LinkedIn ပေါ်က Recruiter တွေရဲ့ အာရုံစိုက်မှုကို ခံရဖို့ နည်းလမ်း (၄) ချက်

LinkedIn ရဲ့ သုတေသနချက်အရ ဆိုရင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ မှာ Censuswide က လုပ်ခဲ့တဲ့ ကမ္ဘာတစ်ဝန်းက စားသုံးသူ ၁၉,၀၀၀ ကျော်နဲ့ HR ကျွမ်းကျင်သူ ၆,၅၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာမှာ ခေါ်ယူရေးတာဝန်ခံ (Recruiter) တွေရဲ့ သုံးပုံနှစ်ပုံက အရည်အသွေးပြည့်မီတဲ့ ဝန်ထမ်းရှာဖို့ ပိုခက်လာပြီလို့ ဝန်ခံကြပါတယ်။ ဒါပေမဲ့ ဟောဒီမှာတော့ လူတယောက်တည်း အချိန်ပြည့် ပို့စ်တွေတင်၊ ကောမန်ပေး၊ LinkedIn ပေါ်မှာ တစ်နေ့ကို နာရီပေါင်းများစွာ အချိန်ကုန်ခံနေတာတောင် ဘာလို့များ Recruiter တွေရဲ့ အာရုံစိုက်မှုကို မခံရတာလဲ။

Recruiter တွေ တကယ်တမ်း ဘာတွေကို စစ်ဆေးနေကြတာလဲ

Recruiter တွေက သင့်ရဲ့ ကိုယ်ရေးရာဇဝင်နဲ့ LinkedIn ပေါ်မှာ အထောက်အထားတွေကို မြင်ချင်ကြတာပါ။ သူတို့က ဘာမှ အချိန်မဆွဲဘဲ သင့်ရဲ့ ကျွမ်းကျင်မှုတွေကို ချက်ချင်း မြင်ချင်ကြတယ်။ ဒါက ဖောင်းပွနေတဲ့ Banner တွေ၊ သပ်ရပ်လှပတဲ့ ကိုယ့်အကြောင်း ကဏ္ဍတွေ ဒါမှမဟုတ် ဖော်လိုဝါ ရာချီ၊ သိန်းချီ ရှိနေတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ Recruiter တွေက ‘A + B = C’ ဆိုတဲ့ ရလဒ်မျိုးကို မြင်ချင်ကြတာပါ။ အဲ့ဒါ ဘာကို ဆိုလိုတာလဲဆိုတော့ ဒီအချက်တွေကြောင့်ပါ။

Recruiter တွေ ဘာလို့ သင့်ကို ရှာမတွေ့ကြတာလဲ။

ပြိုင်ဆိုင်မှုတွေ များလွန်းတဲ့ထဲမှာ ကိုယ်ပျောက်နေသလို ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ Recruiter တွေက သင့်ရဲ့ အရည်အချင်း ဒါမှမဟုတ် ကျွမ်းကျင်မှု မရှိလို့ သင့်ကို လျစ်လျူရှုနေတာတော့ မဟုတ်ပါဘူး။ သင်ဟာ သူတို့ရှာနေတဲ့ လူစစ်စစ် ဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့ ပလက်ဖောင်း တစ်ခုတည်းပေါ်မှာ ရှိနေရုံနဲ့ သူတို့မြင်နိုင်မယ်လို့ မဆိုလိုပါဘူး။ ဒီအချက်ကိုလည်း အဲ့ဒီ LinkedIn သုတေသနက တိုက်ဆိုင်စွာပဲ ထောက်ပြထားပါတယ်။ ၂၀၂၆ ခုနှစ်မှာ အလုပ်အကိုင်အသစ် လိုချင်လို့ တက်တက်ကြွကြွ ရှာဖွေနေသူတွေ ကမ္ဘာတစ်ဝန်းမှာ ၅၂ရာခိုင်နှုန်း ရှိနေတဲ့အချိန်မှာပဲ အလုပ်ရှာဖွေနေသူတွေရဲ့ ၈၀ရာခိုင်နှုန်း နီးပါးက အခုချိန်မှာ ဘာမှန်းညာမှန်းမသိ၊ အသင့်မဖြစ်သေးဘူးလို့ ခံစားနေကြရပါတယ်။နှစ်ဖက်စလုံးက တစ်ယောက်နဲ့ တစ်ယောက် ရှာနေကြတာပါ။ ဒါပေမဲ့ သတင်းကောင်းကတော့ ဒီကွာဟချက်ကို ပိတ်ဆို့ပြီး ဆုံးဖြတ်ချက်ချမယ့်သူတွေရဲ့ ရှေ့ရောက်သွားစေမယ့် LinkedIn ပရိုဖိုင်တစ်ခုကို သင်ကိုယ်တိုင် ဖန်တီးနိုင်စွမ်း ရှိပါတယ်။ သူတို့ရဲ့ ဖိနပ်ကို စွပ်ပြီး ဝင်တွေးကြည့်ဖို့နဲ့ သူတို့ ဘာတွေလိုချင်နေလဲဆိုတာကို သိဖို့ပဲ လိုပါတယ်။ဥပမာ သင်ဟာ စျေးကွက်ဖော်ဆောင်ရေး (marketing) ဘွဲ့ရလာတယ်၊ သင့်ရဲ့ ရည်မှန်းချက်က ကွန်မြူနီကေးရှင်း ဒါရိုက်တာ (communications director) ဖြစ်ချင်တယ် ဆိုပါစို့။ သင့်မှာ ဒီနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ အရည်အချင်းတွေ ရှိပါတယ်။ ဒါပေမဲ့ Recruiter တွေက သင့်ရဲ့ LinkedIn ကို ဝင်ကြည့်လိုက်တဲ့အခါ သင့်ရဲ့ ကျွမ်းကျင်မှုကို သက်သေပြမယ့် အထောက်အထား ဘာမှ မတွေ့ရဘူး။ ၂၀၂၅ ခုနှစ် ဩဂုတ်နဲ့ စက်တင်ဘာလတွေအတွင်း စုဆောင်းထားတဲ့ အလုပ်ရှင်အချက်အလက်တွေကို အခြေခံပြီး ထုတ်ပြန်တဲ့ NACE ရဲ့ Job Outlook 2026 အစီရင်ခံစာအရ အလုပ်ရှင်တွေရဲ့ ၇၀ရာခိုင်နှုန်း နီးပါးက ကျွမ်းကျင်မှုကို အခြေခံပြီး လူခေါ်တဲ့စနစ်ကို သုံးနေကြပါပြီ။

ဒါက သင့်အတွက် ဘာကို ဆိုလိုတာလဲဆိုရင် NACE ရဲ့ သုတေသနအရ အလုပ်ရှင်တွေက ကိုယ်စားလှယ်လောင်းတွေဆီကနေ အဓိက အချက်တစ်ချက်ကို လိုချင်ပါတယ်။ အဲ့ဒါကတော့ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ သင့်ရဲ့ ကျွမ်းကျင်မှုကို ဘယ်လိုသုံးခဲ့တယ်ဆိုတဲ့ တိကျတဲ့ ဥပမာတွေကို မျှဝေပြဖို့ပါပဲ။ ပညာရေးနဲ့ အတိတ်က အတွေ့အကြုံတွေအကြောင်း ရေးထားတာက တိုင်းတာလို့ရတဲ့ ရလဒ်တွေ၊ ဒေတာအချက်အလက်နဲ့ သက်သေပြချက်တွေ မပါဘူးဆိုရင် ဘာမှ အလုပ်မဖြစ်ပါဘူး။ LinkedIn မှာ Recruiter တွေရဲ့ အာရုံစိုက်မှုကို ခံရဖို့ နည်းလမ်း (၄) ချက်ကို မျှဝေပေးသွားပါမယ်။ သင့်ရဲ့ ပရိုဖိုင်ကို ဝင်ကြည့်ပြီး ကျော်သွားတာနဲ့ ဖတ်သွားတာ ဘာကွာသွားမလဲဆိုတာကို ဒီနေ့ပဲ သင်လုပ်လို့ရမယ့် လက်တွေ့ကျတဲ့ အလုပ် ၄ ခုကနေ ဖန်တီးပေးနိုင်ပါတယ်။

ရလဒ်တွေကို သက်သေပြဖို့ About ကဏ္ဍကို ပြင်ဆင်ပါ

သင်ယူတတ်မြောက်လိုစိတ် ရှိဖို့နဲ့ သင်ယူခဲ့သမျှကို တန်ဖိုးထားတတ်ဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ Recruiter တစ်ယောက်က သင့်ရဲ့ LinkedIn ပရိုဖိုင်ကို ရောက်လာတဲ့အခါ အလုပ်သင်မှာပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီမှာဖြစ်ဖြစ်၊ တက္ကသိုလ်မှာဖြစ်ဖြစ် သင်ကိုယ်တိုင် ဘာတွေလုပ်ဆောင်ပေးခဲ့လဲ၊ အပြောင်းအလဲတစ်ခုကို ဘယ် လိုဖန်တီးပေးခဲ့လဲဆိုတာကို မြင်ချင်ကြပါတယ်။ အပြောင်းအလဲတစ်ခုကို ဘယ်လို ဆောင်ကြဉ်းပေးခဲ့လဲဆိုတာ နံပါတ်တွေနဲ့ တိတိကျကျ ပြောပြပါ။ ဒီအကြံပြုချက်က ကိုယ်ရေးရာဇဝင် (Resume) အတွက်ပါ အကျုံးဝင်ပါတယ်။ Recruiter တွေက သင့်ရဲ့ ဇာတ်လမ်းကိုရော၊ တိုးတက်ပြောင်းလဲလာပုံကိုပါ မြင်ချင်ကြတာပါ။

မီဒီယာ အကြောင်းအရာ ပုံစံအမျိုးမျိုးနဲ့ တင်ပါ

Recruiter အများစုမှာ သင်လုပ်ခဲ့တာတွေ၊ ထောက်ခံချက်တွေ၊ ရည်မှန်းချက်တွေပါတဲ့ စာမျက်နှာ ၁၀ ဆန့် ကိုယ်ရေးရာဇဝင်ကို ထိုင်ဖတ်နေဖို့ အချိန်မရှိပါဘူး။ ဒါကြောင့် စာသားနဲ့ရော ဗီဒီယိုနဲ့ပါ သင့်ရဲ့ LinkedIn ပရိုဖိုင်မှာ ဖော်ပြပေးပါ။ အဲ့ဒါနဲ့အတူ စက္ကန့် ၃၀ ကနေ ၆၀ လောက်ရှိတဲ့ ဗီဒီယိုလေးနဲ့ တွဲတင်ပေးလိုက်ရင် Recruiter တွေအနေနဲ့ သင် ဘာတွေလုပ်နိုင်တယ်ဆိုတာကို ပုံစံအမျိုးမျိုးနဲ့ မြင်တွေ့နိုင်မှာပါ။

ခေါင်းစဉ်မှာ မှန်ကန်တဲ့ keyword စာလုံးတွေသုံးပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပါ

Recruiter အများစုက အလုပ်အတွက် အကောင်းဆုံးလူကို ရှာဖို့ သူတို့ရဲ့ ဖုန်းတွေနဲ့ပဲ ကြည့်နေကြတာပါ။ ဒါကြောင့် သင့်ခေါင်းစဉ်ရဲ့ စာလုံးအစတွေက အရေးကြီးဆုံးဖြစ်ပါတယ်။ “မကြာသေးမီက ဘွဲ့ရတစ်ဦး” ဆိုတဲ့ စကားလုံးတွေနဲ့ အချိန်မဖြုန်းပါနဲ့။ တကယ်သုံးနေတဲ့ သင့်အလုပ်အကိုင်ရာထူးနဲ့ ကျွမ်းကျင်မှုတွေကိုပဲ သုံးပါ။

Featured ကဏ္ဍကို portfolio တစ်ခုလို ပြသပါ

အဲ့ဒီ နေရာ ၃ ခုကနေ ၄ ခုကို ရည်ရွယ်ချက်ရှိရှိ သုံးပါ။ သင့်မှာ သက်ရောက်မှုအရှိဆုံးဖြစ်ခဲ့တဲ့ ပရောဂျက်တစ်ခုကို လင့်ခ်ချိတ်ပါ၊ သင် ဘယ်သူတွေနဲ့ အလုပ်လုပ်ဖူးလဲဆိုတာကို ပြတဲ့ ဝက်ဘ်ဆိုက် ဒါမှမဟုတ် ပို့ဖိုလီယိုကို ထင်ရှားအောင်ပြပါ၊ ပြီးတော့ ကိုယ်ရေးကိုယ်တာ မိတ်ဆက်ဗီဒီယိုတိုလေး တစ်ခုကို ထည့်ပြနိုင်ရင် အ ကောင်းဆုံးပါပဲ။

Recruiter တွေရဲ့ အာရုံစိုက်မှုကို ခံယူဖို့ အသင့်ဖြစ်ပြီလား

Recruiter တွေက သင့်ရဲ့ ကိုယ်ရေးရာဇဝင်ကို မဖတ်ရသေးခင်၊ အင်တာဗျူးဖို့ မဖိတ်ခေါ်ရသေးခင်၊ ဒါမှမဟုတ် လစာအကြောင်း မပြောရသေးခင်မှာ သင့်နဲ့ သင့်ရဲ့ အရည်အချင်းကို ယုံကြည်ချင်ကြပါတယ်။ ဒါကြောင့် သင့်ရဲ့ LinkedIn ပရိုဖိုင်ကို ပိုပြီး ရှင်းလင်းပြတ်သားအောင် လုပ်ပါ။ Recruiter တွေ သင့်အရည်အချင်းရဲ့ သက်သေကို လိုက်ရှာလို့ မပင်ပန်းပါစေနဲ့။ သူတို့ လိုချင်တာအားလုံးကို အကုန်ပေးလိုက်ပါ။ ဒါဆိုရင် LinkedIn ပေါ်မှာ Recruiter တွေရဲ့ အာရုံစိုက်မှုကို ခဏလေးအတွင်းမှာ ရလာပါလိမ့်မယ်။

ကျော့ကေခိုင်

zawgyi

LinkedIn ရဲ႕ သုေတသနခ်က္အရ ဆိုရင္ ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလ မွာ Censuswide က လုပ္ခဲ့တဲ့ ကမာၻတစ္ဝန္းက စားသုံးသူ ၁၉,၀၀၀ ေက်ာ္နဲ႔ HR ကြၽမ္းက်င္သူ ၆,၅၀၀ ေက်ာ္ကို စစ္တမ္းေကာက္ယူခဲ့ရာမွာ ေခၚယူေရးတာဝန္ခံ (Recruiter) ေတြရဲ႕ သုံးပုံႏွစ္ပုံက အရည္အေသြးျပည့္မီတဲ့ ဝန္ထမ္းရွာဖို႔ ပိုခက္လာၿပီလို႔ ဝန္ခံၾကပါတယ္။ ဒါေပမဲ့ ေဟာဒီမွာေတာ့ လူတေယာက္တည္း အခ်ိန္ျပည့္ ပို႔စ္ေတြတင္၊ ေကာမန္ေပး၊ LinkedIn ေပၚမွာ တစ္ေန႔ကို နာရီေပါင္းမ်ားစြာ အခ်ိန္ကုန္ခံေနတာေတာင္ ဘာလို႔မ်ား Recruiter ေတြရဲ႕ အာ႐ုံစိုက္မႈကို မခံရတာလဲ။

Recruiter ေတြ တကယ္တမ္း ဘာေတြကို စစ္ေဆးေနၾကတာလဲ

Recruiter ေတြက သင့္ရဲ႕ ကိုယ္ေရးရာဇဝင္နဲ႔ LinkedIn ေပၚမွာ အေထာက္အထားေတြကို ျမင္ခ်င္ၾကတာပါ။ သူတို႔က ဘာမွ အခ်ိန္မဆြဲဘဲ သင့္ရဲ႕ ကြၽမ္းက်င္မႈေတြကို ခ်က္ခ်င္း ျမင္ခ်င္ၾကတယ္။ ဒါက ေဖာင္းပြေနတဲ့ Banner ေတြ၊ သပ္ရပ္လွပတဲ့ ကိုယ့္အေၾကာင္း က႑ေတြ ဒါမွမဟုတ္ ေဖာ္လိုဝါ ရာခ်ီ၊ သိန္းခ်ီ ရွိေနတာမ်ိဳးကို ဆိုလိုတာ မဟုတ္ပါဘူး။ Recruiter ေတြက ‘A + B = C’ ဆိုတဲ့ ရလဒ္မ်ိဳးကို ျမင္ခ်င္ၾကတာပါ။ အဲ့ဒါ ဘာကို ဆိုလိုတာလဲဆိုေတာ့ ဒီအခ်က္ေတြေၾကာင့္ပါ။

Recruiter ေတြ ဘာလို႔ သင့္ကို ရွာမေတြ႕ၾကတာလဲ။

ၿပိဳင္ဆိုင္မႈေတြ မ်ားလြန္းတဲ့ထဲမွာ ကိုယ္ေပ်ာက္ေနသလို ခံစားရႏိုင္ပါတယ္။ ဒါေပမဲ့ Recruiter ေတြက သင့္ရဲ႕ အရည္အခ်င္း ဒါမွမဟုတ္ ကြၽမ္းက်င္မႈ မရွိလို႔ သင့္ကို လ်စ္လ်ဴရႈေနတာေတာ့ မဟုတ္ပါဘူး။ သင္ဟာ သူတို႔ရွာေနတဲ့ လူစစ္စစ္ ျဖစ္ေကာင္းျဖစ္ေနႏိုင္ေပမဲ့ ပလက္ေဖာင္း တစ္ခုတည္းေပၚမွာ ရွိေန႐ုံနဲ႔ သူတို႔ျမင္ႏိုင္မယ္လို႔ မဆိုလိုပါဘူး။ ဒီအခ်က္ကိုလည္း အဲ့ဒီ LinkedIn သုေတသနက တိုက္ဆိုင္စြာပဲ ေထာက္ျပထားပါတယ္။ ၂၀၂၆ ခုႏွစ္မွာ အလုပ္အကိုင္အသစ္ လိုခ်င္လို႔ တက္တက္ႂကြႂကြ ရွာေဖြေနသူေတြ ကမာၻတစ္ဝန္းမွာ ၅၂ရာခိုင္ႏႈန္း ရွိေနတဲ့အခ်ိန္မွာပဲ အလုပ္ရွာေဖြေနသူေတြရဲ႕ ၈၀ရာခိုင္ႏႈန္း နီးပါးက အခုခ်ိန္မွာ ဘာမွန္းညာမွန္းမသိ၊ အသင့္မျဖစ္ေသးဘူးလို႔ ခံစားေနၾကရပါတယ္။ႏွစ္ဖက္စလုံးက တစ္ေယာက္နဲ႔ တစ္ေယာက္ ရွာေနၾကတာပါ။ ဒါေပမဲ့ သတင္းေကာင္းကေတာ့ ဒီကြာဟခ်က္ကို ပိတ္ဆို႔ၿပီး ဆုံးျဖတ္ခ်က္ခ်မယ့္သူေတြရဲ႕ ေရွ႕ေရာက္သြားေစမယ့္ LinkedIn ပ႐ိုဖိုင္တစ္ခုကို သင္ကိုယ္တိုင္ ဖန္တီးႏိုင္စြမ္း ရွိပါတယ္။ သူတို႔ရဲ႕ ဖိနပ္ကို စြပ္ၿပီး ဝင္ေတြးၾကည့္ဖို႔နဲ႔ သူတို႔ ဘာေတြလိုခ်င္ေနလဲဆိုတာကို သိဖို႔ပဲ လိုပါတယ္။ဥပမာ သင္ဟာ ေစ်းကြက္ေဖာ္ေဆာင္ေရး (marketing) ဘြဲ႕ရလာတယ္၊ သင့္ရဲ႕ ရည္မွန္းခ်က္က ကြန္ျမဴနီေကးရွင္း ဒါ႐ိုက္တာ (communications director) ျဖစ္ခ်င္တယ္ ဆိုပါစို႔။ သင့္မွာ ဒီနယ္ပယ္ရဲ႕ အထြတ္အထိပ္ကို ေရာက္ဖို႔ အရည္အခ်င္းေတြ ရွိပါတယ္။ ဒါေပမဲ့ Recruiter ေတြက သင့္ရဲ႕ LinkedIn ကို ဝင္ၾကည့္လိုက္တဲ့အခါ သင့္ရဲ႕ ကြၽမ္းက်င္မႈကို သက္ေသျပမယ့္ အေထာက္အထား ဘာမွ မေတြ႕ရဘူး။ ၂၀၂၅ ခုႏွစ္ ဩဂုတ္နဲ႔ စက္တင္ဘာလေတြအတြင္း စုေဆာင္းထားတဲ့ အလုပ္ရွင္အခ်က္အလက္ေတြကို အေျခခံၿပီး ထုတ္ျပန္တဲ့ NACE ရဲ႕ Job Outlook 2026 အစီရင္ခံစာအရ အလုပ္ရွင္ေတြရဲ႕ ၇၀ရာခိုင္ႏႈန္း နီးပါးက ကြၽမ္းက်င္မႈကို အေျခခံၿပီး လူေခၚတဲ့စနစ္ကို သုံးေနၾကပါၿပီ။

ဒါက သင့္အတြက္ ဘာကို ဆိုလိုတာလဲဆိုရင္ NACE ရဲ႕ သုေတသနအရ အလုပ္ရွင္ေတြက ကိုယ္စားလွယ္ေလာင္းေတြဆီကေန အဓိက အခ်က္တစ္ခ်က္ကို လိုခ်င္ပါတယ္။ အဲ့ဒါကေတာ့ ျပႆနာတစ္ခုကို ေျဖရွင္းဖို႔ သင့္ရဲ႕ ကြၽမ္းက်င္မႈကို ဘယ္လိုသုံးခဲ့တယ္ဆိုတဲ့ တိက်တဲ့ ဥပမာေတြကို မွ်ေဝျပဖို႔ပါပဲ။ ပညာေရးနဲ႔ အတိတ္က အေတြ႕အႀကဳံေတြအေၾကာင္း ေရးထားတာက တိုင္းတာလို႔ရတဲ့ ရလဒ္ေတြ၊ ေဒတာအခ်က္အလက္နဲ႔ သက္ေသျပခ်က္ေတြ မပါဘူးဆိုရင္ ဘာမွ အလုပ္မျဖစ္ပါဘူး။ LinkedIn မွာ Recruiter ေတြရဲ႕ အာ႐ုံစိုက္မႈကို ခံရဖို႔ နည္းလမ္း (၄) ခ်က္ကို မွ်ေဝေပးသြားပါမယ္။ သင့္ရဲ႕ ပ႐ိုဖိုင္ကို ဝင္ၾကည့္ၿပီး ေက်ာ္သြားတာနဲ႔ ဖတ္သြားတာ ဘာကြာသြားမလဲဆိုတာကို ဒီေန႔ပဲ သင္လုပ္လို႔ရမယ့္ လက္ေတြ႕က်တဲ့ အလုပ္ ၄ ခုကေန ဖန္တီးေပးႏိုင္ပါတယ္။

ရလဒ္ေတြကို သက္ေသျပဖို႔ About က႑ကို ျပင္ဆင္ပါ

သင္ယူတတ္ေျမာက္လိုစိတ္ ရွိဖို႔နဲ႔ သင္ယူခဲ့သမွ်ကို တန္ဖိုးထားတတ္ဖို႔က အေရးႀကီးပါတယ္။ ဒါေပမဲ့ Recruiter တစ္ေယာက္က သင့္ရဲ႕ LinkedIn ပ႐ိုဖိုင္ကို ေရာက္လာတဲ့အခါ အလုပ္သင္မွာပဲ ျဖစ္ျဖစ္၊ ကုမၸဏီမွာျဖစ္ျဖစ္၊ တကၠသိုလ္မွာျဖစ္ျဖစ္ သင္ကိုယ္တိုင္ ဘာေတြလုပ္ေဆာင္ေပးခဲ့လဲ၊ အေျပာင္းအလဲတစ္ခုကို ဘယ္ လိုဖန္တီးေပးခဲ့လဲဆိုတာကို ျမင္ခ်င္ၾကပါတယ္။ အေျပာင္းအလဲတစ္ခုကို ဘယ္လို ေဆာင္ၾကဥ္းေပးခဲ့လဲဆိုတာ နံပါတ္ေတြနဲ႔ တိတိက်က် ေျပာျပပါ။ ဒီအႀကံျပဳခ်က္က ကိုယ္ေရးရာဇဝင္ (Resume) အတြက္ပါ အက်ဳံးဝင္ပါတယ္။ Recruiter ေတြက သင့္ရဲ႕ ဇာတ္လမ္းကိုေရာ၊ တိုးတက္ေျပာင္းလဲလာပုံကိုပါ ျမင္ခ်င္ၾကတာပါ။

မီဒီယာ အေၾကာင္းအရာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ တင္ပါ

Recruiter အမ်ားစုမွာ သင္လုပ္ခဲ့တာေတြ၊ ေထာက္ခံခ်က္ေတြ၊ ရည္မွန္းခ်က္ေတြပါတဲ့ စာမ်က္ႏွာ ၁၀ ဆန႔္ ကိုယ္ေရးရာဇဝင္ကို ထိုင္ဖတ္ေနဖို႔ အခ်ိန္မရွိပါဘူး။ ဒါေၾကာင့္ စာသားနဲ႔ေရာ ဗီဒီယိုနဲ႔ပါ သင့္ရဲ႕ LinkedIn ပ႐ိုဖိုင္မွာ ေဖာ္ျပေပးပါ။ အဲ့ဒါနဲ႔အတူ စကၠန႔္ ၃၀ ကေန ၆၀ ေလာက္ရွိတဲ့ ဗီဒီယိုေလးနဲ႔ တြဲတင္ေပးလိုက္ရင္ Recruiter ေတြအေနနဲ႔ သင္ ဘာေတြလုပ္ႏိုင္တယ္ဆိုတာကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ျမင္ေတြ႕ႏိုင္မွာပါ။

ေခါင္းစဥ္မွာ မွန္ကန္တဲ့ keyword စာလုံးေတြသုံးၿပီး အေကာင္းဆုံးျဖစ္ေအာင္ လုပ္ပါ

Recruiter အမ်ားစုက အလုပ္အတြက္ အေကာင္းဆုံးလူကို ရွာဖို႔ သူတို႔ရဲ႕ ဖုန္းေတြနဲ႔ပဲ ၾကည့္ေနၾကတာပါ။ ဒါေၾကာင့္ သင့္ေခါင္းစဥ္ရဲ႕ စာလုံးအစေတြက အေရးႀကီးဆုံးျဖစ္ပါတယ္။ “မၾကာေသးမီက ဘြဲ႕ရတစ္ဦး” ဆိုတဲ့ စကားလုံးေတြနဲ႔ အခ်ိန္မျဖဳန္းပါနဲ႔။ တကယ္သုံးေနတဲ့ သင့္အလုပ္အကိုင္ရာထူးနဲ႔ ကြၽမ္းက်င္မႈေတြကိုပဲ သုံးပါ။

Featured က႑ကို portfolio တစ္ခုလို ျပသပါ

အဲ့ဒီ ေနရာ ၃ ခုကေန ၄ ခုကို ရည္႐ြယ္ခ်က္ရွိရွိ သုံးပါ။ သင့္မွာ သက္ေရာက္မႈအရွိဆုံးျဖစ္ခဲ့တဲ့ ပေရာဂ်က္တစ္ခုကို လင့္ခ္ခ်ိတ္ပါ၊ သင္ ဘယ္သူေတြနဲ႔ အလုပ္လုပ္ဖူးလဲဆိုတာကို ျပတဲ့ ဝက္ဘ္ဆိုက္ ဒါမွမဟုတ္ ပို႔ဖိုလီယိုကို ထင္ရွားေအာင္ျပပါ၊ ၿပီးေတာ့ ကိုယ္ေရးကိုယ္တာ မိတ္ဆက္ဗီဒီယိုတိုေလး တစ္ခုကို ထည့္ျပႏိုင္ရင္ အ ေကာင္းဆုံးပါပဲ။

Recruiter ေတြရဲ႕ အာ႐ုံစိုက္မႈကို ခံယူဖို႔ အသင့္ျဖစ္ၿပီလား

Recruiter ေတြက သင့္ရဲ႕ ကိုယ္ေရးရာဇဝင္ကို မဖတ္ရေသးခင္၊ အင္တာဗ်ဴးဖို႔ မဖိတ္ေခၚရေသးခင္၊ ဒါမွမဟုတ္ လစာအေၾကာင္း မေျပာရေသးခင္မွာ သင့္နဲ႔ သင့္ရဲ႕ အရည္အခ်င္းကို ယုံၾကည္ခ်င္ၾကပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ LinkedIn ပ႐ိုဖိုင္ကို ပိုၿပီး ရွင္းလင္းျပတ္သားေအာင္ လုပ္ပါ။ Recruiter ေတြ သင့္အရည္အခ်င္းရဲ႕ သက္ေသကို လိုက္ရွာလို႔ မပင္ပန္းပါေစနဲ႔။ သူတို႔ လိုခ်င္တာအားလုံးကို အကုန္ေပးလိုက္ပါ။ ဒါဆိုရင္ LinkedIn ေပၚမွာ Recruiter ေတြရဲ႕ အာ႐ုံစိုက္မႈကို ခဏေလးအတြင္းမွာ ရလာပါလိမ့္မယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*