မာကျူရီ ဂြိုလ် Retrograde ကြောင့် ကံကောင်းမယ့် ရာသီခွင် (၄)ခု

မာကျူရီဂြိုလ် နောက်ပြန်လှည့်တဲ့ကာလ (Mercury Retrograde) ရောက်လာပြီဆိုရင် လူတွေက စိုးရိမ်တတ်ကြပေမဲ့ ဒီတစ်ခါမှာတော့ ကံကောင်းမယ့် ရာသီခွင် ၄ ခုအတွက် အကောင်းဘက်ကို ဦးတည်စေမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့ကစပြီး ဆက်သွယ်ရေးကို ကိုယ်စားပြုတဲ့ မာကျူရီဂြိုလ်ဟာ စကော်ပီယံ ရာသီ ခွင်ထဲမှာ နောက်ပြန်လှည့်နေပြီး အပြောင်းအလဲများစွာ ယူဆောင်လာပါမယ်။ အပြောင်းအလဲဆိုတာ လွယ်ကူလှတာတော့ မဟုတ်ပေမဲ့ အဲဒီပြောင်းလဲမှုတွေကို ရင် ဆိုင်လက်ခံလိုက်မယ်ဆိုရင် သင့်ဘဝ ပိုကောင်းလာပါလိမ့်မယ်။ ဒီလေးခုက ဘယ်ရာသီခွင်တွေဖြစ်မလဲ ဖတ်ကြည့်ကြရအောင်ပါ။

Scorpio

စကော်ပီယံတွေအနေနဲ့ ကိုယ့်ရဲ့ စွမ်းအားတွေကို အရင်ကထက် ပိုပြီး ပြန်လည်ဖော်ထုတ်နိုင်မယ့် အချိန်ရောက်လာပါပြီ။ ဒါဟာ တိုးတက်ဖို့ အခွင့်အရေးတစ်ခု ဖြစ်ပေမဲ့ တစ်ညတည်းနဲ့တော့ ပြီးသွားမှာ မဟုတ်ပါဘူး။ တချို့အချိန်တွေမှာ ဘာမှမဖြစ်သလို ခံစားရနိုင်ပါတယ်။ဒီအချိန်ကို ကိုယ်တကယ်လိုချင်တာက ဘာလဲဆိုတာ ပြန်စဉ်းစားဖို့ သုံးပါ။ ကိုယ့်ရဲ့ အလုပ်အကိုင်နဲ့ ဆက်ဆံရေးတွေက ကိုယ့်ကို ပျော်ရွှင်စေရဲ့လားဆိုတာ ဆန်းစစ်ပါ။ မလိုတော့တာတွေကို စွန့်လွှတ်ဖို့ မကြောက်ပါနဲ့။ သင့်စိတ်အပြောင်းအလဲကို သင်လက်ခံလိုက်တာနဲ့ သင့်ဘဝ ပိုကောင်းလာပါလိမ့်မယ်။

Taurus

အတိတ်ကိစ္စတွေ၊ အရင်က အထင်အမြင်လွဲမှားမှုတွေ ဒါမှမဟုတ် အရင်အချစ်ဟောင်းတွေ ပြန်ပေါ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒါက အချစ်ဟောင်းနဲ့ ပြန်ပေါင်းဖို့ လိုတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ မာကျူရီနဲ့ ဗီးနပ်စ်နှစ်ခုစလုံး နောက်ပြန်နေတဲ့အတွက် အရင်ကလို ပြဿနာတွေ ထပ်ဖြစ်လာနိုင်ချေ များပါတယ်။အဓိကကတော့ ဒီလူက အချစ်ရေးမှာ ကိုယ်ဘာလိုချင်လဲ၊ ဘာကို မလိုချင်ဘူးလဲဆိုတာ သင်ခန်းစာပေးဖို့ ပြန်လာတာပါ။ အရင်က ဘာကြောင့် လမ်းခွဲခဲ့ရလဲဆိုတာကို ပြန်စဉ်းစားပါ။ ဒီ retrograde ကာလ ကုန်ဆုံးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပိုရှိလာပြီး ဘဝက ပိုကောင်းလာပါလိမ့်မယ်။

Aquarius

အခက်အခဲပေါင်းစုံကို ဖြတ်သန်းလာရလို့ အခုဆိုရင် အတော်လေး ပင်ပန်းနေပါပြီ။ ဒါပေမဲ့ ဒီတစ်ခါ မာကျူရီနောက်ပြန်လှည့်ခြင်းက သင့်ဘဝကို ပိုကောင်းလာစေမှာပါ။ ခေတ္တနှေးကွေးသွားတာကို ရပ်တန့်သွားတယ်လို့ မထင်ပါနဲ့၊ သင့်ရဲ့ နောက်တစ်ဆင့်တက်မယ့် အလုပ်အကိုင်ကိစ္စအတွက် အကောင်းဆုံး ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ဒီကာလဟာ သင့်ရဲ့ အလုပ်အကိုင်နဲ့ နာမည်ဂုဏ်သတင်းအတွက် အရေးကြီးပါတယ်။ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဖြစ်လို့ ရည်မှန်းချက်ဆီကို ဆက်လျှောက်လှမ်းပါ။ ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်သွားပါ။

Leo

မာကျူရီနောက်ပြန်လှည့်ခြင်းက သင့်ကို စိတ်အေးချမ်းသာမှုတွေ ပေးစွမ်းနိုင်မှာပါ။ သင့်ရဲ့ စွမ်းအင်တွေကို တိတ်တဆိတ် စုပ်ယူနေတဲ့ သေးငယ်တဲ့ ပြဿနာလေးတွေကို ရှင်းထုတ်ပေးပါလိမ့်မယ်။ ရှောင်လွှဲနေခဲ့တဲ့ မိသားစုနဲ့ စကားပြောစရာရှိတာတွေ ရှင်းပစ်ဖို့နဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေကို စွန့်လွှတ်ဖို့ အချိန်ကျပါပြီ။ ဒီကာလ ပြီးဆုံးသွားတဲ့အခါ ပိုပြီးပျော်စရာကောင်းတဲ့ မိသားစုဘဝ၊ ခိုင်မာတဲ့ မိသားစုစည်းကမ်းနဲ့ ဘယ်သူမှ လုယူလို့မရတဲ့ အတွင်းစိတ်လုံခြုံမှုကို ပိုင်ဆိုင်လာရပါလိမ့်မယ်။

ကျော့ကေခိုင်

zawgyi

မာက်ဴရီၿဂိဳလ္ ေနာက္ျပန္လွည့္တဲ့ကာလ (Mercury Retrograde) ေရာက္လာၿပီဆိုရင္ လူေတြက စိုးရိမ္တတ္ၾကေပမဲ့ ဒီတစ္ခါမွာေတာ့ ကံေကာင္းမယ့္ ရာသီခြင္ ၄ ခုအတြက္ အေကာင္းဘက္ကို ဦးတည္ေစမွာ ျဖစ္ပါတယ္။ ေအာက္တိုဘာ ၂၄ ရက္ေန႔ကစၿပီး ဆက္သြယ္ေရးကို ကိုယ္စားျပဳတဲ့ မာက်ဴရီၿဂိဳလ္ဟာ စေကာ္ပီယံ ရာသီ ခြင္ထဲမွာ ေနာက္ျပန္လွည့္ေနၿပီး အေျပာင္းအလဲမ်ားစြာ ယူေဆာင္လာပါမယ္။ အေျပာင္းအလဲဆိုတာ လြယ္ကူလွတာေတာ့ မဟုတ္ေပမဲ့ အဲဒီေျပာင္းလဲမႈေတြကို ရင္ ဆိုင္လက္ခံလိုက္မယ္ဆိုရင္ သင့္ဘဝ ပိုေကာင္းလာပါလိမ့္မယ္။ ဒီေလးခုက ဘယ္ရာသီခြင္ေတြျဖစ္မလဲ ဖတ္ၾကည့္ၾကရေအာင္ပါ။

Scorpio

စေကာ္ပီယံေတြအေနနဲ႔ ကိုယ့္ရဲ႕ စြမ္းအားေတြကို အရင္ကထက္ ပိုၿပီး ျပန္လည္ေဖာ္ထုတ္ႏိုင္မယ့္ အခ်ိန္ေရာက္လာပါၿပီ။ ဒါဟာ တိုးတက္ဖို႔ အခြင့္အေရးတစ္ခု ျဖစ္ေပမဲ့ တစ္ညတည္းနဲ႔ေတာ့ ၿပီးသြားမွာ မဟုတ္ပါဘူး။ တခ်ိဳ႕အခ်ိန္ေတြမွာ ဘာမွမျဖစ္သလို ခံစားရႏိုင္ပါတယ္။ဒီအခ်ိန္ကို ကိုယ္တကယ္လိုခ်င္တာက ဘာလဲဆိုတာ ျပန္စဥ္းစားဖို႔ သုံးပါ။ ကိုယ့္ရဲ႕ အလုပ္အကိုင္နဲ႔ ဆက္ဆံေရးေတြက ကိုယ့္ကို ေပ်ာ္႐ႊင္ေစရဲ႕လားဆိုတာ ဆန္းစစ္ပါ။ မလိုေတာ့တာေတြကို စြန႔္လႊတ္ဖို႔ မေၾကာက္ပါနဲ႔။ သင့္စိတ္အေျပာင္းအလဲကို သင္လက္ခံလိုက္တာနဲ႔ သင့္ဘဝ ပိုေကာင္းလာပါလိမ့္မယ္။

Taurus

အတိတ္ကိစၥေတြ၊ အရင္က အထင္အျမင္လြဲမွားမႈေတြ ဒါမွမဟုတ္ အရင္အခ်စ္ေဟာင္းေတြ ျပန္ေပၚလာႏိုင္ပါတယ္။ ဒါေပမဲ့ ဒါက အခ်စ္ေဟာင္းနဲ႔ ျပန္ေပါင္းဖို႔ လိုတယ္လို႔ ဆိုလိုတာေတာ့ မဟုတ္ပါဘူး။ မာက်ဴရီနဲ႔ ဗီးနပ္စ္ႏွစ္ခုစလုံး ေနာက္ျပန္ေနတဲ့အတြက္ အရင္ကလို ျပႆနာေတြ ထပ္ျဖစ္လာႏိုင္ေခ် မ်ားပါတယ္။အဓိကကေတာ့ ဒီလူက အခ်စ္ေရးမွာ ကိုယ္ဘာလိုခ်င္လဲ၊ ဘာကို မလိုခ်င္ဘူးလဲဆိုတာ သင္ခန္းစာေပးဖို႔ ျပန္လာတာပါ။ အရင္က ဘာေၾကာင့္ လမ္းခြဲခဲ့ရလဲဆိုတာကို ျပန္စဥ္းစားပါ။ ဒီ retrograde ကာလ ကုန္ဆုံးတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ ေလးစားမႈ ပိုရွိလာၿပီး ဘဝက ပိုေကာင္းလာပါလိမ့္မယ္။

Aquarius

အခက္အခဲေပါင္းစုံကို ျဖတ္သန္းလာရလို႔ အခုဆိုရင္ အေတာ္ေလး ပင္ပန္းေနပါၿပီ။ ဒါေပမဲ့ ဒီတစ္ခါ မာက်ဴရီေနာက္ျပန္လွည့္ျခင္းက သင့္ဘဝကို ပိုေကာင္းလာေစမွာပါ။ ေခတၱေႏွးေကြးသြားတာကို ရပ္တန႔္သြားတယ္လို႔ မထင္ပါနဲ႔၊ သင့္ရဲ႕ ေနာက္တစ္ဆင့္တက္မယ့္ အလုပ္အကိုင္ကိစၥအတြက္ အေကာင္းဆုံး ျပင္ဆင္ေနခ်ိန္ျဖစ္ပါတယ္။ဒီကာလဟာ သင့္ရဲ႕ အလုပ္အကိုင္နဲ႔ နာမည္ဂုဏ္သတင္းအတြက္ အေရးႀကီးပါတယ္။ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနၿပီျဖစ္လို႔ ရည္မွန္းခ်က္ဆီကို ဆက္ေလွ်ာက္လွမ္းပါ။ ယုံၾကည္မႈအျပည့္နဲ႔ ေရွ႕ဆက္သြားပါ။

Leo

မာက်ဴရီေနာက္ျပန္လွည့္ျခင္းက သင့္ကို စိတ္ေအးခ်မ္းသာမႈေတြ ေပးစြမ္းႏိုင္မွာပါ။ သင့္ရဲ႕ စြမ္းအင္ေတြကို တိတ္တဆိတ္ စုပ္ယူေနတဲ့ ေသးငယ္တဲ့ ျပႆနာေလးေတြကို ရွင္းထုတ္ေပးပါလိမ့္မယ္။ ေရွာင္လႊဲေနခဲ့တဲ့ မိသားစုနဲ႔ စကားေျပာစရာရွိတာေတြ ရွင္းပစ္ဖို႔နဲ႔ မေကာင္းတဲ့ အက်င့္ဆိုးေတြကို စြန႔္လႊတ္ဖို႔ အခ်ိန္က်ပါၿပီ။ ဒီကာလ ၿပီးဆုံးသြားတဲ့အခါ ပိုၿပီးေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝ၊ ခိုင္မာတဲ့ မိသားစုစည္းကမ္းနဲ႔ ဘယ္သူမွ လုယူလို႔မရတဲ့ အတြင္းစိတ္လုံၿခဳံမႈကို ပိုင္ဆိုင္လာရပါလိမ့္မယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*