Jessi နဲ့စာချုပ်ရပ်ဆိုင်းလိုက်တဲ့ သူမရဲ့အေဂျင်စီအသစ်

NuNu NaNa ၊ Zoom စတဲ့သီချင်းတွေနဲ့လူသိများတဲ့ Jessi က သူမရဲ့လက်ရှိအေဂျင်စီဖြစ်တဲ့ More Vision နဲ့စာချုပ်ရပ်ဆိုင်းလိုက်ပြီလို့သိရပါတယ်။ သူမဟာ More Vision နဲ့စာချုပ်ချုပ်လိုက်တယ်ဆိုတာကို ပြီးခဲ့တဲ့ ၇ လကကြေညာခဲ့တာဖြစ်ပါတယ်။Jessi ဟာ အေ ဂျင်စီအသစ်နဲ့လက်တွဲပြီးနောက်မှာ Gum ဆိုတဲ့သီချင်းအသစ်ကိုဖြန့်ချိနိုင်ခဲ့ပါတယ်။သူမရဲ့ Comeback Song ဖြစ်တဲ့ ဒီသီချင်းကို အောက်တိုဘာလ ၂၅ ရက်နေ့ကဖြန့်ချိခဲ့တာဖြစ်ပါတယ်။အခုလိုစာချုပ်ရပ်နားလိုက်ရတဲ့အကြောင်းရင်းထဲမှာ Jessi ကသူမသွားရောက်သီဆိုရမယ့်ပွဲတစ်ခုကိုအေဂျင်စီကိုအသိမပေးဘဲ ဖျက်လိုက်တာကြောင့်လို့ဆိုပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ကသူမဟာ KBS 2 ရဲ့ Music Bank အစီအစဉ်ကိုမသွားရောက်ဘဲ Cancel လုပ်လိုက်တာကြောင့်အခုလိုပြဿနာတွေဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ Jessi ရဲ့ကျန်းမာရေးအခြေအနေကြောင့် ဖျက်လိုက်ရတာပါလို့ More Vision ကကြေညာချက်ထုတ်ခဲ့ပါတယ်။ဒါအပြင်သူမဟာ MBC ရဲ့ Show! Music Core နဲ့ SBS ရဲ့ Inkigayo အစီအစဉ်တွေကိုလည်း သွားရောက်ဖျော်ဖြေဖို့ပျက်ကွက်ခဲ့တယ်လို့သိရပါတယ်။သူမရဲ့သီချင်းသစ်အတွက် အေဂျင်စီကပြုလုပ်တဲ့ Promotion အစီအစဉ်တွေအပေါ်သူမကစနစ်တကျမလိုက်နာနိုင်တဲ့အတွက် အခုလိုစာချုပ်ရပ်နားသွားတာဖြစ်နိုင်တယ်လို့ အနုပညာရပ်ဝန်းကထုတ်ဖော်ပြောဆိုပါတယ်။

Ju Ju

zawgyi

NuNu NaNa ၊ Zoom စတဲ့သီခ်င္းေတြနဲ႔လူသိမ်ားတဲ့ Jessi က သူမရဲ႕လက္ရွိေအဂ်င္စီျဖစ္တဲ့ More Vision နဲ႔စာခ်ဳပ္ရပ္ဆိုင္းလိုက္ၿပီလို႔သိရပါတယ္။ သူမဟာ More Vision နဲ႔စာခ်ဳပ္ခ်ဳပ္လိုက္တယ္ဆိုတာကို ၿပီးခဲ့တဲ့ ၇ လကေၾကညာခဲ့တာျဖစ္ပါတယ္။Jessi ဟာ ေအ ဂ်င္စီအသစ္နဲ႔လက္တြဲၿပီးေနာက္မွာ Gum ဆိုတဲ့သီခ်င္းအသစ္ကိုျဖန႔္ခ်ိႏိုင္ခဲ့ပါတယ္။သူမရဲ႕ Comeback Song ျဖစ္တဲ့ ဒီသီခ်င္းကို ေအာက္တိုဘာလ ၂၅ ရက္ေန႔ကျဖန႔္ခ်ိခဲ့တာျဖစ္ပါတယ္။အခုလိုစာခ်ဳပ္ရပ္နားလိုက္ရတဲ့အေၾကာင္းရင္းထဲမွာ Jessi ကသူမသြားေရာက္သီဆိုရမယ့္ပြဲတစ္ခုကိုေအဂ်င္စီကိုအသိမေပးဘဲ ဖ်က္လိုက္တာေၾကာင့္လို႔ဆိုပါတယ္။

ေအာက္တိုဘာလ ၂၇ ရက္ေန႔ကသူမဟာ KBS 2 ရဲ႕ Music Bank အစီအစဥ္ကိုမသြားေရာက္ဘဲ Cancel လုပ္လိုက္တာေၾကာင့္အခုလိုျပႆနာေတြျဖစ္ေပၚလာရတာျဖစ္ပါတယ္။ အဲဒီအခ်ိန္ကေတာ့ Jessi ရဲ႕က်န္းမာေရးအေျခအေနေၾကာင့္ ဖ်က္လိုက္ရတာပါလို႔ More Vision ကေၾကညာခ်က္ထုတ္ခဲ့ပါတယ္။ဒါအျပင္သူမဟာ MBC ရဲ႕ Show! Music Core နဲ႔ SBS ရဲ႕ Inkigayo အစီအစဥ္ေတြကိုလည္း သြားေရာက္ေဖ်ာ္ေျဖဖို႔ပ်က္ကြက္ခဲ့တယ္လို႔သိရပါတယ္။သူမရဲ႕သီခ်င္းသစ္အတြက္ ေအဂ်င္စီကျပဳလုပ္တဲ့ Promotion အစီအစဥ္ေတြအေပၚသူမကစနစ္တက်မလိုက္နာႏိုင္တဲ့အတြက္ အခုလိုစာခ်ဳပ္ရပ္နားသြားတာျဖစ္ႏိုင္တယ္လို႔ အႏုပညာရပ္ဝန္းကထုတ္ေဖာ္ေျပာဆိုပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*