Business Plan ရေးဆွဲဖို့ အသုံးချနိုင်တဲ့ AI Tools များ

Business Plan ရေးဆွဲတာက အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပြီး တချို့သောရင်းနှီးမြှုပ်နှံသူတွေနဲ့ငွေကြေးထုတ်ပေးတဲ့ဌာနတွေက ကိုယ့်ရဲ့ Business Plan ကိုအရင်ဆုံးမြင်တွေ့လိုကြပါတယ်။လုပ်ငန်းတစ်ခုရဲ့ Business Plan ကိုမြင်တွေ့ပြီးမှ အားလုံးကပူးပေါင်းဖို့၊
ပါဝင်ဖို့စိတ်ဝင်စားလာကြတာသဘာဝပါ။ စွန့်ဦးတီထွင်သူတော်တော်များများက Business Plan ရေးဆွဲတာကို ဝန်ထုပ်ဝန်ပိုးတစ်ခုလိုခံစားကြရပြီးဘာတွေပါဝင်ရမယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုမသိတာ၊ ဘယ်လိုအိုင်ဒီယာထုတ်ရမယ်ကိုမသိတာတွေကြောင့် စိတ်ဖိစီးကြရတာဖြစ်ပါတယ်။ဒီလိုပြဿနာတွေကို ကူညီပေးနိုင်ဖို့ Business Plan ဆွဲပေးတဲ့ AI Tools တွေကိုအသုံးချနိုင်ပါတယ်။ အဲဒီ Tools တွေထဲမှာ နာမည်ကြီးတာတွေကတော့…                                                                                                                                                                                                                                                                                                                                        Pro AI
Pro AI မှာက Financial Projections ၊ Market Research ၊ SWOT Analysis တွေပါဝင်တဲ့ Business Plan တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒီ Plan တွေကို Google Docs ၊ Sheets အနေနဲ့သိမ်းဆည်းထားနိုင်ပါတယ်။ ကိုယ်က Business Information တွေကိုပေးလိုက်တာနဲ့ သူကကိုယ့်အတွက်သီးသန့်ဖြစ်တဲ့ Business Plan ကိုထုတ်ပေးမှာဖြစ်ပါတယ်။

Simplified
နောက်တစ်ခုကတော့ Simplified ဖြစ်ပါတယ်။ သူက Small Business သမားတွေအတွက်သင့်တော်ပါတယ်။ Pro AI လိုမျိုးပဲအချက် အလက်အသေးစိတ်နဲ့ ရည်ရွယ်ချက်တွေကိုပြောလိုက်တာနဲ့ကိုယ့်အတွက် Customized Plan ဆွဲပေးပါတယ်။ သူ့မှာနဂိုရှိပြီးသား Template တွေ( ဥပမာ – gym,food truck, real estate) ကိုလည်း အသုံးချနိုင်ပါတယ်။

LivePlan
LivePlan ကနေ Free ပေးထားတဲ့ Business Plan နမူနာ ၅၅၀‌ လောက်ကိုလေ့လာပြီးတော့ကိုယ့်လုပ်ငန်းအတွက်လည်း အိုင်ဒီယာကောင်းကောင်းထုတ်နိုင်ပါတယ်။ Business Plan စဆွဲဖို့ခက်ခဲနေတော့မှာမဟုတ်ပါဘူး။ သူ့မှာ ‘Help Me Write’ Function လည်းပါတာမို့ကိုယ့်ဘက်ကအချက်အလက်ပေးပြီးခိုင်းလိုက်တာနဲ့ Customized Plan တစ်ခုရလာမှာဖြစ်ပါတယ်။

Upmetrics
Upmetrics မှာတော့ ကိုယ်သွားချင်တဲ့ Content Tone ပေါ်မူတည်ပြီးပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်ပါတယ်။ ကိုယ်ကပိုပြီးဆွဲဆောင်မှုရှိရှိဖြစ်စေချင်တာလား၊ Professional ဆန်ဆန်သွားချင်တာလားဆိုတာတွေကို ရွေးပြီးခိုင်းနိုင်ပါတယ်။ သူက Cover page ဒီဇိုင်းကိုပါသေသေချာချာလုပ်ပေးတဲ့အတွက် ကိုယ့်အတွက်အထင်ကြီးစရာကောင်းတဲ့ Document တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ဒါတွေကတော့ ကိုယ့်လုပ်ငန်းအတွက် Business Plan ကောင်းကောင်းရေးဆွဲချင်ရင်ဖြစ်ဖြစ်၊ Business Plan ဆွဲနည်းကိုလေ့လာဖို့အတွက်ပဲဖြစ်ဖြစ် အသုံးချကြည့်နိုင်တဲ့ AI Tools တွေဖြစ်ပါတယ်။

Ju Ju

zawgyi


Simplified

LivePlan

Upmetrics

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*