အလုပ်ပြောင်းရတာကိုသဘောအကျဆုံးရာသီခွင်များ
တချို့သောသူတွေဟာ တစ်နေရာတည်းမှာနှစ်တွေအကြာကြီး ကျောက်ချပြီးအလုပ်မလုပ်ချင်ကြဘဲအလုပ်တစ်ခုပြီးတစ်ခုပြောင်းရတာကို သဘောကျတာမျိုးရှိကြပါတယ်။ သူတို့ဟာ ငွေမက်လို့၊လစာတွေအများကြီးလိုချင်လို့ဆိုတာမျိုးမဟုတ်ဘဲ အသစ်အသစ်ရှာဖွေရတာကိုသဘောကျသူတွေဖြစ်နေကြတာပါ။ ဒီလိုမျိုးအလုပ်ပြောင်းရတာကိုနှစ်သက်တဲ့ရာသီခွင်တွေကိုဖော်ပြရမယ်ဆိုရင်… Aquarius (ဇန်နဝါရီ 20 – ဖေဖော်ဝါရီ 18) အလုပ်ပြောင်းရတာသဘောအကျဆုံးရာသီခွင်တွေထဲမှာ ထိပ်ဆုံးကပါဝင်နေသူတွေကတော့ Aquarius တွေပဲဖြစ်ကြပါတယ်။ သူတို့က ဘေးပတ်ဝန်းကျင်ရဲ့ပြောစကားတွေကိုဂရုမစိုက်တတ်သလိုဆုံးဖြတ်ပြီးရင်လည်းနောင်တရခဲသူတွေဖြစ်ကြပါတယ်။ လုပ်ငန်းခွင်တစ်နေရာတည်းမှာဆွေးမြည့်နေအောင်မလုပ်ချင်တတ်တာက သူတို့ရဲ့သဘာဝဖြစ်ပါတယ်။အလုပ်အတွက်နဲ့ ဘဝအဓိပ္ပါယ်ပျောက်ဆုံးမှာကိုသဘောမကျဆုံးသူတွေမို့ စိတ်ပင်ပန်းလာတဲ့အခါ၊ Stress […]