Email ကနေတဆင့်လစာတိုးခိုင်းမယ်ဆိုရင် လုပ်သင့်တဲ့အချက်များ

ကိုယ်ကလစာတိုးသင့်တဲ့အနေအထားမှာလည်းရောက်နေပြီ လစာလည်းတိုးခိုင်းချင်နေပြီ၊ဒါပေမယ့်သူဌေးကို ဘယ်လိုစကားစပြောပြီးတောင်းရမလဲ မသိဘူး၊ လူချင်းတွေ့ပြီးမပြောချင်ဘူးဆိုရင်အီးမေးလ်ကနေတဆင့် လစာတိုးတောင်းလိုက်တာက Professional ဆန်ပြီး
လုပ်သင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။အီးမေးလ်ကနေတဆင့် လစာတိုးဖို့အကြောင်းကိုပြောပြီးတဲ့အခါ အသေးစိတ်ဆက်လက်ဆွေးနွေးဖို့ကိုလူချင်းတွေ့ပြီးပြောဆိုနိုင်ပါတယ်။ဒီနေရာမှာ ဘယ်အချိန်မှာလစာတိုးဖို့တောင်းဆိုသင့်လဲဆိုတဲ့ အချိန်အခါရွေးချယ်တတ်မှုကလည်း
အရေးကြီးပါတယ်။

လစာတိုးဖို့ရှင်းလင်းပြတ်သားတဲ့အကြောင်းပြချက်ရှိတဲ့အခါသူဌေးနဲ့အထက်လူကြီးတွေက လစာတိုးပေးဖို့မတွန့်ဆုတ်တတ်ကြပါဘူး။ ကိုယ့်ဆီမှာ Client အသစ်တိုးလာတယ်၊ သုံးလစာ Target ကိုပြည့်မီကျော်လွန်တယ် ဒါမှမဟုတ်အောင်မြင်တဲ့ဗျူဟာအသစ်ကိုအ ကောင်အထည်ဖော်နိုင်တယ်စတဲ့အောင်မြင်မှုတွေရရှိထားပြီးတဲ့အချိန်မျိုးတွေမှာလစာတိုးဖို့ပြောဆိုတာကအသင့်တော်ဆုံးဖြစ်ပါတယ်။
အီးမေးလ်ပို့ပြီးလစာတိုးတောင်းတယ်ဆိုတာ အရေးကြီးတဲ့ကိစ္စရပ်တစ်ခုဖြစ်တာမို့သေသေချာချာပြင်ဆင်ဖို့လိုပါတယ်။ အီးမေးလ်ကနေတဆင့် လစာတိုးတောင်းမယ်ဆိုရင်ဘာတွေပြင်ဆင်ရမယ်၊ သုံးသင့်တဲ့အသုံးအနှုန်း၊ ထည့်ရေးသင့်တဲ့အကြောင်းအရာလေးတွေကိုဒီမှာကြည့်နိုင်ပါတယ်။

အီးမေးလ်မပို့ခင် သက်သေတွေစုပါ
ငါတော်နေတာကိုမြင်နေတာပဲ သူတို့သိပြီးသားဖြစ်မှာပါလို့ ဘယ်တော့မှမတွေးပါနဲ့နော်။ကိုယ့်ကြောင့်အောင်မြင်ခဲ့တဲ့ ပရောဂျက်တွေ၊ Client ဘယ်နှယောက်ရခဲ့တာတွေ၊ဘယ်ပွဲကိုဘယ်နေ့မှာဘယ်လိုအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်ဆိုတာတွေကိုစနစ်တကျအချက်အ လက်နဲ့တင်ပြဖို့လိုပါတယ်။

လစာတိုးပေးနှုန်းကိုလေ့လာပါ
ဒီကုမ္ပဏီမှာ လစာတိုးတယ်ဆိုရင်ဘယ်လောက်တိုးပေးလေ့ရှိတာလဲ၊ တခြားကုမ္ပဏီတွေမှာကိုယ့်ရာထူးဆိုရင်ဘယ်လောက်ထိရနေတာလဲ၊ ဘယ်လောက်တိုးတောင်းသင့်လဲဆိုတာတွေကိုကြိုတင်လေ့လာဖို့လိုပါတယ်။ ကိုယ်တောင်းလိုက်တဲ့ပမာဏဟာ ကုမ္ပဏီအတွက်ဘောင်ဝင်တဲ့၊သင့်တော်တဲ့ကိန်းဂဏန်းဖြစ်ဖို့ကလည်း ‌အရေးကြီးပါတယ်။

Step by Step Guide
1. အီးမေးလ်ရဲ့ Subject နေရာမှာ Request for Salary Raise [Your Name] လို့တိုက်ရိုက်ပဲခေါင်းစဥ်ပေးသင့်ပါတယ်။
2. အီးမေးလ် Body ထဲမှာတော့ Opening အနေနဲ့ ဒီကုမ္ပဏီမှာအလုပ်လုပ်ရတာကိုယ့်အတွက်အခွင့်အလမ်းကောင်းတစ်ခုဖြစ်တယ်၊ အဲ ဒီအတွက်ဂုဏ်ယူပျော်ရွှင်မိတယ်ဆိုတဲ့ Positive Opening လေးနဲ့စတင်ဖို့လိုပါတယ်။
3. နောက်တဆင့်ကတော့ လစာကိစ္စကိုစတင်ပြောဆိုဖို့ဖြစ်ပါတယ်။ ဒီလိုပြောဆိုတဲ့နေရာမှာ What, How, Why ဆိုတာကိုပါဝင်စေရမှာဖြစ်ပါတယ်။ကိုယ်ဘာတွေပြီးမြောက်အောက်လုပ်ဆောင်ခဲ့တယ်၊ ဘယ်လိုလုပ်ဆောင်ခဲ့တယ်၊ဘာ့ကြောင့်လစာတိုးစေချင်ပါတယ်ဆိုတာကို ရေးလို့ရပါပြီ။
4. Closing မှာတော့ အဆင်ပြေမယ်ဆိုရင် ဒီကိစ္စအတွက်လူချင်းတွေ့ပြီးအသေးစိတ်ဆွေးနွေးချင်ပါတယ်ဆိုတဲ့ချိန်ဆိုမှုမျိုး လုပ်နိုင်ပါတယ်။ဒီအဆင့်တွေပြီးရင်တော့ ကျေးဇူးတင်ကြောင်းပြောပြီး ကိုယ့် Sign ထည့်၊ Send နှိပ်လိုက်ရုံပါပဲ။နှစ်ပတ်လောက်စောင့်ကြည့်ပြီး အကြောင်းပြန်တာမျိုးမရှိဘူးဆိုရင်ကိုယ်က Reminder လေးထပ်ပို့နိုင်ပါတယ်။ English လိုအီးမေးလ်ပေးပို့ခြင်းအတွက် နမူနာအီးမေးလ်တစ်စောင်ကိုလည်းဖော်ပြပေးလိုက်ပါတယ်။

Dear Jill Smith,
I hope this email finds you well. First, I want to thank you so much for all the opportunities I’ve had to grow as marketing manager at Abc Firm. Working with you and the marketing team has been a pleasure, and I am proud to see the impact my contributions have had on our business success.
Over the past two years I've been committed to growing professionally and contributing to the company's progress. I have taken on additional responsibilities and implemented new ideas that contributed positively to our increase in total sales. With that in mind, I would like to request a salary review.
I mended our relationship with valuable customers, winning back their trust and interest in our products. I focused on starting a clear and engaging communication with them by revamping our newsletter and social media channels. And I started a training program with the social media team to reduce online complaints that were left without a response. In five months our complaints have significantly decreased, while customer satisfaction has increased by 20%. In this same period of time, our sales have also increased by 15%. Considering my performance and achievements, I believe that a salary increase is warranted. Could we schedule a meeting within the next week to discuss further? Let me know what day and time works best for you. Thank you again for all your support and for taking my request into consideration. I am looking forward to our discussion.
Best regards,
Maria Jones

စသဖြင့်ရေးသားနိုင်ပါတယ်။အားလုံးပဲ လစာတွေအများကြီးတိုးကြပါစေ။

Ju Ju

zawgyi

ကိုယ္ကလစာတိုးသင့္တဲ့အေနအထားမွာလည္းေရာက္ေနၿပီ လစာလည္းတိုးခိုင္းခ်င္ေနၿပီ၊ဒါေပမယ့္သူေဌးကို ဘယ္လိုစကားစေျပာၿပီးေတာင္းရမလဲ မသိဘူး၊ လူခ်င္းေတြ႕ၿပီးမေျပာခ်င္ဘူးဆိုရင္အီးေမးလ္ကေနတဆင့္ လစာတိုးေတာင္းလိုက္တာက Professional ဆန္ၿပီး
လုပ္သင့္တဲ့အခ်က္တစ္ခုျဖစ္ပါတယ္။အီးေမးလ္ကေနတဆင့္ လစာတိုးဖို႔အေၾကာင္းကိုေျပာၿပီးတဲ့အခါ အေသးစိတ္ဆက္လက္ေဆြးေႏြးဖို႔ကိုလူခ်င္းေတြ႕ၿပီးေျပာဆိုႏိုင္ပါတယ္။ဒီေနရာမွာ ဘယ္အခ်ိန္မွာလစာတိုးဖို႔ေတာင္းဆိုသင့္လဲဆိုတဲ့ အခ်ိန္အခါေ႐ြးခ်ယ္တတ္မႈကလည္း
အေရးႀကီးပါတယ္။

လစာတိုးဖို႔ရွင္းလင္းျပတ္သားတဲ့အေၾကာင္းျပခ်က္ရွိတဲ့အခါသူေဌးနဲ႔အထက္လူႀကီးေတြက လစာတိုးေပးဖို႔မတြန႔္ဆုတ္တတ္ၾကပါဘူး။ ကိုယ့္ဆီမွာ Client အသစ္တိုးလာတယ္၊ သုံးလစာ Target ကိုျပည့္မီေက်ာ္လြန္တယ္ ဒါမွမဟုတ္ေအာင္ျမင္တဲ့ဗ်ဴဟာအသစ္ကိုအ ေကာင္အထည္ေဖာ္ႏိုင္တယ္စတဲ့ေအာင္ျမင္မႈေတြရရွိထားၿပီးတဲ့အခ်ိန္မ်ိဳးေတြမွာလစာတိုးဖို႔ေျပာဆိုတာကအသင့္ေတာ္ဆုံးျဖစ္ပါတယ္။
အီးေမးလ္ပို႔ၿပီးလစာတိုးေတာင္းတယ္ဆိုတာ အေရးႀကီးတဲ့ကိစၥရပ္တစ္ခုျဖစ္တာမို႔ေသေသခ်ာခ်ာျပင္ဆင္ဖို႔လိုပါတယ္။ အီးေမးလ္ကေနတဆင့္ လစာတိုးေတာင္းမယ္ဆိုရင္ဘာေတြျပင္ဆင္ရမယ္၊ သုံးသင့္တဲ့အသုံးအႏႈန္း၊ ထည့္ေရးသင့္တဲ့အေၾကာင္းအရာေလးေတြကိုဒီမွာၾကည့္ႏိုင္ပါတယ္။

အီးေမးလ္မပို႔ခင္ သက္ေသေတြစုပါ
ငါေတာ္ေနတာကိုျမင္ေနတာပဲ သူတို႔သိၿပီးသားျဖစ္မွာပါလို႔ ဘယ္ေတာ့မွမေတြးပါနဲ႔ေနာ္။ကိုယ့္ေၾကာင့္ေအာင္ျမင္ခဲ့တဲ့ ပေရာဂ်က္ေတြ၊ Client ဘယ္ႏွေယာက္ရခဲ့တာေတြ၊ဘယ္ပြဲကိုဘယ္ေန႔မွာဘယ္လိုေအာင္ျမင္ေအာင္လုပ္ႏိုင္ခဲ့တယ္ဆိုတာေတြကိုစနစ္တက်အခ်က္အ လက္နဲ႔တင္ျပဖို႔လိုပါတယ္။

လစာတိုးေပးႏႈန္းကိုေလ့လာပါ
ဒီကုမၸဏီမွာ လစာတိုးတယ္ဆိုရင္ဘယ္ေလာက္တိုးေပးေလ့ရွိတာလဲ၊ တျခားကုမၸဏီေတြမွာကိုယ့္ရာထူးဆိုရင္ဘယ္ေလာက္ထိရေနတာလဲ၊ ဘယ္ေလာက္တိုးေတာင္းသင့္လဲဆိုတာေတြကိုႀကိဳတင္ေလ့လာဖို႔လိုပါတယ္။ ကိုယ္ေတာင္းလိုက္တဲ့ပမာဏဟာ ကုမၸဏီအတြက္ေဘာင္ဝင္တဲ့၊သင့္ေတာ္တဲ့ကိန္းဂဏန္းျဖစ္ဖို႔ကလည္း ‌အေရးႀကီးပါတယ္။

Step by Step Guide
1. အီးေမးလ္ရဲ႕ Subject ေနရာမွာ Request for Salary Raise [Your Name] လို႔တိုက္႐ိုက္ပဲေခါင္းစဥ္ေပးသင့္ပါတယ္။
2. အီးေမးလ္ Body ထဲမွာေတာ့ Opening အေနနဲ႔ ဒီကုမၸဏီမွာအလုပ္လုပ္ရတာကိုယ့္အတြက္အခြင့္အလမ္းေကာင္းတစ္ခုျဖစ္တယ္၊ အဲ ဒီအတြက္ဂုဏ္ယူေပ်ာ္႐ႊင္မိတယ္ဆိုတဲ့ Positive Opening ေလးနဲ႔စတင္ဖို႔လိုပါတယ္။
3. ေနာက္တဆင့္ကေတာ့ လစာကိစၥကိုစတင္ေျပာဆိုဖို႔ျဖစ္ပါတယ္။ ဒီလိုေျပာဆိုတဲ့ေနရာမွာ What, How, Why ဆိုတာကိုပါဝင္ေစရမွာျဖစ္ပါတယ္။ကိုယ္ဘာေတြၿပီးေျမာက္ေအာက္လုပ္ေဆာင္ခဲ့တယ္၊ ဘယ္လိုလုပ္ေဆာင္ခဲ့တယ္၊ဘာ့ေၾကာင့္လစာတိုးေစခ်င္ပါတယ္ဆိုတာကို ေရးလို႔ရပါၿပီ။
4. Closing မွာေတာ့ အဆင္ေျပမယ္ဆိုရင္ ဒီကိစၥအတြက္လူခ်င္းေတြ႕ၿပီးအေသးစိတ္ေဆြးေႏြးခ်င္ပါတယ္ဆိုတဲ့ခ်ိန္ဆိုမႈမ်ိဳး လုပ္ႏိုင္ပါတယ္။ဒီအဆင့္ေတြၿပီးရင္ေတာ့ ေက်းဇူးတင္ေၾကာင္းေျပာၿပီး ကိုယ့္ Sign ထည့္၊ Send ႏွိပ္လိုက္႐ုံပါပဲ။ႏွစ္ပတ္ေလာက္ေစာင့္ၾကည့္ၿပီး အေၾကာင္းျပန္တာမ်ိဳးမရွိဘူးဆိုရင္ကိုယ္က Reminder ေလးထပ္ပို႔ႏိုင္ပါတယ္။ English လိုအီးေမးလ္ေပးပို႔ျခင္းအတြက္ နမူနာအီးေမးလ္တစ္ေစာင္ကိုလည္းေဖာ္ျပေပးလိုက္ပါတယ္။

Dear Jill Smith,
I hope this email finds you well. First, I want to thank you so much for all the opportunities I’ve had to grow as marketing manager at Abc Firm. Working with you and the marketing team has been a pleasure, and I am proud to see the impact my contributions have had on our business success.
Over the past two years I've been committed to growing professionally and contributing to the company's progress. I have taken on additional responsibilities and implemented new ideas that contributed positively to our increase in total sales. With that in mind, I would like to request a salary review.
I mended our relationship with valuable customers, winning back their trust and interest in our products. I focused on starting a clear and engaging communication with them by revamping our newsletter and social media channels. And I started a training program with the social media team to reduce online complaints that were left without a response. In five months our complaints have significantly decreased, while customer satisfaction has increased by 20%. In this same period of time, our sales have also increased by 15%. Considering my performance and achievements, I believe that a salary increase is warranted. Could we schedule a meeting within the next week to discuss further? Let me know what day and time works best for you. Thank you again for all your support and for taking my request into consideration. I am looking forward to our discussion.
Best regards,
Maria Jones

စသျဖင့္ေရးသားႏိုင္ပါတယ္။အားလုံးပဲ လစာေတြအမ်ားႀကီးတိုးၾကပါေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*