ရဲ့မင်္ဂလာပွဲနေ့က အမှတ်တရပုံရိပ်လေးတွေကို ဆိုရီဂျင်းရဲ့ Instagram Account ကနေမျှဝေလာတာဖြစ်ပါတယ်။

သူမတို့နှစ်ဦးရဲ့ပရိသတ်တွေကတော့“ပုံတွေအများကြီးထပ်တင်ပေးပါဦး”၊ “ကိုယ်နဲ့မရင်းနှီးတဲ့သူနှစ်ယောက်ရဲ့မင်္ဂလာပွဲပုံကိုဖုန်းထဲ Save
မိတာဒါပထမဆုံးပဲ”၊ “ခုထိအိပ်မက်လိုထင်နေမိတုန်းပဲ”၊“ဒါတကယ်အစစ်ပဲဆိုတာခုထိမယုံနိုင်သေးဘူး” ဆိုတဲ့မှတ်ချက်မျိုးတွေ ရေးခဲ့ကြတာပါ။ဟွန်ဘင်းနဲ့ဆိုရီဂျင်းတို့နှစ်ဦးကတော့ မကြာသေးခင်က 2024 MLB Seoul Series မှာ အတူတူ Date လုပ်ခဲ့ကြတာကိုတွေ့ရပါတယ်။သူတို့နှစ်ဦးဟာ 2022 ခုနစ်၊ မတ်လ 31 ရက်နေ့မှာလက်ထပ်ခဲ့ကြတာဖြစ်ပြီး 2022 ခုနစ်၊နိုဝင်ဘာလ 27 ရက်နေ့မှာ သားလေးကိုမွေးဖွားခဲ့ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*