Online ကနေ အင်တာဗျူးဖြေချိန်မှာ ဘာအရေးအကြီးဆုံးလဲ

December 5, 2023 Aung Khant Mon 0

Online ကနေ အင်တာဗျူးဖြေရတာဟာလည်း လူကိုယ်တိုင်အင်တာဗျူးခန်းထဲဝင်ပြီးဖြေရသလိုမျိုးပဲစိတ်လှုပ်ရှားစရာကောင်းသလို စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ်။ကိုယ့်ကို Skype ၊ Zoom နဲ့ HireVue တို့ကနေ အင်တာဗျူးတာ၊ ဖုန်းကောလ်နဲ့တင်အင်တာဗျူးတာ ဒါမှမဟုတ် ကြိုတင်ရိုက်ကူးထားတဲ့ဗီဒီယိုကိုပြသရတာ အားလုံးဟာ Online အင်တာဗျူးထဲအကျုံးဝင်ပါတယ်။ဒါတွေကိုဘယ်လိုအ ဆင်ပြေပြေကျော်လွှားမလဲဆိုတာက အရေးကြီးတဲ့ဒီအချက် (၁၀) ချက်ပေါ်မူတည်ပါတယ်။ Software ပထမအရေးအကြီးဆုံးအချက်ကတော့ အင်တာဗျူးဖြေဖို့အသုံးပြုရမယ့် […]

ကိုယ့်အတွက် Recommendation Letter ရေးပေးဖို့ဘယ်လိုတောင်းဆိုရမလဲ

December 3, 2023 Aung Khant Mon 0

ကိုယ့်အတွက်အလုပ်နဲ့ပတ်သက်တဲ့ထောက်ခံစာလို့ခေါ်ရမယ့် Recommendation Letter တစ်စောင်ဟာအလုပ်လျှောက်သူတွေအများကြီးကြားမှာ ကိုယ့်ကိုပိုပြီးအသာစီးရစေပါတယ်။ထောက်ခံစာတစ်စောင်ဟာ ကိုယ့်ရဲ့အရည်အချင်းကိုအရှိအတိုင်းဖော်ပြထားရမှာဖြစ်သလိုပိုပိုသာသာတွေရေးထားတာမဟုတ်တဲ့ ၊အများကလက်ခံနိုင်တဲ့ သဘာဝကျတဲ့အနေအထားရှိရမှာဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အ တွက်ထောက်ခံစာတစ်စောင်ရဖို့ဘယ်သူတွေဆီကတောင်းခံရမလဲ၊ ဘယ်လိုတောင်းခံရမလဲ ဆိုတာလေးတွေကိုမျှဝေပေးချင်ပါတယ်။ အလုပ်အတွက် Recommendation Letter တောင်းတယ်ဆိုရင် ကိုယ်ရဲ့အလုပ်ဟောင်းဆီကနေတောင်းခံရတာဖြစ်ပြီး အလုပ်မှာရှိတဲ့တခြားလုပ်ဖော်ကိုင်ဖက်တွေဆီကလည်းထောက်ခံချက်လက်မှတ်တွေ ရယူနိုင်ပါတယ်။ Recommendation Letter ကောင်းကောင်းရဖို့အတွက် ဒီအဆင့်တွေအတိုင်းလုပ်ဆောင်ကြည့်ပါ။ – […]

သင့်ရဲ့ Career ရွေးချယ်မှုအတွက်တလွဲအကြံပေးလေ့ရှိသူ ၅ မျိုး

December 2, 2023 Aung Khant Mon 0

ဘယ် Career နဲ့ဘဝရပ်တည်ရမလဲ၊ ဘာလုပ်ရင်ကောင်းမလဲဆိုတာကလူငယ်တော်တော်များများအလေးအနက်ထား စဉ်းစားရလေ့ရှိတဲ့အရာဖြစ်ပါတယ်။ တချို့တွေကကိုယ်ဘာနဲ့အသက်မွေးဝမ်းကျောင်းလုပ်ချင်တာလဲဆိုတာကို တိတိကျကျသိသလိုမိဘကလည်းပံ့ပိုးနိုင်တယ်ဆိုရင် အေးအေးဆေးဆေးကိုယ်လုပ်စရာရှိတာဆက်လုပ်သွားလို့ရပါတယ်။ဒါပေမဲ့ တချို့တွေက ဘာနဲ့အသက်မွေးရင်ကောင်းမလဲဆိုတာကို ဝေဝါးနေရတာမျိုးလည်းရှိပါတယ်။ဒီလိုအချိန်မျိုးမှာ ဒီလူ ၅ မျိုးပေးတဲ့အကြံတွေကိုတော့ အဟုတ်မှတ်ပြီးအတည်မယူဖို့ လေ့လာသူတွေကပြောပြထားကြပါတယ်။ Career နဲ့ပတ်သက်ရင် ကိုယ့်ကိုအဲဒီလိုတလွဲအကြံဉာဏ်ပေးလေ့ရှိတတ်သူတွေကဘယ်သူတွေလဲဆိုတော့ …. Career Counselors – ၈% ဟုတ်ပါတယ်။ […]

Productivity ကောင်းဖို့ Email Inbox ကိုဘယ်လိုရှင်းလင်းထားကြမလဲ

November 30, 2023 Aung Khant Mon 0

တခြားသော Professional တွေလိုပဲ ကိုယ့်ရဲ့အီးမေးလ်အကောင့်ထဲကို တစ်နေ့တစ်နေ့မေးလ်တွေရာချီပြီးဝင်နေတယ်ဆိုပါစို့။အရေးကြီးတဲ့မေးလ်တွေကိုမတွေ့လိုက်ဘဲကျော်သွားတာမျိုးမဖြစ်ရအောင်၊စိတ်ပူပန်မှုတွေနဲ့ Inbox ကိုပြူးတူးပြဲတဲကြည့်မနေရအောင် ဘယ်လိုစီမံကြပါသလဲနော်။ကိုယ့်ဆီရောက်လာနေတဲ့ မေးလ်တွေဖတ်ရင်းနဲ့ပဲအချိန်တွေနေ့တဝက်လောက်ကုန်သွားတာမျိုးမဖြစ်ရအောင် စီမံတတ်ဖို့လည်းလိုပါတယ်။အခုဖော်ပြပေးမယ့်အချက်တွေကတော့ ကိုယ့်ရဲ့ Email Inbox ကိုသပ်သပ်ရပ်ရပ်ရှင်းရှင်းလင်းလင်းထားတတ်ဖို့၊ အီးမေးလ်အတွက်ကိုယ့်ရဲ့အလုပ်ချိန်တွေ၊စွမ်းအင်တွေပဲ့ပါသွားတာမျိုးမဖြစ်ရအောင် စနစ်တကျသုံးနိုင်စေဖို့အကြံဉာဏ်ကောင်းလေးတွေပဲဖြစ်ပါတယ်။ Folders နဲ့ Labels တွေခွဲပါ Email Inbox ကိုအသပ်ရပ်ဆုံးဖြစ်စေတဲ့နည်းကတော့ မတူညီတဲ့အခန်းကဏ္ဍတွေအတွက် Folders […]

Gen Z တွေနဲ့အလုပ်လုပ်တော့မယ်ဆိုရင်

November 29, 2023 Aung Khant Mon 0

Generation Z လို့ခေါ်တဲ့ Gen Z တွေဟာ အရင့်အရင် Generation တွေနဲ့မတူဘဲနည်းပညာခေတ်မှာတိုးဝင်အလုပ်လုပ်ကြရသူတွေပါ။ စူးစမ်းလေ့လာချက်တွေအရ Gen Z တွေဟာကိုယ်ချင်းစာမှုနဲ့ရိုးသားမှုကို ဦးစားပေးသူတွေဖြစ်တယ်လို့သိရပါတယ်။ သူတို့တွေကသူ ဌေးကိုပွင့်လင်းမြင်သာမှုရှိရှိနဲ့ လေးလေးစားစားစကားပြောဆိုချင်တတ်ကြပါတယ်။သူတို့ရဲ့ လုပ်ငန်းခွင်ကိုလည်း အခွင့်အလမ်းတွေ၊ လေ့လာစရာတွေရှိနေစေချင်ကြပါတယ်။ အလုပ်မှာနောက်ဆုံးပေါ်နည်းပညာတွေရှိနေတာ၊ အလုပ်ချိန်ညှိနှိုင်းလုပ်ကိုင်လို့ရတာမျိုးက သူတို့မက်မောတဲ့အရာထဲပါဝင်နေပါတယ်။ ကိုယ်က Gen […]

စိတ်ဖိစီးမှုကိုခံနိုင်ရည်ရှိခြင်းကအားကျလောက်စရာ Skill တစ်ခုပါ

November 27, 2023 Aung Khant Mon 0

Deadline အမီပြီးရမယ့်အလုပ်တွေ၊ အစည်းအဝေးတွေ၊လိုချင်တဲ့ရလဒ်ထွက်လာအောင်လုပ်ရမယ့်အရာတွေ၊ မိသားစုအရေးကိစ္စတွေကြောင့်ဖြစ်လာရတဲ့စိတ်ဖိစီးမှုတွေဟာလူတွေကို စိတ်ပျက်၊ စိတ်ဓာတ်ကျစေတာမှန်ပါတယ်။ ဒါပေမဲ့စိတ်ဖိစီးမှုကိုကောင်းကောင်းကိုင် တွယ်နိုင်ခြင်းက အောင်မြင်မှုဆီမြန်မြန်ရောက်စေနိုင်တဲ့အရည်အချင်းတစ်ခုဖြစ်လို့နေပြန်ပါတယ်။စိတ်ဖိစီးမှုများပေမယ့် စိတ်ကိုထိန်းနိုင်ခြင်း၊ အလုပ်တွေကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ခြင်းကခေါင်းဆောင်တစ်ယောက်အတွက် မဖြစ်မနေလိုအပ်တဲ့အရာတွေပါ။ ဒါကြောင့်လည်းစိတ်ဖိစီးမှုကိုအကောင်းဆုံးဘယ်လိုစီမံကြမလဲ၊ ခံနိုင်ရည်ရှိလာအောင်ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာကို သိထားသင့်ပါတယ်။ Stress Management အတွက်အဓိကအရေးကြီးတဲ့အရာက ရှုမြင်ပုံပြောင်းဖို့ပါ။ Stress ဟာ ရည်မှန်းချက်ရှိခြင်းရဲ့သဘာဝထုတ်ကုန်ပါ        […]

အလုပ်ရွေးတဲ့အခါ ဘယ်တော့မှတစ်ခဏလို့မတွေးပါနဲ့

November 26, 2023 Aung Khant Mon 0

ဆယ်ကျော်သက်အရွယ်လူငယ်လေးတွေထဲမှာ ဘွဲ့တစ်ခုရလို့လုပ်ငန်းခွင်ဝင်မယ်ဆိုတဲ့အခါကိုယ့်အနာဂတ်အတွက်အများကြီးစဉ်းစားသူရှိသလို ရရာလုပ်မယ်၊ ပိုက်ဆံရရင်ပြီးတာပဲလို့တွေးထားသူတွေလည်းရှိမှာပါ။ အဝေးကြီးမစဉ်းစားဘူးဆိုတာထက် ဘဝအခြေအနေကြောင့်စဉ်းစားခွင့်မရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် အလုပ်တစ်ခုခုဝင်လုပ်တော့မယ်ဆိုရင်သေသေချာချာစဉ်းစားရွေးချယ်ခြင်းကသာ အမှန်ကန်ဆုံးပါပဲ။ ငယ်သေးတဲ့အရွယ်တွေမှာသူငယ်ချင်းနဲ့အတူတူအလုပ်လုပ်ရမှာမို့၊ သိပ်မပင်ပန်းလို့၊ အတွေ့အကြုံရရင်ပြီးရောဆိုတဲ့အတွေးလေးတွေတွေးမိကြတာအမှန်ပါ။ ကိုယ်ကအချိန်ယူပြင်ဆင်နိုင်သေးတဲ့အနေအထားရှိတယ်၊ မဖြစ်မနေပိုက်ဆံရှာဖို့ မလိုသေးဘူးဆိုရင် ဒီလိုကလေးအတွေးတွေကိုပယ်ဖျက်ပြီးကိုယ့် Career အတွက်သေသေချာချာပြင် ဆင်စေချင်ပါတယ်။ ငါခဏဝင်လုပ်လိုက်မယ်၊ ပြီးမှ သင်တန်းလေးထပ်တက်ပြီးကိုယ်လုပ်ချင်တဲ့လိုင်းကိုကူးတော့မယ်ဆိုတဲ့အတွေးဟာလည်းလက်တွေ့မှာဖြစ်လာဖို့ခက်ခဲတတ်ပါတယ်။ အမျိုးမျိုးသောအခြေအနေတွေကြောင့်အလုပ်ကနေမထွက်နိုင်တော့တာ၊ နေရာတစ်ခုရလာလို့ […]

ဘဝကိုအလဟဿဖြုန်းတီးမိနေပြီဆိုတာ သိနိုင်တဲ့လက္ခဏာများ

November 23, 2023 Aung Khant Mon 0

လူ့ဘဝဆိုတာတိုတိုလေးလို့လူကြီးတွေကပြောလေ့ရှိပေမယ့် ငယ်ရွယ်နုပျိုတုန်းလူငယ်တွေကတော့ဘဝဆိုတာအရှည်ကြီးပါ၊ အချိန်အကြာကြီးဖြတ်သန်းရဦးမှာလို့ တွေးထင်ကြပါတယ်။လူငယ်ဘဝနဲ့နုပျိုတဲ့အသက်အရွယ်ဆိုတာ အကန့်အသတ်ရှိတာမို့ အချိန်တွေကိုအ ဓိပ္ပါယ်မဲ့မဖြုန်းတီးဖို့လူကြီးတွေကမှာလေ့ရှိကြပါတယ်။ ဒါပေမဲ့လည်း ငယ်ရွယ်သူတွေဆိုတာငါတို့မှာအချိန်တွေအများကြီးကျန်ပါသေးတယ်လို့ တွေးထင်တတ်ကြတာသဘာဝပါ။အခုဖော်ပြပေးမှာကတော့ ကိုယ့်ဘဝကို အဓိပ္ပါယ်မဲ့ဖြတ်သန်းမိနေပြီလား၊အချိန်တွေကိုဖြုန်း တီးမိနေပြီလားဆိုတာကိုဖော်ပြနေတဲ့ လက္ခဏာရပ်တွေပါပဲ။ဒီအထဲကတချို့သောအချက်တွေကို ကိုယ်ကထိန်းချုပ်နိုင်သေးတယ်ဆိုရင် ပြဿနာမရှိပေမယ့်တော်တော်များများက အကျင့်တစ်ခုလိုဖြစ်နေပြီဆိုရင် တစ်ခုချင်းစီကိုစပြီးပြင်ဆင်ကြည့်ဖို့လိုအပ်နေပါပြီ။ – ပထမဆုံးအချက်ကတော့ ကိုယ့်ကျန်းမာရေးကိုပစ်ထားမိခြင်းပါပဲ။ ကျန်းမာရေးထိခိုက်လိမ့်မယ်ဆိုတဲ့စိုးရိမ်စိတ်လုံးဝမရှိဘဲ လုပ်ချင်တာလုပ်နေမိပြီဆိုရင် ဒါကသတိထားရမယ့်လက္ခဏာတစ်ရပ်ပါ။ကျန်းမာရေးဆိုတာ ကိုယ့်ဘဝမှာဖြစ်ချင်တာတွေဖြစ်လာဖို့အတွက်အဓိ […]

လစာကောင်းတဲ့အလုပ်ရအောင် ဘယ်လိုလုပ်ကြမလဲ

November 23, 2023 Aung Khant Mon 0

လူတိုင်းကလခကောင်းတဲ့အလုပ်တွေကိုလိုချင်ကြမှာပါ။ကိုယ်နဲ့ရွယ်တူတန်းတူသူငယ်ချင်းတွေချင်းယှဉ်တဲ့အခါ လစာနည်းခြင်းကကိုယ့်အတွက်အားငယ်စရာဖြစ်လာသလို စားဝတ်နေရေးအတွက်လုံလောက်ပြီးအပိုလေးတွေသုံးစွဲနိုင်မှလည်း ဘဝကနေပျော်စရာကောင်းနေမှာပါ။ဒါကြောင့်လစာကောင်းတဲ့အလုပ်ကိုလူတွေပိုပြီးစိတ်ဝင်စားတာ မက်မောတာဟာဖြစ်သင့်တဲ့အရာတစ်ခုပါ။ အလုပ်စလုပ်ပြီဆိုက တည်းက ကိုယ်ရွေးချယ်လိုက်တဲ့ Career မှာဆရာတစ်ဆူဖြစ်အောင်လုပ်ပြီး နောက်ဆုံးမှာ Financial Freedom ဖြစ်ဖို့ဆိုတာရည်မှန်း ချက်ကြီးသူတိုင်းစဉ်းစားထားတဲ့အရာဖြစ်ပါတယ်။အဲဒီလိုမဟုတ်ဘဲ နေသာသလိုနေမယ်၊ သက်သာသလိုနေမယ်၊ ဘာရည်မှန်းချက်မှမထားဘူးဆိုရင်တော့အသက်ကြီးလာပေမယ့် ရနေတဲ့ဝင်ငွေကလွန်ခဲ့တဲ့ ၅ နှစ်ကနဲ့သိပ်ကွာဟမှာမဟုတ်သလိုဘဝကလည်းပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဒါကြောင့် လစာကောင်းတဲ့အလုပ်ကိုလိုချင်သူတွေ၊ ကိုယ့် Career […]

Career ပြောင်းပြီးအလုပ်လျှောက်သူအနေနဲ့ ဖြေရခက်တဲ့မေးခွန်းတွေကိုဘယ်လိုကျော်လွှားမလဲ

November 21, 2023 Aung Khant Mon 0

ကိုယ်လုပ်ခဲ့တဲ့ Career တစ်ခုကနေ အခြား Career တစ်ခုကိုပြောင်းလိုက်တယ်ဆိုတာကစိတ်လှုပ်ရှားဖို့ကောင်းသလို ပျော်ရွှင်စရာလည်းကောင်းပါတယ်။ တစ်ဖက်မှာလည်းစိန်ခေါ်မှုနဲ့စိတ်ဖိစီးမှုတွေကို ခံစားရနိုင်ပါသေးတယ်။ ကိုယ်လုပ်နေခဲ့တဲ့အလုပ်တစ်ခုကနေ နောက်ထပ်နယ်ပယ်တစ်ခုကို ခြေလှမ်းစလိုက်ချိန်မှာ ပထမဆုံးကြုံရတဲ့အခက်အခဲကတော့အင်တာဗျူးဝင်ချိန်မှာဖြေရမယ့်မေးခွန်းတွေပါပဲ။ နယ်ပယ်သစ်မှာအတွေ့အကြုံဆိုတာမရှိသေးတဲ့အတွက် တချို့သောအင်တာဗျုးမေးခွန်းတွေဟာကိုယ့်အတွက်ဖြေရခက်စေပါတယ်။ ဒါကြောင့်မို့ Career အသစ်ပြောင်းချိန် အင်တာဗျူးမှာဘာမေးခွန်းတွေကြုံလာရနိုင်သလဲ၊ မေးလာတဲ့မေးခွန်းတွေကိုဘယ်လိုအ ဆင်ပြေပြေကျော်လွှားကြမလဲဆိုတာ ကြိုတင်လေ့လာထားသင့်ပါတယ်နော်။ ဘယ်လိုမေးခွန်းတွေလာနိုင်သလဲကြိုတွေးပါ အင်တာဗျူးမဝင်ခင်မှာ ကိုယ်အလုပ်လျှောက်တဲ့ကုမ္ပဏီအကြောင်း၊ […]