အလုပ်ရှိပြီးသားလူတွေ ဒုတိယအလုပ်လုပ်ဖို့ စဉ်းစားကြတယ်ဆိုတာ ပုံမှန်အားဖြင့် လက်တွေ့ကျတဲ့ အကြောင်းရင်းတွေကြောင့်ပါပဲ။ ဥပမာ လစာတိုးတာထက် အိမ်ငှားခက ပိုတက်သွားတာ၊ အရေးပေါ်ကိစ္စတစ်ခုကြောင့် ဘဏ်စုငွေ မရှိတော့တာ၊ ဒါမှမဟုတ် လက်ရှိအလုပ်ကို မစွန့်လွှတ်သေးဘဲ နောက်ထပ် စိတ်ဝင်စားတဲ့ စီးပွား ရေး၊ အလုပ်တစ်ခုကို စမ်းကြည့်ချင်တာမျိုးတွေ ကြောင့် ဖြစ်ပါတယ်။အမေရိကန် အလုပ်သမားစာရင်းအင်းဗျူရို (BLS) ရဲ့ စက်တင်ဘာလ စာရင်းတွေအရ အမေရိကန်မှာ အလုပ်နှစ်ခု သို့မဟုတ် နှစ်ခုထက်မက လုပ်နေသူ အရေအတွက်ဟာ ၉ သန်းခန့် (အလုပ်လုပ်သူ စုစုပေါင်းရဲ့ ၅.၅ရာခိုင်နှုန်းခန့်) ရှိပါတယ်။ ဒီကိန်းဂဏန်းက အ လုပ်နှစ်ခု လုပ်နေပြီးသားသူတွေကိုပဲ ရေတွက်ထားတာဖြစ်လို့ ဘယ်နှစ်ယောက်က ဒုတိယအလုပ်လုပ်ဖို့ စဉ်းစားနေလဲဆိုတာကိုတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အ များစုရဲ့ သဘာဝကိုတော့ ဖော်ပြနေပါတယ်။ အကြောင်းကတော့ အလုပ်နှစ်ခုလုပ်သူ အများစုဟာ ပင်တိုင် ပုံမှန်အလုပ်တစ်ဖက်နဲ့ Part-time အလုပ်ကို တွဲလုပ်ကြလို့ပါ။ဒုတိယအလုပ်လုပ်ဖို့ စဉ်းစားနေသူတိုင်းအတွက် အဓိက မေးရမယ့် မေးခွန်းကတော့ “ဒီရလာမယ့် ဝင်ငွေအပိုက ဘာအတွက် အသုံးဝင်မှာလဲ၊ ဒါကိုရဖို့အတွက် အချိန်၊ ငွေကြေးနဲ့ ကျန်းမာရေး၊အနားယူချိန် ဘယ်လောက် ပေးဆပ်ရမှာလဲ” ဆိုတာပါပဲ။
ဒုတိယအလုပ်ဆိုတာ ဘာလဲ
ဒုတိယအလုပ်ဆိုတာ မိမိရဲ့ ပင်တိုင်အလုပ်အပြင် နောက်ထပ် ဝင်ငွေရအောင် လုပ်တဲ့ အလုပ်ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းနဲ့ အိမ်စရိတ်တက်လာတာကို ကာမိဖို့၊ အ ကြွေးဆပ်ဖို့၊ စုငွေတိုးဖို့ ဒါမှမဟုတ် အလုပ်ရှင် တစ်ခုတည်းပေါ် လုံးဝမှီခိုနေရတာကို လျှော့ချဖို့အတွက် လူတွေ ဒုတိယအလုပ် လုပ်ဖို့ စဉ်းစားကြတာပါ။BLS စာရင်းအရ အနည်းဆုံး အလုပ်တစ်ခုကနေ လစာ၊ လုပ်အားခ ရမှသာ အလုပ်နှစ်ခုလုပ်သူအဖြစ် သတ်မှတ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေး နှစ်ခုလုပ်နေသူတွေ၊ Freelance သို့မဟုတ် Gig work (အလှည့်ကျ၊ ယာယီအလုပ်) လုပ်သူအချို့ကိုတော့ ဒီစာရင်းထဲ မထည့်သွင်းထားပါဘူး။
လူတွေ ဒုတိယအလုပ် လုပ်ဖို့ စဉ်းစားရတဲ့ အဓိက အကြောင်းရင်း (၅) ချက်ရှိပါတယ်။
ကုန်ဈေးနှုန်း ဒဏ်ကို ခံနိုင်ဖို့
လစာက ပုံမှန်အတိုင်း ရနေပေမဲ့ ကုန်ဈေးနှုန်းတွေ တက်လာတဲ့အခါ ဝယ်လိုအား နည်းသွားပါတယ်။ ဗဟိုဘဏ်ရဲ့ ၂၀၂၅ စာရင်းများအရ လူကြီး ၅၈ရာခိုင်နှုန်း က ကုန် ဈေးနှုန်းတက်တာကြောင့် ဘဏ္ဍာရေး အခက်အခဲရှိလာတယ်လို့ ပြောကြပါတယ်။ ၁၇ရာခိုင်နှုန်း ကတော့ ကုန်ဈေးနှုန်းတက်လို့ အလုပ်ပိုလုပ်တာ ဒါမှမဟုတ် နောက် ထပ် အလုပ်တစ်ခု ထပ်ရှာကြရပါတယ်။
အိမ်စရိတ် မြင့်မားလာခြင်း
အိမ်ငှားခ၊ အိမ်လစဉ်ကြေးနဲ့ အခွန်တွေ တက်လာတဲ့အခါ အိမ်ပြောင်းတာ၊ အိမ်ဖော်ငှားတာတွေထက် ဒုတိယအလုပ် မြန်မြန်ရှာလုပ်တာက ရိက္ခာကျပ်တည်းမှုကို ခဏတာ ပြေလည်စေပါတယ်။ ဒါပေမဲ့ ဒါဟာ ခဏတာ အဆင်ပြေရုံပဲ ဖြစ်သင့်ပြီး ရေရှည်မှာတော့ ကိုယ့်ရဲ့ ပင်တိုင်အလုပ်ရဲ့ အလုပ်အများဆုံး ရာသီတွေမှာ ဒုတိယအလုပ်ပါ လုပ်နိုင်မလားဆိုတာ သတိထားရပါမယ်။
အကြွေး ဆပ်နိုင်ဖို့
ခရက်ဒစ်ကဒ် အကြွေးတွေနဲ့ အကြွေးနောက်ကျမှုတွေ များလာတဲ့အခါ ဒုတိယအလုပ်က ရတဲ့ ပိုက်ဆံကို အကြွေးဆပ်ဖို့ သီးသန့် ဖယ်ထားတာက ထိရောက်ပါတယ်။ အထွေထွေ အသုံးစရိတ်ထဲ ပေါင်းထည့်လိုက်ရင် ပိုက်ဆံက ဘယ်ရောက်သွားမှန်း မသိ ပျောက်သွားတတ်ပါတယ်။
အရေးပေါ် ရန်ပုံငွေ စုဆောင်းဖို့
အရေးပေါ် ကိစ္စတွေ မကြုံခင် ကြိုတင်ပြင်ဆင်ချင်သူတွေအတွက်လည်း ဒုတိယအလုပ်က သင့်တော်ပါတယ်။ ပန်းတိုင်တစ်ခု (ဥပမာ ဒေါ်လာ ၅၀၀၀၀ စုမယ်) သတ် မှတ်ပြီး ရလာတဲ့ ဝင်ငွေအပိုနဲ့ စုသွားရင် အချိန်ကာလ တစ်ခုအတွင်းမှာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်ပါတယ်။
အလုပ်အကိုင် မမြဲမှာစိုးလို့ ကြိုတင်ပြင်ဆင်ခြင်း
အလုပ်ဖြုတ်ခံရတာ၊ နဂိုအလုပ်တွေကို AI နဲ့ အစားထိုးခံရတာတွေကြောင့် အလုပ်အကိုင် မတည်ငြိမ်ဘူးလို့ ခံစားရတဲ့အခါ ဒုတိယအလုပ် လုပ်ထားတာက စိတ်ဓာတ်ရေးရာအရ အကာအကွယ် ရစေပါတယ်။ ဒါပေမဲ့ အလုပ်နှစ်ခုလုံးက အာမခံချက်မရှိတဲ့ နယ်ပယ်တစ်ခုတည်းမှာ ဖြစ်နေရင်တော့ နယ်ပယ်တစ်ခုလုံး ထိခိုက်တဲ့အခါ ဒုတိယအလုပ်ပါ ပါသွားနိုင်တာကို သတိပြုရပါမယ်။
ဒုတိယအလုပ်လုပ်ခြင်းရဲ့ အခြားသော အကျိုးကျေးဇူးများ
ဒုတိယအလုပ်ဟာ ပိုက်ဆံအပြင် အခြားအရာတွေကိုပါ ပေးနိုင်ပါတယ်။ ပင်တိုင်အလုပ်မှာ မသုံးရတဲ့ ကျွမ်းကျင်မှုတွေကို လေ့ကျင့်ခွင့်ရတာ၊ နယ်ပယ်အသစ်တစ်ခုကို စွန့်စားမှုနည်းနည်းနဲ့ စမ်းသပ်ကြည့်နိုင်တာ၊ အနာဂတ်အတွက် Portfolio၊ အလုပ်အတွေ့အကြုံ စုဆောင်းနိုင်တာ၊အသိုင်းအဝိုင်းနဲ့ ကွန်ရက် (Network) သစ်များ ရရှိတာတွေဖြစ်နိုင်ပါတယ်။ သတိပြုဖို့ကတော့ ဒုတိယအလုပ်ကြောင့် အရမ်းပင်ပန်းပြီး ပင်တိုင်အလုပ်ကို ထိခိုက်သွားရင်တော့ ရတာထက် ဆုံးရှုံးတာက ပိုများသွားနိုင်ပါတယ်။ဒုတိယအလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် တိကျတဲ့ ရည်ရွယ်ချက် ရှိဖို့ လိုပါတယ်။ အခွန်နဲ့ စရိတ်တွေ နှုတ်ပြီးရင် တကယ် ဘယ်လောက်ကျန်မလဲဆိုတာ တွက်ချက်ပါ၊ ပင်တိုင်အလုပ်ရဲ့ အချိန်နဲ့ ပစ္စည်းတွေကို လုံးဝမရောထွေးပါနဲ့။ မိမိရဲ့ ကျန်းမာရေးနဲ့ ပင်တိုင်အလုပ်ကို မထိခိုက်စေဘဲ ဘဝဝင်ငွေ လုံခြုံရေးကို အ ထောက်အကူပြုနိုင်မှသာ ဒုတိယအလုပ်တစ်ခုကို စတင်သင့်ပါတယ်။
ကျော့ကေခိုင်
zawgyi
အလုပ္ရွိၿပီးသားလူေတြ ဒုတိယအလုပ္လုပ္ဖို႔ စဥ္းစားၾကတယ္ဆိုတာ ပုံမွန္အားျဖင့္ လက္ေတြ႕က်တဲ့ အေၾကာင္းရင္းေတြေၾကာင့္ပါပဲ။ ဥပမာ လစာတိုးတာထက္ အိမ္ငွားခက ပိုတက္သြားတာ၊ အေရးေပၚကိစၥတစ္ခုေၾကာင့္ ဘဏ္စုေငြ မရွိေတာ့တာ၊ ဒါမွမဟုတ္ လက္ရွိအလုပ္ကို မစြန႔္လႊတ္ေသးဘဲ ေနာက္ထပ္ စိတ္ဝင္စားတဲ့ စီးပြား ေရး၊ အလုပ္တစ္ခုကို စမ္းၾကည့္ခ်င္တာမ်ိဳးေတြ ေၾကာင့္ ျဖစ္ပါတယ္။အေမရိကန္ အလုပ္သမားစာရင္းအင္းဗ်ဴ႐ို (BLS) ရဲ႕ စက္တင္ဘာလ စာရင္းေတြအရ အေမရိကန္မွာ အလုပ္ႏွစ္ခု သို႔မဟုတ္ ႏွစ္ခုထက္မက လုပ္ေနသူ အေရအတြက္ဟာ ၉ သန္းခန႔္ (အလုပ္လုပ္သူ စုစုေပါင္းရဲ႕ ၅.၅ရာခိုင္ႏႈန္းခန္႔) ရွိပါတယ္။ ဒီကိန္းဂဏန္းက အ လုပ္ႏွစ္ခု လုပ္ေနၿပီးသားသူေတြကိုပဲ ေရတြက္ထားတာျဖစ္လို႔ ဘယ္ႏွစ္ေယာက္က ဒုတိယအလုပ္လုပ္ဖို႔ စဥ္းစားေနလဲဆိုတာကိုေတာ့ မေျပာႏိုင္ပါဘူး။ ဒါေပမဲ့ အ မ်ားစုရဲ႕ သဘာဝကိုေတာ့ ေဖာ္ျပေနပါတယ္။ အေၾကာင္းကေတာ့ အလုပ္ႏွစ္ခုလုပ္သူ အမ်ားစုဟာ ပင္တိုင္ ပုံမွန္အလုပ္တစ္ဖက္နဲ႔ Part-time အလုပ္ကို တြဲလုပ္ၾကလို႔ပါ။ဒုတိယအလုပ္လုပ္ဖို႔ စဥ္းစားေနသူတိုင္းအတြက္ အဓိက ေမးရမယ့္ ေမးခြန္းကေတာ့ “ဒီရလာမယ့္ ဝင္ေငြအပိုက ဘာအတြက္ အသုံးဝင္မွာလဲ၊ ဒါကိုရဖို႔အတြက္ အခ်ိန္၊ ေငြေၾကးနဲ႔ က်န္းမာေရး၊အနားယူခ်ိန္ ဘယ္ေလာက္ ေပးဆပ္ရမွာလဲ” ဆိုတာပါပဲ။
ဒုတိယအလုပ္ဆိုတာ ဘာလဲ
ဒုတိယအလုပ္ဆိုတာ မိမိရဲ႕ ပင္တိုင္အလုပ္အျပင္ ေနာက္ထပ္ ဝင္ေငြရေအာင္ လုပ္တဲ့ အလုပ္ျဖစ္ပါတယ္။ ကုန္ေဈးႏႈန္းနဲ႔ အိမ္စရိတ္တက္လာတာကို ကာမိဖို႔၊ အ ေႂကြးဆပ္ဖို႔၊ စုေငြတိုးဖို႔ ဒါမွမဟုတ္ အလုပ္ရွင္ တစ္ခုတည္းေပၚ လုံးဝမွီခိုေနရတာကို ေလွ်ာ့ခ်ဖို႔အတြက္ လူေတြ ဒုတိယအလုပ္ လုပ္ဖို႔ စဥ္းစားၾကတာပါ။BLS စာရင္းအရ အနည္းဆုံး အလုပ္တစ္ခုကေန လစာ၊ လုပ္အားခ ရမွသာ အလုပ္ႏွစ္ခုလုပ္သူအျဖစ္ သတ္မွတ္ပါတယ္။ ကိုယ္ပိုင္စီးပြားေရး ႏွစ္ခုလုပ္ေနသူေတြ၊ Freelance သို႔မဟုတ္ Gig work (အလွည့္က်၊ ယာယီအလုပ္) လုပ္သူအခ်ိဳ႕ကိုေတာ့ ဒီစာရင္းထဲ မထည့္သြင္းထားပါဘူး။
လူေတြ ဒုတိယအလုပ္ လုပ္ဖို႔ စဥ္းစားရတဲ့ အဓိက အေၾကာင္းရင္း (၅) ခ်က္ရွိပါတယ္။
ကုန္ေဈးႏႈန္း ဒဏ္ကို ခံႏိုင္ဖို႔
လစာက ပုံမွန္အတိုင္း ရေနေပမဲ့ ကုန္ေဈးႏႈန္းေတြ တက္လာတဲ့အခါ ဝယ္လိုအား နည္းသြားပါတယ္။ ဗဟိုဘဏ္ရဲ႕ ၂၀၂၅ စာရင္းမ်ားအရ လူႀကီး ၅၈ရာခိုင္ႏႈန္း က ကုန္ ေဈးႏႈန္းတက္တာေၾကာင့္ ဘ႑ာေရး အခက္အခဲရွိလာတယ္လို႔ ေျပာၾကပါတယ္။ ၁၇ရာခိုင္ႏႈန္း ကေတာ့ ကုန္ေဈးႏႈန္းတက္လို႔ အလုပ္ပိုလုပ္တာ ဒါမွမဟုတ္ ေနာက္ ထပ္ အလုပ္တစ္ခု ထပ္ရွာၾကရပါတယ္။
အိမ္စရိတ္ ျမင့္မားလာျခင္း
အိမ္ငွားခ၊ အိမ္လစဥ္ေၾကးနဲ႔ အခြန္ေတြ တက္လာတဲ့အခါ အိမ္ေျပာင္းတာ၊ အိမ္ေဖာ္ငွားတာေတြထက္ ဒုတိယအလုပ္ ျမန္ျမန္ရွာလုပ္တာက ရိကၡာက်ပ္တည္းမႈကို ခဏတာ ေျပလည္ေစပါတယ္။ ဒါေပမဲ့ ဒါဟာ ခဏတာ အဆင္ေျပ႐ုံပဲ ျဖစ္သင့္ၿပီး ေရရွည္မွာေတာ့ ကိုယ့္ရဲ႕ ပင္တိုင္အလုပ္ရဲ႕ အလုပ္အမ်ားဆုံး ရာသီေတြမွာ ဒုတိယအလုပ္ပါ လုပ္ႏိုင္မလားဆိုတာ သတိထားရပါမယ္။
အေႂကြး ဆပ္ႏိုင္ဖို႔
ခရက္ဒစ္ကဒ္ အေႂကြးေတြနဲ႔ အေႂကြးေနာက္က်မႈေတြ မ်ားလာတဲ့အခါ ဒုတိယအလုပ္က ရတဲ့ ပိုက္ဆံကို အေႂကြးဆပ္ဖို႔ သီးသန႔္ ဖယ္ထားတာက ထိေရာက္ပါတယ္။ အေထြေထြ အသုံးစရိတ္ထဲ ေပါင္းထည့္လိုက္ရင္ ပိုက္ဆံက ဘယ္ေရာက္သြားမွန္း မသိ ေပ်ာက္သြားတတ္ပါတယ္။
အေရးေပၚ ရန္ပုံေငြ စုေဆာင္းဖို႔
အေရးေပၚ ကိစၥေတြ မႀကဳံခင္ ႀကိဳတင္ျပင္ဆင္ခ်င္သူေတြအတြက္လည္း ဒုတိယအလုပ္က သင့္ေတာ္ပါတယ္။ ပန္းတိုင္တစ္ခု (ဥပမာ ေဒၚလာ ၅၀၀၀၀ စုမယ္) သတ္ မွတ္ၿပီး ရလာတဲ့ ဝင္ေငြအပိုနဲ႔ စုသြားရင္ အခ်ိန္ကာလ တစ္ခုအတြင္းမွာ လိုခ်င္တဲ့ ပန္းတိုင္ကို ေရာက္ႏိုင္ပါတယ္။
အလုပ္အကိုင္ မၿမဲမွာစိုးလို႔ ႀကိဳတင္ျပင္ဆင္ျခင္း
အလုပ္ျဖဳတ္ခံရတာ၊ နဂိုအလုပ္ေတြကို AI နဲ႔ အစားထိုးခံရတာေတြေၾကာင့္ အလုပ္အကိုင္ မတည္ၿငိမ္ဘူးလို႔ ခံစားရတဲ့အခါ ဒုတိယအလုပ္ လုပ္ထားတာက စိတ္ဓာတ္ေရးရာအရ အကာအကြယ္ ရေစပါတယ္။ ဒါေပမဲ့ အလုပ္ႏွစ္ခုလုံးက အာမခံခ်က္မရွိတဲ့ နယ္ပယ္တစ္ခုတည္းမွာ ျဖစ္ေနရင္ေတာ့ နယ္ပယ္တစ္ခုလုံး ထိခိုက္တဲ့အခါ ဒုတိယအလုပ္ပါ ပါသြားႏိုင္တာကို သတိျပဳရပါမယ္။
ဒုတိယအလုပ္လုပ္ျခင္းရဲ႕ အျခားေသာ အက်ိဳးေက်းဇူးမ်ား
ဒုတိယအလုပ္ဟာ ပိုက္ဆံအျပင္ အျခားအရာေတြကိုပါ ေပးႏိုင္ပါတယ္။ ပင္တိုင္အလုပ္မွာ မသုံးရတဲ့ ကြၽမ္းက်င္မႈေတြကို ေလ့က်င့္ခြင့္ရတာ၊ နယ္ပယ္အသစ္တစ္ခုကို စြန႔္စားမႈနည္းနည္းနဲ႔ စမ္းသပ္ၾကည့္ႏိုင္တာ၊ အနာဂတ္အတြက္ Portfolio၊ အလုပ္အေတြ႕အႀကဳံ စုေဆာင္းႏိုင္တာ၊အသိုင္းအဝိုင္းနဲ႔ ကြန္ရက္ (Network) သစ္မ်ား ရရွိတာေတြျဖစ္ႏိုင္ပါတယ္။ သတိျပဳဖို႔ကေတာ့ ဒုတိယအလုပ္ေၾကာင့္ အရမ္းပင္ပန္းၿပီး ပင္တိုင္အလုပ္ကို ထိခိုက္သြားရင္ေတာ့ ရတာထက္ ဆုံးရႈံးတာက ပိုမ်ားသြားႏိုင္ပါတယ္။ဒုတိယအလုပ္တစ္ခု လုပ္ေတာ့မယ္ဆိုရင္ တိက်တဲ့ ရည္႐ြယ္ခ်က္ ရွိဖို႔ လိုပါတယ္။ အခြန္နဲ႔ စရိတ္ေတြ ႏႈတ္ၿပီးရင္ တကယ္ ဘယ္ေလာက္က်န္မလဲဆိုတာ တြက္ခ်က္ပါ၊ ပင္တိုင္အလုပ္ရဲ႕ အခ်ိန္နဲ႔ ပစၥည္းေတြကို လုံးဝမေရာေထြးပါနဲ႔။ မိမိရဲ႕ က်န္းမာေရးနဲ႔ ပင္တိုင္အလုပ္ကို မထိခိုက္ေစဘဲ ဘဝဝင္ေငြ လုံၿခဳံေရးကို အ ေထာက္အကူျပဳႏိုင္မွသာ ဒုတိယအလုပ္တစ္ခုကို စတင္သင့္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply