လုပ်ငန်းတာဝန်လွှဲအပ်ခြင်းနဲ့ ခေါင်းဆောင်မှုအရေးပါပုံ
လုပ်ငန်းတာဝန်များကို လွှဲအပ်နိုင်တာကလည်း အရေးကြီးတဲ့ခေါင်းဆောင်မှုစွမ်းရည်ဖြစ်ပါတယ်။ ထိရောက်တဲ့ မန်နေဂျာများက အောင် မြင်မှုရရှိစေဖို့အလုပ်တာတန်တွေကို ဘယ်လိုလွှဲအပ်ရမလဲဆိုတာကိုသိဖို့ လိုအပ်ပါတယ်။တခါတလေမှာ လုပ်ငန်းတာဝန်လွှဲအပ်တာက အကြောင်းအမျိုးမျိုးကြောင့်အခက်အခဲရှိနိုင်ပါတယ်။ ပထမဆုံးအရေးကြီးတဲ့အချက်ကတော့ သင့်အဖွဲ့ကို ယုံကြည်ဖို့လိုအပ်တာပါ။ သင်တာဝန်ယူထားတဲ့ ပရောဂျက်များကို စွန့်လွှတ်ဖို့ ခက်ခဲနိုင်ပါတယ်။သင်ကိုယ်တိုင်ကလွဲရင် တခြားသူတွေကို မယုံကြည်နိုင်သလိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီလိုစိုးရိမ်မှုများက ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာဘယ်အလုပ်ကိုလွှဲအပ်ရမလဲဆိုတာကို သိရှိတာက ရေရည်မှာ […]