
ဟန်ဆိုဟီးရဲ့ဖြေရှင်းချက်တွေအပေါ်ကိုရီးယားပရိသတ်တွေရဲ့တုံ့ပြန်မှုဘယ်လိုရှိလဲ
မင်းသမီး ဟန်ဆိုဟီးအနေနဲ့သူနဲ့ မင်းသား Ryu Joon Yeol ရဲ့အချစ်ရေးအပေါ်အတည်ပြုလိုက်ပြီး Ryu Joon Yeol ရဲ့ချစ်သူဟောင်း Hyeri အပေါ်တောင်းပန်ကြောင်းရေးသားခဲ့တဲ့အပေါ်ကိုရီးယားနိုင်ငံကပရိသတ်တွေရော၊ နိုင်ငံတကာကပရိသတ်တွေကပါ စိတ်ဝင်တစားရှိခဲ့ကြပါတယ်။“လူတွေကမင်းကို Transit Love လို့ပြောကြတဲ့အပေါ်မင်းတုံ့ပြန်ဖြေရှင်းသင့်တယ်ဆိုတာနားလည်ပါတယ်။ ဒါပေမဲ့ခုက ဖြေရှင်းပုံလွဲနေတယ်။ခုနည်းလမ်းအတိုင်းမင်းသုံးနေရင်တော့ လူတွေကမင်းကိုထပ်ဝေဖန်ကြမှာပဲ။ ဒီကိစ္စပြီးရင်တော့မင်းဒီ့ထက်ပိုရင့်ကျက်လာဖို့မျှော်လင့်တယ်” လို့ရေးသားတဲ့အပေါ် ဟန်ဆိုဟီးက “ဟုတ်ပါတယ်။ […]