Gal Gadot ကိုဘာဘီဖြစ်စေချင်ခဲ့တဲ့ Margot Robbie

August 14, 2023 Aung Khant Mon 0

ဘာဘီရုပ်ရှင်ကားရဲ့ အဓိကဇာတ်ဆောင်လည်းဖြစ် ထုတ်လုပ်သူလည်းဖြစ်တဲ့ Margot Robbie ကဘာဘီနေရာမှာ Gal Gadot ကိုသရုပ်ဆောင်စေချင်ခဲ့တာလို့သိရပါတယ်။ဒီလို Margot Robbie ရဲ့ရွေးချယ်မှုနဲ့ပတ်သက်ပြီး Gal Gadot က“ကျွန်မအခင်ချင်ဆုံးအမျိုးသမီးကိုပြောပါဆိုရင်လည်း Margot ကိုရွေးချယ်မိမှာပါ။ Margotနဲ့ဆိုဘာပဲဖြစ်ဖြစ်တွဲလုပ်ချင်ပါတယ်။ သူကျွန်မအပေါ်ချစ်ခင်တယ်ဆိုတာသိရတော့တကယ့်ကိုရင်ထဲနွေးထွေးသွားပါတယ်” လို့ Flaunt မဂ္ဂဇင်းကိုဖြေကြားခဲ့တာဖြစ်ပါတယ်။ Margot Robbie ကလည်း […]

လေးရက်အတွင်းရုံဝင်ကြည့်ရှုသူ တစ်သန်းရရှိနေပြီဖြစ်တဲ့ Concrete Utopia

August 14, 2023 Aung Khant Mon 0

မင်းသားကြီး Lee Byung Hun ၊ Park Seo Joon နဲ့ Park Bo Young တို့လိုဝါရင့်အနုပညာရှင်တွေနဲ့ရိုက်ကူးထားတဲ့ Concrete Utopia ရုပ်ရှင်ကတော့ ရုံတင်ပြသပြီးလေးရက်အတွင်းမှာရုံဝင်ကြည့်ရှုသူတစ်သန်းရရှိနေပြီလို့သိရပါတယ်။ဒီဇာတ်ကားကို ကိုရီးယားနိုင်ငံမှာ ဩဂုတ်လ ၉ ရက်နေ့ကရုံတင်ပြသခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ Korea […]

အသက် ၄၀ မှ Career ပြောင်းရင်အဆင်ပြေမလား

August 14, 2023 Aung Khant Mon 0

ကိုယ်နဲ့အဆင်မပြေတဲ့ အထက်လူကြီးကိုသည်းမခံနိုင်တော့လို့ပဲဖြစ်ဖြစ်၊ကိုယ်လုပ်နေရတဲ့အလုပ်ကိုငြီးငွေ့လာလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ဘ၀ကိုကိုယ့်စိတ်ကြိုက်နေချင်တော့တာပဲဖြစ်ဖြစ် အဲဒီလိုအချိန်တွေမှာ အလုပ်နဲ့ပတ်သက်ပြီးပြောင်းလဲချင်စိတ်တွေကြီးစိုးလာတတ်ပါတယ်။ဒါကကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အသက် ၂၀ ကျော်မှာလုပ်ငန်းခွင်ပြောင်းတာကဘာမှပြဿနာမရှိပေမယ့် အသက် ၄၀ မှာ အလုပ်နယ်ပယ်သစ်တစ်ခုကိုပြောင်းလုပ်မယ်ဆိုရင်တော့တော်တော်များများကတားကြမှာအသေအချာပါ။ဒါပေမဲ့ အသက် ၄၀ အရွယ်လူတော်တော်များများက ဘဝကိုလျှောက်လှမ်းလာရင်းသိရှိလာတာတွေပိုများလာပါတယ်။လူဆိုတာဘယ်အချိန်မှာဘယ်လိုပုံစံနဲ့သေရမယ်ဆိုတာကိုမသိတာမို့ကိုယ်လုပ်ချင်တာတွေလုပ်ရင်း ဘဝကိုအဓိပ္ပါယ်ရှိရှိဖြတ်သန်းချင်မိကြပါတယ်။ အသက် ၂၀ အရွယ်နဲ့မတူတာက နယ်ပယ်အသစ်ကိုမကူးပြောင်းခင်ဘဝရပ်တည်ဖို့ငွေကြေးကိုထည့်စဥ်းစားရတာ၊ မိသားစုကိုထည့်တွက်ရတာတွေပိုလာပါတယ်။ဒီအရွယ်မှာအလုပ်ပြောင်းတာက အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။ဘယ်လိုအားသာချက်၊အားနည်းချက်တွေပဲရှိရှိ အရေးကြီးတာတစ်ခုကကိုယ်စိတ်ဝင်စားတဲ့အလုပ်ကိုလုပ်ဖို့ […]

ပိုက်ဆံရတာများပေမယ့် အလုပ်ထွက်ကြတာဘာကြောင့်လဲ

August 12, 2023 Aung Khant Mon 0

အသိပညာဗဟုသုတနဲ့ကျွမ်းကျင်မှုပေါင်းစပ်မှသာဘဝအတွက်အာမခံချက်ရှိတဲ့အလုပ်တစ်ခုရမယ်ဆိုတာကို အားလုံးကသိရှိကြပြီးဖြစ်မှာပါ။အသိပညာအတွက် ငွေတွေအများကြီးအကုန်ခံ ဘွဲ့လက်မှတ်တွေယူခဲ့၊ သင်တန်းတွေတက်ခဲ့ပြီးပေမယ့်စိတ်ကျေနပ်စရာကောင်းတဲ့အလုပ်ကိုရလိမ့်မယ်လို့ အပြည့်အဝသတ်မှတ်ထားလို့မရသေးပါဘူးနော်။ကိုယ့်ရဲ့ဘဝခရီးနဲ့အလုပ်မှာပျော်ရွှင်ဖို့ကတော့ ကိုယ့်ရဲ့တန်ဖိုးထားမှုကဘာလဲဆိုတာကိုသိဖို့လိုပြီးအဲဒီတန်ဖိုးထားမှုကိုမထိခိုက်စေမယ့်အလုပ်မျိုးကိုပဲစဥ်းစားရွေးချယ်ရမှာဖြစ်ပါတယ်။ကိုယ်ကတရားမျှတမှုရှိတာ၊ ရိုးသားတာကိုတန်ဖိုးထားတယ်ဆိုရင် အထက်ဖားအောက်ဖိအလုပ်မျိုး၊အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားအလုပ်မျိုးတွေကို ဘယ်လိုမှလုပ်နိုင်မှာမဟုတ်ပါဘူး။ တချို့လူတွေပြောကြတာက ဝင်ငွေတစ်ခုပေးနေလို့အလုပ်လို့ခေါ်တာပါတဲ့။ အလုပ်လုပ်တဲ့အခါငွေတစ်ခုတည်းကိုကြည့်ပြီး ငွေအတွက်နဲ့အလုပ်လုပ်နေကြသူတွေလည်းရှိပါတယ်။သူတို့အနေနဲ့ငွေရတာမှန်ပေမယ့် ဘဝကိုတန်ဖိုးပြည့်ဝစွာနေထိုင်နိုင်ခြင်းကိုတော့ ဆုံးရှုံးရမှာဖြစ်ပါတယ်။တချို့တွေကတော့ငွေရဖို့ဆိုတာထက်ပိုတဲ့တခြားသောအရာတွေကြောင့်အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ -ကိုယ်ကျွမ်းကျင်တဲ့အရာကိုလုပ်နေရလို့ -တခြားလူတွေက ကိုယ့်ကိုလိုအပ်နေလို့ -လူတွေကိုကူညီနိုင်လို့ -အလုပ်ကြောင့် မိမိကိုယ်ကိုယ်ယုံကြည်မှုတိုးလာလို့ -လူတွေနဲ့တွေ့ဆုံရတာကိုပျော်လို့ စတာတွေကြောင့်ဖြစ်ပါတယ်။ […]

High School Musical ဇာတ်လမ်းတွဲ Final Season ထွက်ရှိပါပြီ

August 11, 2023 Aung Khant Mon 0

90s Born တွေရဲ့ငယ်ဘဝအမှတ်တရဇာတ်လမ်းတွဲလေးတစ်ခုဖြစ်တဲ့ High School Musical ရဲ့ဇာတ်သိမ်းပိုင်း Final Season လေးထွက်ရှိလာပါပြီ။ဇာတ်သိမ်းပိုင်းလေးဖြစ်တာမို့ Troy နဲ့ Gabriella တို့ရဲ့အချစ်ရေးအပြင်တခြားသောဇာတ်ကောင်တွေဖြစ်တဲ့ Chad ၊ Martha ၊ Ryan နဲ့ Taylorတို့ရဲ့အချစ်ရေးနဲ့ အလုပ်အကိုင်တွေကိုလည်း အဆုံးသတ်အနေနဲ့ရိုက်ကူးပြသထားပါတယ်။ High School […]

Lisa တကယ်ပဲချစ်သူရနေပြီလား

August 11, 2023 Aung Khant Mon 0

Black Pink က Lisa နဲ့ Tag Hauer ရဲ့ CEO Frederic Arnault တို့တွဲနေကြတယ်ဆိုတဲ့သတင်းကမနှစ်ကတည်းကလူပြောများနေခဲ့တာပါ။ ဒါပေမဲ့ Frederic ကို Black Pink တစ်ဖွဲ့လုံးနဲ့တွဲပြီးဓာတ်ပုံရိုက်ထားတာကိုတွေ့ရတာမို့ ဒီအတိုင်းခင်မင်ကြတာပါဆိုတဲ့အနေအထားနဲ့သတင်းကိုချေဖျက်နိုင်ခဲ့ပါတယ်။ဒီနှစ်အစောပိုင်းမှာတော့ Lisa နဲ့ Frederic ကိုပြင်သစ်မှာတွဲရက်တွေ့ရပြန်တာမို့ သူတို့ရဲ့ Datingကောလာဟလက […]

Work Smart ဖြစ်စေမယ့်အချက် ၅ ချက်

August 11, 2023 Aung Khant Mon 0

အလုပ်လုပ်နေသူတွေအားလုံးကြားဖူးကြတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ Don’t work hard,work smart. ဆိုတဲ့စကားပဲဖြစ်ပါတယ်။Work Smart ဖြစ်အောင်ဘယ်လိုလုပ်ဆောင်မလဲဆိုရင် အခုဖော်ပြမယ့်အချက် ၅ချက်နဲ့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဲဒီအချက်တွေကတော့ … ၁. တကယ်ဖြစ်နိုင်တဲ့ပန်းတိုင်ကိုချမှတ်ပါ ပန်းတိုင်ချမှတ်တဲ့နေရာမှာ ရေရှည်အတွက်၊ တစ်နှစ်စာ၊ တစ်နှစ်ရဲ့လေးပုံတစ်ပုံစတဲ့ပိုင်းခြားမှုမျိုးတွေနဲ့ချမှတ်ထားသင့်ပါတယ်။ပန်းတိုင်ကြီးကိုတကယ်အကောင်အထည်ဖော်နိုင်ဖို့အတွက် သုံးလအတွင်းပန်းတိုင်အသေးလေး ၃ခုထက်ပိုပြီးမချမှတ်သင့်ဘူးလို့ဆိုကြပါတယ်။သုံးလစာအတွက် အောင်မြင်ချင်တဲ့ပန်းတိုင်ချမှတ်ပြီးပြီဆိုရင်တကယ်လုပ်ဆောင်ရမယ့်လုပ်ဆောင်ချက်တွေကိုအမှတ်စဥ်တပ်ပြီးချရေးရမှာဖြစ်ပါတယ်။နောက်တဆင့်ကတော့ အဲဒီအချက်တွေကိုလက်တွေ့အကောင်အထည်ဖော်ဖို့ပါပဲ။ ၂. […]

2023 MTV Award အတွက် Taylor Swift ၊ SZA နဲ့ Doja Cat တို့ဦးဆောင်နေ

August 10, 2023 Aung Khant Mon 0

၂၀၂၃ ခုနစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှာကျင်းပမယ့် MTV Video Music Awards ပွဲအတွက်ဆန်ခါတင်စာရင်းထွက်ပေါ်လာပြီဖြစ်ပါတယ်။MTV Video Music Awards အခမ်းအနားကို ၁၉၈၄ ခုနစ်ကနေစတင်ကျင်းပခဲ့တာဖြစ်ပြီး MTV Channel ကနေ တစ်နှစ်တာအတွက်အကောင်းဆုံး Music Videoတွေကိုရွေးချယ်ကာဆုချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ဒီဆုပေးပွဲမှာကဏ္ဍ ၂၁ ခုထားရှိပြီးဆုပေးသလို ၂၀၁၇ […]

ချစ်သူအချောလေးရပြီးမှတိုက်ခိုက်ခံနေရပြန်တဲ့ Ahn Bo Hyun

August 10, 2023 Aung Khant Mon 0

အောင်ဘိုထွန်းလို့မြန်မာပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ Ahn Bo Hyun တစ်ယောက်ကတော့ JiSoo နဲ့ချစ်သူတွေလို့ တရားဝင်ကြေညာပြီးချိန်မှာ လူတွေရဲ့မျက်စိဒေါက်ထောက်ကြည့်တာခံနေရပြီး အတိတ်ကဖြစ်ရပ်တွေကိုပါ တူးဆွခံနေရပါတယ်။ရိုက်ကွင်းအတွင်းမှာ သူ့ရဲ့ Stylist ဖြစ်သူက ဇာတ်ညွှန်းစာအုပ်ကိုလက်နဲ့ကိုင်ပြီး Ahn Bo Hyun ဖတ်ဖို့ပြပေးနေရတဲ့ ဗီဒီယို clip အတိုလေးကလတ်တလောမှာပျံ့နှံ့လာခဲ့တာြဖစ်ပါတယ်။မင်းသားရဲ့လက်နှစ်ဖက်အားနေပါရက်နဲ့ ဝန်ထမ်းကောင်မလေးကို သက်သက်အနိုင်ကျင့်တယ်ဆိုတဲ့စွပ်စွဲချက်တွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယို […]

ကိုယ့် Brand ကိုလူသိများစေဖို့ မဖြစ်မနေလုပ်ဆောင်သင့်တဲ့အချက်များ

August 10, 2023 Aung Khant Mon 0

Brand Awareness ဆိုတာက ကုမ္ပဏီရဲ့ Marketing Strategy တွေထဲအရေးကြီးတဲ့ကဏ္ဍကနေပါဝင်နေပါတယ်။ဝယ်သူအနေနဲ့ကလည်း ကိုယ့်ပစ္စည်းကိုယုံကြည်မှ၊ သတိထားမိမှပဲဝယ်ယူကြတာဖြစ်ပါတယ်။Brand Awareness ကြောင့်ကိုယ့်ရဲ့ပြိုင်ဘက်အမှတ်တံဆိပ်တွေကို ပိုမိုအသာစီးရမှာဖြစ်သလို ရောင်းအားလည်းတက်လာမှာဖြစ်ပါတယ်။ဒါကြောင့် Brand Awareness အတွက်မဖြစ်မနေလုပ်ဆောင်သင့်တာလေးတွေကိုမျှဝေပေးချင်ပါတယ်နော်။ -လူတွေသတိထားမိမှတ်မိလွယ်စေမယ့် ပုံရိပ်ကိုဖန်တီးပါ။ကိုယ့်အမှတ်တံဆိပ်နဲ့သုံးထားတဲ့ဆောင်ပုဒ်ဟာ စားသုံးသူရင်ထဲနေရာယူထားပြီးရင်တော့သူတို့အသုံးလိုလာတဲ့အချိန်တိုင်းကိုယ့် Brand ကိုပဲအရင်ဆုံးသတိရမှာဖြစ်ပါတယ်။ -Logo အတွက်ပိုက်ဆံမနှမြောပါနဲ့။ Logo ကိုလည်း […]