လူတွေကြားပေါ်ပြူလာဖြစ်နေတဲ့ ရွေးနီမလေးဂျန်နာရာရဲ့နုပျိုမှု

September 12, 2023 Aung Khant Mon 0

ရွေးနီမလေးချစ်ပုံပြင်ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေချစ်ခင်အားပေးခဲ့ကြတဲ့ ဂျန်နာရာက လက်ရှိမှာအသက် ၄၂ နှစ်ရှိပြီဖြစ်ပါတယ်။စက်တင်ဘာလ (၉) ရက်နေ့မှာ အသက် ၄၂ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့သူမက သူမရဲ့ Instagram Story မှာပုံလေးတွေမျှဝေခဲ့ပါတယ်။ ဦးထုပ်အဖြူလေးဆောင်းပြီးချစ်စရာကောင်းနေတဲ့သူမရဲ့နုပျိုမှုကပရိသတ်တွေကို အံ့အားသင့်စေခဲ့တာြဖစ်ပါတယ်။ပရိသတ်တွေက သူမကို “နုပျိုလွန်းတယ်၊ အသက် ၄၀ကျော်သွားပြီဆိုတာဘယ်လိုမှယုံနိုင်စရာမရှိဘူး”ဆိုတဲ့ မှတ်ချက်တွေပေးခဲ့ကြတာပါ။ ဂျန်နာရာဟာ ၂၀၀၁ ခုနစ်ကတည်းက […]

ပွဲစခါနီးမိနစ်ပိုင်းအလိုမှ ပွဲဖျက်လိုက်တဲ့ Ed Sheeran

September 12, 2023 Aung Khant Mon 0

ပြီးခဲ့တဲ့စနေနေ့က Las Vegas မှာကျင်းပခဲ့တဲ့ Ed Sheeran ရဲ့ Concert ကို မိနစ်ပိုင်းအလိုမှဖျက်သိမ်းလိုက်ပါတယ်။ ပွဲတာဝန်ရှိသူတွေက နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်လို့ပြောခဲ့ပြီးပရိသတ်ထောင်ပေါင်းများစွာဟာ ခန်းမထဲကနေပြန်လည်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ Ed Sheeran က သူ့ရဲ့ Instagram မှာ “ငါတကယ်ကိုဝမ်းနည်းမိပါတယ်။ အားလုံးဟာဒီပွဲအတွက်အဝေးကနေလာရတယ်ဆိုတာကိုလည်းသိပါတယ်။ ဒီပွဲကို အောက်တိုဘာလ ၂၈ရက်နေ့ကိုရွှေ့လိုက်ပါတယ်။ ဝယ်ထားတဲ့လက်မှတ်တွေဟာလည်းအဲဒီရက်အထိအကျုံး […]

လိုက်လျောညီထွေနေတတ်သူတို့ရွေးချယ်သင့်သောအလုပ်အကိုင်များ

September 11, 2023 Aung Khant Mon 0

လိုက်လျောညီထွေနေတတ်တယ်၊ မီးစင်ကြည့်ကတတ်တယ်ဆိုတာဟာလည်း အရည်အချင်းတစ်ရပ်ပါ။အလုပ်ကလိုအပ်ရင်လိုအပ်သလို ကိုယ်ကပြောင်းလဲလုပ်ဆောင်နိုင်တယ်၊လူတွေနဲ့လိုက်လျောညီ ထွေနေတတ်တဲ့အရည်အသွေးကို မွေးရာပါပိုင်ဆိုင်ထားတယ်ဆိုရင်ဒီအလုပ်တွေကိုရွေးချယ်သင့်ပါတယ်နော်။ Management ၂၁ ရာစု ခေါင်းဆောင်ကောင်းတွေရဲ့အရည်အချင်းထဲမှာ လိုက်လျောညီထွေနေတတ်ခြင်း၊ကြုံလာသမျှကိုအဆင်ပြေအောင်အမြန်ဆုံးပြောင်းလဲလုပ်ဆောင်နိုင်ခြင်းတွေလည်းပါဝင်နေပါတယ်။ခေါင်း ဆောင်မှုအနုပညာနဲ့ပတ်သက်ရင် လာမယ့်နှစ်တွေအတွင်းမှပေါ်ပြူလာဖြစ်လာမယ့် အချက် ၂ ချက်လည်းရှိပါတယ်။ အဲဒါတွေကတော့ ဝန်ထမ်းတွေကို Motivate ဖြစ်အောင်လုပ်နိုင်စွမ်းနဲ့မတူညီတဲ့ယဉ် ကျေးမှုဓလေ့ထုံးစံတွေကြားအဆင်ပြေအောင်နေထိုင်တတ်ခြင်းဆိုတဲ့ ၂ ချက်ပါပဲ။ခေါင်း ဆောင်တွေဟာ ဝန်ထမ်းတွေရဲ့လိုအပ်ချက်နဲ့သဘော […]

Guts ကြောင့် တေးရေးတစ်ယောက်အဖြစ်ယုံကြည်မှုတွေရှိလာတယ်ဆိုတဲ့ Olivia Rodrigo

September 10, 2023 Aung Khant Mon 0

Olivia Rodrigo အနေနဲ့ Guts ဆိုတဲ့တေးအယ်လ်ဘမ်ကိုဒီလ ၈ ရက်နေ့ကဖြန့်ချိခဲ့တာဖြစ်ပါတယ်။ဒီအယ်ဘမ်ထဲမှာ အရွယ်ရောက်လာပြီဖြစ်တဲ့ လူငယ်တစ်ယောက်ရဲ့အတွေးအမြင်နဲ့ရှုပ်ထွေးမှုလေးတွေအကြောင်းပါဝင်ထားပြီးသူမအနေနဲ့သီချင်းဖန်တီးမှုအပေါ်ဘယ် လောက်ထိအားစိုက်ထုတ်ခဲ့တယ်ဆိုတာပြောပြခဲ့ပါတယ်။ “ကျွန်မအနေနဲ့အသက် ၁၇ နှစ်လောက်ကစပြီး သီချင်းတွေရေးခဲ့ပါတယ်။ဒီအယ်လ်ဘမ်အတွက်သီချင်းတွေရေးချိန်မှာ ကျွန်မအသက် ၂၀ပါ၊ အရင်နဲ့မတူတဲ့ စိတ်ဖိစီးမှုတွေ၊မျှော်လင့်ချက်တွေအများကြီးကြုံနေရပါပြီ။ ဘေးကအသံတွေအားလုံးကိုလျစ်လျူရှုပြီးသီချင်းရေးတဲ့ဘက်ကိုသေသေချာချာအာရုံစိုက်ဖြစ်ခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ကကျွန်မကိုတေးရေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာစေခဲ့ပါတယ်” လို့ Gutsနဲ့ပတ်သက်ပြီးဖြေကြားခဲ့တာဖြစ်ပါတယ်။ Guts ရဲ့ […]

လုပ်ငန်းခွင်ထဲမှာ Creativity ကောင်းအောင်ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ

September 10, 2023 Aung Khant Mon 0

ဖန်တီးနိုင်စွမ်း Creativity ဆိုတာက ဘဝရဲ့အစိတ်အပိုင်းအများကြီးမှာအသုံးဝင်ပါတယ်။လုပ်ငန်းခွင်မှအစ ပြဿနာအမျိုးမျိုးကိုဖြေရှင်းတဲ့နေရာအထိ Creativity ကပါဝင်နေမှာဖြစ်ပါတယ်။လုပ်ငန်းခွင်ထဲမှာဖန်တီးနိုင်စွမ်းတိုးလာအောင်ပံ့ပိုးပေးတာက အလုပ်အတွက်ဆန်းသစ်တဲ့အဖြေတွေရလာစေပါတယ်။ ပရောဂျက်အသစ်လာတိုင်းမြန်မြန်သင်ယူလုပ်ဆောင်နိုင်တယ်၊Customer ရဲ့တောင်းဆိုမှုကိုထူးခြားတဲ့အိုင်ဒီယာတွေနဲ့ဝန်ဆောင်မှုပေးနိုင်လာတယ်၊အလုပ်ကိုငြီးငွေ့တာမျိုးမရှိဘဲအလုပ်မှာပိုမိုပျော်ရွှင်လာစေပါတယ်။ဒါကြောင့် ဘယ်အရာတွေက Creativity ပိုင်းကို ရေရှည်အထိအကျိုးသက်ရောက်စေမလဲဆိုတာလေ့လာကြည့်ရအောင်။ Creativity တိုးလာစေဖို့အတွက် University of Essex နဲ့ Humboldt University of Berlin တို့ပူးပေါင်းပြီးစာတမ်းတွေအပြင်လုပ် […]

Seventeen အဖွဲ့ဝင်များ Youth Over Flowers ရိုက်ကူးမည်

September 10, 2023 Aung Khant Mon 0

Seventeen အဖွဲ့ဝင်တွေဟာ Youth Over Flowers ဆိုတဲ့ Travel Show မှာပါဝင်ရိုက်ကူးနေတယ်လို့သိရပါတယ်။ဒီ Travel Show ဟာ tvN ကရိုက်ကူးထုတ်လွှင့်တဲ့ Show တစ်ခုဖြစ်ပြီး Program Director ကတော့ Na Young Suk ဖြစ်ပါတယ်။ဒီ Travel Show […]

မကြာခင်မှာခေါင်းဆောင်ဖြစ်မယ့်လူရဲ့ လက္ခဏာရပ်များ

September 9, 2023 Aung Khant Mon 0

လူတစ်ယောက်ဟာ ပညာရေးနဲ့စီးပွားရေးပညာရပ်တွေမှာ ဘယ်လောက်ပဲတတ်မြောက်ထားပေမယ့်ထိပ်ပိုင်း Management Level ကိုရောက်ဖို့အတွက် သူ့ရဲ့Personality က အရေးပါပါတယ်။ဘယ်လို Personality မျိုးရှိသူက စီမံခန့်ခွဲမှုအပိုင်းမှာတော်ပါသလဲ။ လူတစ်ယောက်ဟာအဖွဲ့ကိုဘယ်လိုဦးဆောင်တယ်၊ ဘယ်လိုစိတ်အားတက်ကြွစေတယ်၊ ဘယ်လိုပုံစံဆုချတယ် စတာတွေက Personality Type ပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားနိုင်ပါတယ်။ဘယ် Personality Type ကတော့ Management ပိုင်းမှာအတော်ဆုံးဆိုပြီး အတိ […]

IU နဲ့မိတ်ဆွေမဖြစ်ချင်ဘူးလို့ပြောလိုက်တဲ့ Kim Se Jeong

September 9, 2023 Aung Khant Mon 0

Crash Landing on You ဇာတ်လမ်းတွဲရဲ့ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ All of My Days သီချင်းကိုခံစားချက်အပြည့်နဲ့သီဆိုနိုင်ခဲ့သူ၊ Business Proposal ဇာတ်လမ်းတွဲထဲမှာရှင်းဟာရီအဖြစ်သရုပ် ဆောင်ပီပြင်ခဲ့တဲ့ Kim Se Jeong က လက်ရှိမှာ MBC ရဲ့ Radio Show တစ်ခုမှာပါဝင်နေတာဖြစ်ပါတယ်။စက်တင်ဘာလ ၆ […]

Perfect ဖြစ်ချင်လွန်းတဲ့ Boss နဲ့ဘယ်လိုအလုပ်လုပ်မလဲ

September 7, 2023 Aung Khant Mon 0

အရာရာမှာ Perfect ဖြစ်ချင်လွန်းတဲ့ Boss အတွက်အလုပ်လုပ်ပေးရတာကနည်းနည်းတော့စိန်ခေါ်မှုဖြစ်နေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Perfectionist တွေဟာအရာရာကိုစိတ်တိုင်းကျဖို့ခက်တာ၊ အသေးစိတ်လေးတွေကအစဂရုစိုက်လွန်းအားကြီးတာ၊နေ့စဉ်လုပ်နေရတဲ့သမားရိုးကျအလုပ်တွေမှာ ဝင်ပါတာမျိုးတွေရှိတတ်ကြလို့ပါ။ဒီလိုလူမျိုးနဲ့ဆုံရတဲ့အခါ ကိုယ့်ဘက်ကသူနဲ့အဆင်ပြေအောင် ပြောဆိုလုပ်ကိုင်တတ်ဖို့ကိုဖန်တီးယူရမှာဖြစ်ပါတယ်။ ပထမဆုံးအချက်ကတော့ အကောင်းဘက်ကနေပဲစဉ်းစားဖို့ဖြစ်ပါတယ်။ Perfect ဖြစ်ချင်လွန်းသူနဲ့တွေ့တဲ့အခါ ကိုယ်ကသူ့ရဲ့စံချိန်စံညွှန်းတွေကိုမီအောင်ကြိုးစားရင်းကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်လည်းတက်လာပါတယ်။ ကိုယ်လုပ်ခဲ့တဲ့အလုပ်ရဲ့ရလဒ်တိုင်းဟာသပ်ရပ်ကောင်းမွန်နေတာမို့ CV ကိုလှစေတယ်လို့လည်းဆိုရမှာပါ။ Boss ကကိုယ့်ကိုဝေဖန်လွန်းတဲ့အခါမျိုးမှာ ဒါဟာ Perfectionist တစ်ယောက်ရဲ့သနားစရာအဖြစ်လို့သာတွေးလိုက်ပါ။ကိုယ့်တာဝန်ကိုအကောင်းဆုံးလုပ်ရင်း သူကငါ့တစ်ယောက်တည်းကိုပဲပြောဆိုဝေဖန်နေတာမဟုတ်ဘူး၊တခြားသူအားလုံးအပေါ်မှာလည်း […]

Ji Chang Wook နဲ့ Wi Ha Joon တို့ပါဝင်မယ့် The Worst of Evil

September 7, 2023 Aung Khant Mon 0

မင်းသားချော Ji Chang Wook နဲ့ Wi Ha Joon တို့ဟာ Disney + ရဲ့အက်ရှင်ဇာတ်လမ်းတွဲသစ်မှာအ တူပါဝင်ရိုက်ကူးထားတယ်လို့သိရပါတယ်။၁၉၉၀ ခုနစ်ဝန်းကျင်ကိုအခြေတည်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ကိုရီးယား၊ဂျပန်နဲ့တရုတ်နိုင်ငံတွေကြား တရားမဝင်မူးယစ်ဆေးသယ်ဆောင်မှုကိုဇာတ်လမ်းတည်ထားတာဖြစ်ပါတယ်။ Ji Chang Wook ကို ဒီဇာတ်လမ်းတွဲမှာ မြင်ဖူးနေကျဇာတ်ကောင်ပုံစံမျိုးမဟုတ်ဘဲတည်ကြည်လေး နက်တဲ့အရာရှိပုံစံနဲ့တွေ့မြင်ရမှာဖြစ်သလို အက်ရှင်ခန်းတွေမှာလည်းပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာတွေ့ရမှာဖြစ်ပါတယ်။Wi […]