ကိုယ့်ရဲ့အလုပ်လျှောက်လွှာကဘာကြောင့်အလုပ်မဖြစ်တော့တာလဲ

ကိုယ်ကအလုပ်ခေါ်တဲ့ပို့စ်တွေ၊ ကြော်ငြာတွေကိုသေချာလိုက်ဖတ်၊ သင့်တော်မယ့်အလုပ်တွေကိုကြိုးစားပြီးလျှောက်နေပေမယ့် ကိုယ့်ဆီကိုဘာ Reply မှမလာဘူးဆိုပါစို့။ ဒါမျိုးနှစ်ခါ၊သုံးခါမကဖြစ်လာပြီဆိုရင်တော့ ကိုယ့်ရဲ့အလုပ်လျှောက်လွှာ CV ဒါမှမဟုတ် Resume
မှာပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့အလုပ်လျှောက်လွှာကဆွဲဆောင်မှုရှိမနေဘူးဆိုရင်ဆယ်ချီ၊ရာချီနေတဲ့အလုပ်လျှောက်လွှာတွေကြားထဲမှာ မထင်မရှားပျောက်ကွယ်သွားနိုင်ပါတယ်။ဒီလိုအပ်ချက် ၃ ချက်ကြောင့်ကိုယ့်ဆီကို Reply မလာတာဖြစ်နိုင်ပါတယ်။

လိုအပ်တဲ့ Keywords
တချို့သောခေတ်မီတဲ့ကုမ္ပဏီတွေက Applicant Tracking System (ATS) လို့ခေါ်တဲ့စနစ်ကိုအသုံးပြုကြပါတယ်။ ဒီစနစ်က ကိုယ့်ရဲ့ Resume ထဲက Keywords တွေကိုဖတ်နိုင်ပါတယ်။ကုမ္ပဏီကရှာဖွေနေတဲ့အလုပ်နဲ့ပတ်သက်တဲ့ Keywords တွေမပါဘူးဆိုရင် ကိုယ့် Resume ကိုပယ်ပစ်မှာဖြစ်ပါတယ်။ ဒါကြောင့်လုံလောက်တဲ့ Keywords တွေထည့်ဖို့အရေးကြီးပါတယ်။ ATS စနစ်ကိုမသုံးတဲ့ကုမ္ပဏီတွေဆိုရင်တောင်မှ အလုပ်အတွက်လိုအပ်တဲ့အဓိကစကားလုံးတွေကိုများများထည့်တာမမှားပါဘူး။ မန်နေဂျာတွေအနေနဲ့ကိုယ့် Resume ကိုမြန်မြန်ဖတ်လိုက်ရင်တောင် သူတို့ရှာဖွေနေတဲ့ ကျွမ်းကျင်မှုနဲ့ဆိုင်တဲ့စကားလုံးတွေကိုမြင်ရင် ကိုယ့် Resume ကိုသတိထားမိသွားမှာပဲဖြစ်ပါတယ်။

ဒိတ်အောက်နေတဲ့ CV နဲ့ Resume Format
အလုပ်လျှောက်တဲ့အချိန်မှာ ခေတ်မမီတော့တဲ့ CV နဲ့ Resume ပုံစံတွေကိုသုံးတာကကိုယ့်ကိုအခွင့်အလမ်းတွေ ဆုံးရှုံးစေနိုင်ပါတယ်။ အရောင်အသွေး၊ ဒီဇိုင်း၊ဓာတ်ပုံကောင်းကောင်းနဲ့ပြင်ဆင်ထားပြီး Skills နဲ့ Experience တွေအကြောင်းလှလှပပရေးထားတဲ့ Resume က ခဏခဏကောက်ကိုင်ချင်စရာကောင်းနေတာအမှန်ပါ။ ဒီနေ့ခေတ်လို Google ကနေ Resume Sample လေးတွေကြည့်ပြီးကောင်း ကောင်းပြင်ဆင်လို့ရတဲ့အချိန်မျိုးမှာကိုယ်ကဟိုးခေတ်ကပုံစံအတိုင်းစာရွက်ဖြူပေါ်ကမပြည့်စုံတဲ့အချက်အလက်တွေနဲ့ပဲအလုပ်လျှောက်မယ်ဆိုရင် သူများထက်တစ်ပန်းရှုံးနေမှာဖြစ်ပါတယ်။ဒါ့ကြောင့် ကိုယ့်ရဲ့ CV နဲ့ Resume တွေအပေါ်မှာ အပြည့်အဝအားစိုက်ထုတ်စေချင်ပါတယ်။ CV နဲ့ Resume ကိုလှပသပ်ရပ်အောင်၊ ထိမိအောင်ပြင်ဆင်ပေးနေတဲ့ Service တွေလည်းပေါ်နေပြီမို့အဲဒီလိုနေရာမျိုးမှာအပ်လိုက်ရင်လည်းအဆင်ပြေပါတယ်။

Experience တွေကိုရှင်းရှင်းလင်းလင်းဖော်ပြပါ
ကိုယ်လျှောက်တဲ့ရာထူးနေရာနဲ့သက်ဆိုင်တဲ့ Skills တွေ ၊ Experience တွေကို ဖော်ပြတဲ့အချိန်မှာတတ်နိုင်သမျှများများဖော်ပြပါ။ ဒီလိုဖော်ပြထားတဲ့အချက်အလက်တွေကို ဖတ်တဲ့သူမြင်သာစေဖို့နံပါတ်လေးတွေတပ်ပြီးရေးနိုင်ပါတယ်။ ဒါမှမဟုတ် Bullet လေးတွေထည့်နိုင်ပါတယ်။ ကိုယ့်ရဲ့ Resume မှာ Keywords တွေလည်းပါနေပြီ၊ ခေတ်မီလှပတဲ့ Resume ဒီဇိုင်းလည်းဖြစ်နေပြီဆိုရင်အခုအကြံပြုထားတဲ့အချက်ကို ထပ်ပြီးဖြည့်စွက်လိုက်ပါနော်။ ဒါဆိုရင်တော့မန်နေဂျာတွေရဲ့အာရုံကိုဖမ်းစားနိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့အလုပ်လျှောက်လွှာတစ်စောင်ကိုရရှိမှာပါ။ပြီးပြည့်စုံတဲ့အလုပ်လျှောက်လွှာတစ်စောင်က အင်တာဗျူးဝင်ဖို့ အလုပ်ရစေဖို့အတွက်ရာခိုင်နှုန်းအများကြီးထောက်ပံ့ပေးမှာဖြစ်ပါတယ်။

Ju Ju

zawgyi

ကိုယ္ကအလုပ္ေခၚတဲ့ပို႔စ္ေတြ၊ ေၾကာ္ျငာေတြကိုေသခ်ာလိုက္ဖတ္၊ သင့္ေတာ္မယ့္အလုပ္ေတြကိုႀကိဳးစားၿပီးေလွ်ာက္ေနေပမယ့္ ကိုယ့္ဆီကိုဘာ Reply မွမလာဘူးဆိုပါစို႔။ ဒါမ်ိဳးႏွစ္ခါ၊သုံးခါမကျဖစ္လာၿပီဆိုရင္ေတာ့ ကိုယ့္ရဲ႕အလုပ္ေလွ်ာက္လႊာ CV ဒါမွမဟုတ္ Resume
မွာျပႆနာရွိေနတာျဖစ္ႏိုင္ပါတယ္။ ကိုယ့္ရဲ႕အလုပ္ေလွ်ာက္လႊာကဆြဲေဆာင္မႈရွိမေနဘူးဆိုရင္ဆယ္ခ်ီ၊ရာခ်ီေနတဲ့အလုပ္ေလွ်ာက္လႊာေတြၾကားထဲမွာ မထင္မရွားေပ်ာက္ကြယ္သြားႏိုင္ပါတယ္။ဒီလိုအပ္ခ်က္ ၃ ခ်က္ေၾကာင့္ကိုယ့္ဆီကို Reply မလာတာျဖစ္ႏိုင္ပါတယ္။

လိုအပ္တဲ့ Keywords
တခ်ိဳ႕ေသာေခတ္မီတဲ့ကုမၸဏီေတြက Applicant Tracking System (ATS) လို႔ေခၚတဲ့စနစ္ကိုအသုံးျပဳၾကပါတယ္။ ဒီစနစ္က ကိုယ့္ရဲ႕ Resume ထဲက Keywords ေတြကိုဖတ္ႏိုင္ပါတယ္။ကုမၸဏီကရွာေဖြေနတဲ့အလုပ္နဲ႔ပတ္သက္တဲ့ Keywords ေတြမပါဘူးဆိုရင္ ကိုယ့္ Resume ကိုပယ္ပစ္မွာျဖစ္ပါတယ္။ ဒါေၾကာင့္လုံေလာက္တဲ့ Keywords ေတြထည့္ဖို႔အေရးႀကီးပါတယ္။ ATS စနစ္ကိုမသုံးတဲ့ကုမၸဏီေတြဆိုရင္ေတာင္မွ အလုပ္အတြက္လိုအပ္တဲ့အဓိကစကားလုံးေတြကိုမ်ားမ်ားထည့္တာမမွားပါဘူး။ မန္ေနဂ်ာေတြအေနနဲ႔ကိုယ့္ Resume ကိုျမန္ျမန္ဖတ္လိုက္ရင္ေတာင္ သူတို႔ရွာေဖြေနတဲ့ ကြၽမ္းက်င္မႈနဲ႔ဆိုင္တဲ့စကားလုံးေတြကိုျမင္ရင္ ကိုယ့္ Resume ကိုသတိထားမိသြားမွာပဲျဖစ္ပါတယ္။

ဒိတ္ေအာက္ေနတဲ့ CV နဲ႔ Resume Format
အလုပ္ေလွ်ာက္တဲ့အခ်ိန္မွာ ေခတ္မမီေတာ့တဲ့ CV နဲ႔ Resume ပုံစံေတြကိုသုံးတာကကိုယ့္ကိုအခြင့္အလမ္းေတြ ဆုံးရႈံးေစႏိုင္ပါတယ္။ အေရာင္အေသြး၊ ဒီဇိုင္း၊ဓာတ္ပုံေကာင္းေကာင္းနဲ႔ျပင္ဆင္ထားၿပီး Skills နဲ႔ Experience ေတြအေၾကာင္းလွလွပပေရးထားတဲ့ Resume က ခဏခဏေကာက္ကိုင္ခ်င္စရာေကာင္းေနတာအမွန္ပါ။ ဒီေန႔ေခတ္လို Google ကေန Resume Sample ေလးေတြၾကည့္ၿပီးေကာင္း ေကာင္းျပင္ဆင္လို႔ရတဲ့အခ်ိန္မ်ိဳးမွာကိုယ္ကဟိုးေခတ္ကပုံစံအတိုင္းစာ႐ြက္ျဖဴေပၚကမျပည့္စုံတဲ့အခ်က္အလက္ေတြနဲ႔ပဲအလုပ္ေလွ်ာက္မယ္ဆိုရင္ သူမ်ားထက္တစ္ပန္းရႈံးေနမွာျဖစ္ပါတယ္။ဒါ့ေၾကာင့္ ကိုယ့္ရဲ႕ CV နဲ႔ Resume ေတြအေပၚမွာ အျပည့္အဝအားစိုက္ထုတ္ေစခ်င္ပါတယ္။ CV နဲ႔ Resume ကိုလွပသပ္ရပ္ေအာင္၊ ထိမိေအာင္ျပင္ဆင္ေပးေနတဲ့ Service ေတြလည္းေပၚေနၿပီမို႔အဲဒီလိုေနရာမ်ိဳးမွာအပ္လိုက္ရင္လည္းအဆင္ေျပပါတယ္။

Experience ေတြကိုရွင္းရွင္းလင္းလင္းေဖာ္ျပပါ
ကိုယ္ေလွ်ာက္တဲ့ရာထူးေနရာနဲ႔သက္ဆိုင္တဲ့ Skills ေတြ ၊ Experience ေတြကို ေဖာ္ျပတဲ့အခ်ိန္မွာတတ္ႏိုင္သမွ်မ်ားမ်ားေဖာ္ျပပါ။ ဒီလိုေဖာ္ျပထားတဲ့အခ်က္အလက္ေတြကို ဖတ္တဲ့သူျမင္သာေစဖို႔နံပါတ္ေလးေတြတပ္ၿပီးေရးႏိုင္ပါတယ္။ ဒါမွမဟုတ္ Bullet ေလးေတြထည့္ႏိုင္ပါတယ္။ ကိုယ့္ရဲ႕ Resume မွာ Keywords ေတြလည္းပါေနၿပီ၊ ေခတ္မီလွပတဲ့ Resume ဒီဇိုင္းလည္းျဖစ္ေနၿပီဆိုရင္အခုအႀကံျပဳထားတဲ့အခ်က္ကို ထပ္ၿပီးျဖည့္စြက္လိုက္ပါေနာ္။ ဒါဆိုရင္ေတာ့မန္ေနဂ်ာေတြရဲ႕အာ႐ုံကိုဖမ္းစားႏိုင္တဲ့ ဆြဲေဆာင္မႈရွိတဲ့အလုပ္ေလွ်ာက္လႊာတစ္ေစာင္ကိုရရွိမွာပါ။ၿပီးျပည့္စုံတဲ့အလုပ္ေလွ်ာက္လႊာတစ္ေစာင္က အင္တာဗ်ဴးဝင္ဖို႔ အလုပ္ရေစဖို႔အတြက္ရာခိုင္ႏႈန္းအမ်ားႀကီးေထာက္ပံ့ေပးမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*