မိသားစုဘဝမှာပျော်ရွှင်နေတဲ့ စပိန်အဆိုတော်အင်န်ရီကေး အီဂလဲဆီးရားစ်

Bailamos ၊ Bailando စတဲ့သီချင်းတွေနဲ့နာမည်ကြီးခဲ့တဲ့ စပိန်အဆိုတော် အင်န်ရီကေးအီဂလဲဆီးရားစ်ဟာ လက်ရှိအချိန်မှာ သား၊သမီးတွေနဲ့ပျော်ရွှင်နေပုံကိုလူမှုကွန်ရက်မှာထုတ်ဖော်ပြသလာပါတယ်။သူဟာ အနုပညာပိုင်းမှာလည်းတော်ပြီး ချောမောပြေပြစ်တဲ့ရုပ်ရည်ကြောင့် ကမ္ဘာတစ်ဝှမ်းကအမျိုးသမီးပရိသတ်တွေကြားမှာ ပိုပြီးနေရာယူထားနိုင်သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့အင်န်ရီကေးဟာ ဇနီးဖြစ်သူရုရှားတင်းနစ်မယ်ဟောင်း အန်နာနဲ့ရထားတဲ့ သားသမီးသုံးယောက်နဲ့အတူမိသားစုအတွက်ကိုပဲအချိန်ပေးဖြစ်နေတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ၅ နှစ်အရွယ်သားနဲ့သမီးအမြွှာနှစ်ယောက်နဲ့ ၃ နှစ်အရွယ်သမီးငယ်တစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

“ကျွန်တော့်သားက ကျွန်တော့်ကိုမီးရောင်စုံနဲ့စင်ပေါ်မှာမြင်ရတော့ သူတော်တော်လေးအံအားသင့်သွားတယ်။ သူက ကျွန်တော့်ကို Music Videos တွေမှာပဲမြင်ဖူးခဲ့တာ။ စင်ပေါ်မှာလူအကောင်လိုက်ကြီးသီချင်းတက်ဆိုတာကိုမြင်ရတော့ သူကဂြိုဟ်သားကိုမြင်ရသလိုမျိုးအံအားသင့်နေတာ” လို့ သူ့ရဲ့ ၅ နှစ်အရွယ်သားလေးနဲ့ပတ်သက်ပြီးပြောပြခဲ့ပါတယ်။ အင်န်ရီကေးနဲ့အန်နာတို့ဟာ ၂၀၀၁ ခုနစ်က Escape သီချင်းအတွက် MV ရိုက်ကူးရင်းတွေ့ဆုံချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ နှစ်ဦးသားမိသားစုဘဝလေးဖြစ်လာချိန်မှာတော့သူတို့ဟာလူရှေ့သိပ်မထွက်တော့ဘဲ သီးသန့်အေးဆေးစွာနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

Ju Ju

zawgyi

Bailamos ၊ Bailando စတဲ့သီခ်င္းေတြနဲ႔နာမည္ႀကီးခဲ့တဲ့ စပိန္အဆိုေတာ္ အင္န္ရီေကးအီဂလဲဆီးရားစ္ဟာ လက္ရွိအခ်ိန္မွာ သား၊သမီးေတြနဲ႔ေပ်ာ္႐ႊင္ေနပုံကိုလူမႈကြန္ရက္မွာထုတ္ေဖာ္ျပသလာပါတယ္။သူဟာ အႏုပညာပိုင္းမွာလည္းေတာ္ၿပီး ေခ်ာေမာေျပျပစ္တဲ့႐ုပ္ရည္ေၾကာင့္ ကမာၻတစ္ဝွမ္းကအမ်ိဳးသမီးပရိသတ္ေတြၾကားမွာ ပိုၿပီးေနရာယူထားႏိုင္သူျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့အင္န္ရီေကးဟာ ဇနီးျဖစ္သူ႐ုရွားတင္းနစ္မယ္ေဟာင္း အန္နာနဲ႔ရထားတဲ့ သားသမီးသုံးေယာက္နဲ႔အတူမိသားစုအတြက္ကိုပဲအခ်ိန္ေပးျဖစ္ေနတယ္လို႔ သိရပါတယ္။ သူတို႔ႏွစ္ဦးဟာ ၅ ႏွစ္အ႐ြယ္သားနဲ႔သမီးအႁမႊာႏွစ္ေယာက္နဲ႔ ၃ ႏွစ္အ႐ြယ္သမီးငယ္တစ္ေယာက္ကို ပိုင္ဆိုင္ထားပါတယ္။

“ကြၽန္ေတာ့္သားက ကြၽန္ေတာ့္ကိုမီးေရာင္စုံနဲ႔စင္ေပၚမွာျမင္ရေတာ့ သူေတာ္ေတာ္ေလးအံအားသင့္သြားတယ္။ သူက ကြၽန္ေတာ့္ကို Music Videos ေတြမွာပဲျမင္ဖူးခဲ့တာ။ စင္ေပၚမွာလူအေကာင္လိုက္ႀကီးသီခ်င္းတက္ဆိုတာကိုျမင္ရေတာ့ သူကၿဂိဳဟ္သားကိုျမင္ရသလိုမ်ိဳးအံအားသင့္ေနတာ” လို႔ သူ႔ရဲ႕ ၅ ႏွစ္အ႐ြယ္သားေလးနဲ႔ပတ္သက္ၿပီးေျပာျပခဲ့ပါတယ္။ အင္န္ရီေကးနဲ႔အန္နာတို႔ဟာ ၂၀၀၁ ခုနစ္က Escape သီခ်င္းအတြက္ MV ႐ိုက္ကူးရင္းေတြ႕ဆုံခ်စ္ႀကိဳက္ခဲ့ၾကတာျဖစ္ပါတယ္။ ႏွစ္ဦးသားမိသားစုဘဝေလးျဖစ္လာခ်ိန္မွာေတာ့သူတို႔ဟာလူေရွ႕သိပ္မထြက္ေတာ့ဘဲ သီးသန႔္ေအးေဆးစြာေနထိုင္ခဲ့ၾကတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*