ပရိသတ်ကျေနပ်အောင် အပိုင်းသစ်ထပ်တိုးမယ့် My Dearest

My Dearest ဇာတ်လမ်းတွဲပြီးသွားမှာကို နှမြောနေကြသူတွေအတွက်တော့သတင်းကောင်းပါပဲ။ MBC က My Dearest ဇာတ်လမ်းတွဲကိုအပိုင်းသစ်ထပ်တိုးမယ့်အကြောင်း နိုဝင်ဘာလ ၉ ရက်နေ့ကတရားဝင်ကြေညာခဲ့ပါတယ်။“ဇာတ်လမ်းတွဲကိုအားပေးကြ၊ ဇာတ်ကောင်တွေကိုချစ်ပေးကြတဲ့ပရိသတ်တွေကိုတွေ့ရတာမို့ MBC ဘက်ကသေသေချာချာသုံးသပ်ပြီး အပိုင်းသစ်ထပ်ထည့်ဖို့ဆုံးဖြတ်လိုက်တာပါ။
တခြားအရေးကြီးတဲ့ဇာတ်ဝင်ခန်းတွေကိုလည်းထည့်ပါမယ်။ ဂီဂျယ်နဲ့ဂျန်ဟွန်းရဲ့နက်ရှိုင်းတဲ့အချစ်ကိုလည်း ပုံဖော်ချင်တယ်။ ဒါကြောင့်ဆက်ပြီးစိတ်ဝင်တစားနဲ့အားပေးပါဦး”လို့ပြောခဲ့တာဖြစ်ပါတယ်။

My Dearest ဇာတ်လမ်းတွဲဟာ Part 1 (အပိုင်း ၁၀ပိုင်း) အပြီး ၅လ အကြာမှာ Part 2 ကိုဆက်လက်ထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။ Part 2 မှာတော့အပိုင်း ၁၁ ပိုင်းပါဝင်လာမှာဖြစ်ပါတယ်။အဓိကသရုပ်ဆောင်များအဖြစ် Namkoong Min နဲ့ Ahn Eun Jin တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ My Dearest ဟာ ကမ္ဘာကျော်ဝတ္ထုကြီးဖြစ်တဲ့ Gone With The Wind ကိုမှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*