ယှဉ်ပြိုင်မှုပြင်းထန်ပြီး အလုပ်အကိုင်ရှားပါးနေတဲ့ ဈေးကွက်တစ်ခုမှာ အလုပ်ရှာဖွေသူတွေအနေနဲ့ အလုပ်ရှင်ရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိလာစေဖို့ လုပ်ဆောင်နိုင်တဲ့ အ ချက်အလက်အချို့ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ယနေ့အချိန်မှာ သင်ဟာ အလုပ်လက်မဲ့ဖြစ်နေတယ်ဆိုရင် အလုပ်သစ်ရှာဖွေခြင်းက ကံဆိုးမိုးမှောင် ကျနေတဲ့ ကံစမ်းမဲနှိုက်နေရသလို ခံစားရနိုင်ပါတယ်။ အလုပ်ရှင်တွေက အလုပ်ခန့်အပ်မှုနှုန်းကို နှေးကွေးစွာ လုပ်ဆောင်နေရုံသာမက ဝန်ထမ်းတွေကလည်း မိမိတို့ရဲ့ရာထူးနေရာတွေကို အရင်ကထက် ပိုမိုတွယ်ကပ်ကြပါတယ်။ ဒါကြောင့် ရရှိနိုင်မယ့် အခွင့်အလမ်းတွေ နည်းပါးသွားပြီး လစ်လပ်လာတဲ့ ရရာရာထူးတွေအတွက် ယှဉ် ပြိုင်မှုတွေ ပိုမိုမြင့်တက်လာပါတယ်။ အမေရိကန် အလုပ်သမားစာရင်းအင်းဗျူရို ရဲ့ အချက်အလက်တွေအရ အလုပ်လက်မဲ့ဖြစ်နေတာ ၂၇ ပတ်နဲ့အထက် ရှိနေသူတွေရဲ့ ရာခိုင်နှုန်းဟာ မနှစ်က ဒီအချိန်မှာ ၂၃ ရာခိုင်နှုန်းရှိခဲ့ရာကနေ ယခုအခါ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် ယနေ့ခေတ်လို အလုပ်ခန့်နှုန်းနှေးကွေးနေတဲ့ ဈေးကွက်ထဲမှာ လျှောက်လွှာတွေကို ပုံအောတင်သွင်းနေရုံနဲ့တင် မလုံလောက်တော့ပါဘူး။ စည်ကားကျပ်တည်းနေတဲ့ ဈေးကွက်တစ်ခုအတွင်း အလုပ်ရှင်ရဲ့ အာရုံစိုက်မှုကို ရရှိဖို့ဆိုရင် အလုပ်ရှာဖွေနေသူတွေအနေနဲ့ ဘယ်လိုမဟာဗျူဟာမြောက် အဆင့်တွေကို လုပ်ဆောင်သင့်သလဲဆိုတာကို ဒီအချက်တွေကနေ သိနိုင်ပါတယ်။
ကွန်ရက်ချိတ်ဆက်ပါ
ကွန်ရက်ချိတ်ဆက်ခြင်းဆိုတာ အမြဲတမ်းအရေးပါခဲ့ပေမယ့် ခန့်အပ်မယ့်သူတွေမှာ လစ်လပ်ရာထူးထက် လျှောက်လွှာတွေ ပိုများနေတဲ့ ပြည့်ကျပ်နေတဲ့ဈေးကွက်တစ်ခုမှာတော့ LinkedIn ရဲ့ အမေရိကန်ဒေသဆိုင်ရာ စီးပွားရေးဌာနအကြီးအကဲ Kory Kantenga က “သင်စိတ်ဝင်စားတဲ့ လုပ်ငန်းနယ်ပယ်နဲ့ ရာထူးတွေမှာ ရှိနေတဲ့သူတွေနဲ့ ချိတ်ဆက်ဖို့ သင့်ရဲ့ ကွန်ရက်ကို အသုံးပြုဖို့က အလွန်ကို အရေးကြီးပါတယ်” လို့ ဆိုပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင့်အနေနဲ့ အကြောင်းအရာမဲ့ ကိုယ်ရေးရာဇဝင် တွေကို အင်တာနက်ပေါ်မှာ အလကားလျှောက်တင်နေမယ့်အစား တကယ်နီးစပ်တဲ့ မိတ်ဖွဲ့မှုမျိုးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ အဲဒီကတစ် ဆင့် ဒီလိုဈေးကွက်မျိုးမှာ အလုပ်ခန့်ဖို့အတွက် အလွန်အရေးပါတဲ့ အတွင်းသိအချက်အလက်တွေနဲ့ အကြံပြုချက် တွေကိုပါ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။
ကျွမ်းကျင်မှုအသစ်များကို ထပ်လောင်းဖြည့်တင်းပါ
ဈေးကွက်ထဲမှာ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာတာနဲ့အမျှ ကိုယ့်ရဲ့ လက်ရှိရှိပြီးသား အရည်အချင်းတွေနဲ့ချည်း ရပ်တည်လို့ မရတော့ပါဘူး။ ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီတဲ့ တခြားသော ကျွမ်းကျင်မှုအသစ်တွေကိုပါ ထပ်မံလေ့လာသင်ယူထားဖို့ လိုအပ်ပါတယ်။ အလုပ်ရှင်တွေဟာ လုပ်ငန်းခွင်မှာ ချက်ချင်းလက်တွေ့ အသုံးဝင်ပြီး ပြောင်းလဲလာတဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာ ပိုပြီး ဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ ဥပမာအားဖြင့်၊ နည်းပညာအသစ်အဆန်းတွေ၊ ဒစ်ဂျစ်တယ်ကိရိယာသုံးစွဲနိုင်မှုတွေ ဒါမှမဟုတ် ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ နောက်ဆုံးပေါ် ကျွမ်းကျင်မှုတွေကို အချိန်ယူပြီး လေ့လာထားတာက ကိုယ့်ကို ပြိုင်ဘက်တွေကြားထဲမှာ ထင်ရှားပေါ်လွင်စေပါတယ်။
ကိုယ့်ရဲ့ လျှောက်လွှာနှင့် ကိုယ်ရေးရာဇဝင်ကို အခြေအနေပေါ်မူတည်၍ ပြင်ဆင်ပါ
အလုပ်လျှောက်တဲ့အခါ တစ်ပုံစံတည်းဖြစ်နေတဲ့ ကိုယ်ရေးရာဇဝင်နဲ့ Cover Letter တစ်စောင်တည်းကို ကုမ္ပဏီအမျိုးမျိုးဆီ ပုံအောပေးပို့နေမယ့်အစား၊ လျှောက် ထားမယ့် ကုမ္ပဏီနဲ့ ရာထူးရဲ့ သီးသန့်လိုအပ်ချက် (Job Description) တွေနဲ့ တိုက်ဆိုင်ညှိနှိုင်းပြီး သေချာပြင်ဆင် တင်သွင်းသင့်ပါတယ်။ ကုမ္ပဏီတစ်ခုချင်းစီရဲ့ လို လားချက်၊ ယဉ်ကျေးမှုနဲ့ လုပ်ငန်းသဘာဝပေါ်မူတည်လို့ ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းတွေကို ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာ ပေါ်လွင်အောင် အသားပေးဖော်ပြနိုင်မှသာ အလုပ်ရှင်တွေနဲ့ HR တွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိလာစေမှာ ဖြစ်ပါတယ်။ အချုပ်အနေနဲ့ ယနေ့ခေတ်လို နှေးကွေးခက်ခဲနေတဲ့ အလုပ်အကိုင်ဈေး ကွက်ကြီးမှာ အောင်မြင်ဖို့ဆိုတာ စိတ်ဓာတ်ကျမသွားဘဲ စနစ်တကျ ပြင်ဆင်ကြိုးစားမှုတွေ လုပ်ဖို့လိုပါတယ်။ အရမ်းကြီး စိုးရိမ်ပူပန်နေမယ့်အစား ကိုယ်ပိုင်ကွန်ရက်ကို တည်ဆောက်တာ၊ ကျွမ်းကျင်မှုအသစ်တွေ ထပ်ဖြည့်တာနဲ့ လျှောက်လွှာတင်တဲ့နေရာမှာ စမတ်ကျကျနဲ့ သေချာပြင်ဆင်တာတွေကို အဓိကထား လုပ်ဆောင်သွားမယ်ဆိုရင် သင့်ရဲ့ အလုပ်အကိုင်ရရှိနိုင်ခြေ အခွင့်အလမ်းတွေက သိသိသာသာ မြင့်တက်လာမှာ အသေအချာပါပဲ။
ကျော့ကေခိုင်
zawgyi
ယွဥ္ၿပိဳင္မႈျပင္းထန္ၿပီး အလုပ္အကိုင္ရွားပါးေနတဲ့ ေဈးကြက္တစ္ခုမွာ အလုပ္ရွာေဖြသူေတြအေနနဲ႔ အလုပ္ရွင္ရဲ႕ အာ႐ုံစိုက္မႈကို ပိုမိုရရွိလာေစဖို႔ လုပ္ေဆာင္ႏိုင္တဲ့ အ ခ်က္အလက္အခ်ိဳ႕ ရွိတယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။ ယေန႔အခ်ိန္မွာ သင္ဟာ အလုပ္လက္မဲ့ျဖစ္ေနတယ္ဆိုရင္ အလုပ္သစ္ရွာေဖြျခင္းက ကံဆိုးမိုးေမွာင္ က်ေနတဲ့ ကံစမ္းမဲႏႈိက္ေနရသလို ခံစားရႏိုင္ပါတယ္။ အလုပ္ရွင္ေတြက အလုပ္ခန႔္အပ္မႈႏႈန္းကို ေႏွးေကြးစြာ လုပ္ေဆာင္ေန႐ုံသာမက ဝန္ထမ္းေတြကလည္း မိမိတို႔ရဲ႕ရာထူးေနရာေတြကို အရင္ကထက္ ပိုမိုတြယ္ကပ္ၾကပါတယ္။ ဒါေၾကာင့္ ရရွိႏိုင္မယ့္ အခြင့္အလမ္းေတြ နည္းပါးသြားၿပီး လစ္လပ္လာတဲ့ ရရာရာထူးေတြအတြက္ ယွဥ္ ၿပိဳင္မႈေတြ ပိုမိုျမင့္တက္လာပါတယ္။ အေမရိကန္ အလုပ္သမားစာရင္းအင္းဗ်ဴ႐ို ရဲ႕ အခ်က္အလက္ေတြအရ အလုပ္လက္မဲ့ျဖစ္ေနတာ ၂၇ ပတ္နဲ႔အထက္ ရွိေနသူေတြရဲ႕ ရာခိုင္ႏႈန္းဟာ မႏွစ္က ဒီအခ်ိန္မွာ ၂၃ ရာခိုင္ႏႈန္းရွိခဲ့ရာကေန ယခုအခါ ၂၅ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ပါတယ္။ ဒါေၾကာင့္ ယေန႔ေခတ္လို အလုပ္ခန႔္ႏႈန္းေႏွးေကြးေနတဲ့ ေဈးကြက္ထဲမွာ ေလွ်ာက္လႊာေတြကို ပုံေအာတင္သြင္းေန႐ုံနဲ႔တင္ မလုံေလာက္ေတာ့ပါဘူး။ စည္ကားက်ပ္တည္းေနတဲ့ ေဈးကြက္တစ္ခုအတြင္း အလုပ္ရွင္ရဲ႕ အာ႐ုံစိုက္မႈကို ရရွိဖို႔ဆိုရင္ အလုပ္ရွာေဖြေနသူေတြအေနနဲ႔ ဘယ္လိုမဟာဗ်ဴဟာေျမာက္ အဆင့္ေတြကို လုပ္ေဆာင္သင့္သလဲဆိုတာကို ဒီအခ်က္ေတြကေန သိႏိုင္ပါတယ္။
ကြန္ရက္ခ်ိတ္ဆက္ပါ
ကြန္ရက္ခ်ိတ္ဆက္ျခင္းဆိုတာ အၿမဲတမ္းအေရးပါခဲ့ေပမယ့္ ခန႔္အပ္မယ့္သူေတြမွာ လစ္လပ္ရာထူးထက္ ေလွ်ာက္လႊာေတြ ပိုမ်ားေနတဲ့ ျပည့္က်ပ္ေနတဲ့ေဈးကြက္တစ္ခုမွာေတာ့ LinkedIn ရဲ႕ အေမရိကန္ေဒသဆိုင္ရာ စီးပြားေရးဌာနအႀကီးအကဲ Kory Kantenga က “သင္စိတ္ဝင္စားတဲ့ လုပ္ငန္းနယ္ပယ္နဲ႔ ရာထူးေတြမွာ ရွိေနတဲ့သူေတြနဲ႔ ခ်ိတ္ဆက္ဖို႔ သင့္ရဲ႕ ကြန္ရက္ကို အသုံးျပဳဖို႔က အလြန္ကို အေရးႀကီးပါတယ္” လို႔ ဆိုပါတယ္။ ဒီလိုလုပ္ေဆာင္ျခင္းအားျဖင့္ သင့္အေနနဲ႔ အေၾကာင္းအရာမဲ့ ကိုယ္ေရးရာဇဝင္ ေတြကို အင္တာနက္ေပၚမွာ အလကားေလွ်ာက္တင္ေနမယ့္အစား တကယ္နီးစပ္တဲ့ မိတ္ဖြဲ႕မႈမ်ိဳးကို တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။ အဲဒီကတစ္ ဆင့္ ဒီလိုေဈးကြက္မ်ိဳးမွာ အလုပ္ခန႔္ဖို႔အတြက္ အလြန္အေရးပါတဲ့ အတြင္းသိအခ်က္အလက္ေတြနဲ႔ အႀကံျပဳခ်က္ ေတြကိုပါ ရရွိလာႏိုင္မွာ ျဖစ္ပါတယ္။
ကြၽမ္းက်င္မႈအသစ္မ်ားကို ထပ္ေလာင္းျဖည့္တင္းပါ
ေဈးကြက္ထဲမွာ ယွဥ္ၿပိဳင္မႈေတြ ျပင္းထန္လာတာနဲ႔အမွ် ကိုယ့္ရဲ႕ လက္ရွိရွိၿပီးသား အရည္အခ်င္းေတြနဲ႔ခ်ည္း ရပ္တည္လို႔ မရေတာ့ပါဘူး။ ေခတ္ေရစီးေၾကာင္းနဲ႔ ကိုက္ညီတဲ့ တျခားေသာ ကြၽမ္းက်င္မႈအသစ္ေတြကိုပါ ထပ္မံေလ့လာသင္ယူထားဖို႔ လိုအပ္ပါတယ္။ အလုပ္ရွင္ေတြဟာ လုပ္ငန္းခြင္မွာ ခ်က္ခ်င္းလက္ေတြ႕ အသုံးဝင္ၿပီး ေျပာင္းလဲလာတဲ့ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ေျဖရွင္းႏိုင္စြမ္းရွိတဲ့ ကိုယ္စားလွယ္ေလာင္းေတြကိုသာ ပိုၿပီး ဦးစားေပး ေ႐ြးခ်ယ္တတ္ၾကပါတယ္။ ဥပမာအားျဖင့္၊ နည္းပညာအသစ္အဆန္းေတြ၊ ဒစ္ဂ်စ္တယ္ကိရိယာသုံးစြဲႏိုင္မႈေတြ ဒါမွမဟုတ္ ကိုယ့္လုပ္ငန္းနဲ႔ သက္ဆိုင္တဲ့ ေနာက္ဆုံးေပၚ ကြၽမ္းက်င္မႈေတြကို အခ်ိန္ယူၿပီး ေလ့လာထားတာက ကိုယ့္ကို ၿပိဳင္ဘက္ေတြၾကားထဲမွာ ထင္ရွားေပၚလြင္ေစပါတယ္။
ကိုယ့္ရဲ႕ ေလွ်ာက္လႊာႏွင့္ ကိုယ္ေရးရာဇဝင္ကို အေျခအေနေပၚမူတည္၍ ျပင္ဆင္ပါ
အလုပ္ေလွ်ာက္တဲ့အခါ တစ္ပုံစံတည္းျဖစ္ေနတဲ့ ကိုယ္ေရးရာဇဝင္နဲ႔ Cover Letter တစ္ေစာင္တည္းကို ကုမၸဏီအမ်ိဳးမ်ိဳးဆီ ပုံေအာေပးပို႔ေနမယ့္အစား၊ ေလွ်ာက္ ထားမယ့္ ကုမၸဏီနဲ႔ ရာထူးရဲ႕ သီးသန႔္လိုအပ္ခ်က္ (Job Description) ေတြနဲ႔ တိုက္ဆိုင္ညႇိႏႈိင္းၿပီး ေသခ်ာျပင္ဆင္ တင္သြင္းသင့္ပါတယ္။ ကုမၸဏီတစ္ခုခ်င္းစီရဲ႕ လို လားခ်က္၊ ယဥ္ေက်းမႈနဲ႔ လုပ္ငန္းသဘာဝေပၚမူတည္လို႔ ကိုယ့္ရဲ႕ အေတြ႕အႀကဳံနဲ႔ အရည္အခ်င္းေတြကို ဘယ္လိုအက်ိဳးျပဳႏိုင္မလဲဆိုတာ ေပၚလြင္ေအာင္ အသားေပးေဖာ္ျပႏိုင္မွသာ အလုပ္ရွင္ေတြနဲ႔ HR ေတြရဲ႕ အာ႐ုံစိုက္မႈကို ပိုမိုရရွိလာေစမွာ ျဖစ္ပါတယ္။ အခ်ဳပ္အေနနဲ႔ ယေန႔ေခတ္လို ေႏွးေကြးခက္ခဲေနတဲ့ အလုပ္အကိုင္ေဈး ကြက္ႀကီးမွာ ေအာင္ျမင္ဖို႔ဆိုတာ စိတ္ဓာတ္က်မသြားဘဲ စနစ္တက် ျပင္ဆင္ႀကိဳးစားမႈေတြ လုပ္ဖို႔လိုပါတယ္။ အရမ္းႀကီး စိုးရိမ္ပူပန္ေနမယ့္အစား ကိုယ္ပိုင္ကြန္ရက္ကို တည္ေဆာက္တာ၊ ကြၽမ္းက်င္မႈအသစ္ေတြ ထပ္ျဖည့္တာနဲ႔ ေလွ်ာက္လႊာတင္တဲ့ေနရာမွာ စမတ္က်က်နဲ႔ ေသခ်ာျပင္ဆင္တာေတြကို အဓိကထား လုပ္ေဆာင္သြားမယ္ဆိုရင္ သင့္ရဲ႕ အလုပ္အကိုင္ရရွိႏိုင္ေျခ အခြင့္အလမ္းေတြက သိသိသာသာ ျမင့္တက္လာမွာ အေသအခ်ာပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply