လူတွေရှေ့စကားထွက်ပြောချိန် သူတို့နားထောင်စေဖို့ လုပ်သင့်တဲ့အချက် (၂) ချက်

Anxious businesswoman character before and after public speaking training, EPS 8 vector illustration

လူ ၁၀၀ မှာ ၇၀ လောက်က နားထောင်ခြင်းမှာညံ့သူတွေလို့ ၂၀၂၀ ခုနစ်၊ University of Southern California Report မှာဖော်ပြထားပါတယ်။တကယ်လို့ ကိုယ်က လူတွေစိတ်ဝင်စားအောင်စကားပြောဆိုနိုင်တယ်ဆိုရင်ဒါကကိုယ်တကယ်အရည်အချင်းရှိလို့ပါပဲ။နားထောင်နိုင်စွမ်းရှိသူတွေ ရှားပါးချိန်မှာလူရှေ့သူရှေ့စကားထွက်ပြောမယ်ဆိုရင် ဒီနှစ်ချက်ကိုမဖြစ်မနေသတိပြုပေးပါလို့ Stanford University ရဲ့ Lecturer ဖြစ်တဲ့ Matt Abrahams ကအကြံပြုထားပါတယ်။

စကားမပြောပါနဲ့
ကိုယ်စကားပြောချိန်မှာ လူ‌တွေနားထောင်‌စေဖို့ စကားမပြောခြင်းနဲ့စတင်ရမှာဖြစ်ပါတယ်။လူတွေရဲ့အာရုံစိုက်မှုကိုအပြည့်အဝရရှိဖို့ တိတ်ဆိတ်ခြင်းနဲ့စတင်ဖို့လိုပါတယ်။ဘာစကားမှမပြောသေးဘဲ ကိုယ့်ကိုလူတွေအားလုံးမြင်နိုင်တဲ့နေရာမှာရပ်ပါ၊ခဏလောက်သူတို့ကိုစောင့်ကြည့်နေပြီး တိတ်ဆိတ်သွားပြီဆိုမှစကားစပြောတာအကောင်းဆုံးပါပဲ။စကားမပြောခင် အသက်မှန်မှန်ရှူဖို့၊ စိတ်ကိုရှင်းထားဖို့ အရေးကြီးပါတယ်။

အကြောင်းအရာထက် ပြောဆိုပုံကိုဂရုစိုက်ပါ၊ ထပ်ခါထပ်ခါပြောပါ
သူတို့ကိုရင်ထဲထိစေမယ့်စကားတစ်ခုခုပြောတာ၊ သူတို့စဉ်းစားရစေမယ့်အတွေးတစ်ခုခုပေးတာကကိုယ့်ဆီကိုအာရုံစိုက်နေစေမယ့် နောက်တစ်နည်းဖြစ်ပါတယ်။ကိုယ်ဘာအကြောင်းအရာပြောတယ်ဆိုတာထက် ဘယ်လိုပုံစံနဲ့ပြောဆိုတယ်ဆိုတာကပိုပြီးအရေးကြီးတယ်လို့ Abrahams ကပြောပါတယ်။လူတွေကိုမလုပ်နဲ့၊ မဆူနဲ့၊ ငြိမ်ပေးကြပါ ဆိုတာမျိုးမပြောဘဲ မေးခွန်းစမေးတာ၊ဂီတနဲ့ပွဲကိုစတင်လိုက်တာမျိုးက ပိုပြီးအဆင်ပြေပါတယ်။စကားပြောဆိုချိန်မှာ အဓိကကျတဲ့အရာတွေကိုအရင်ပြောပြီးမှ အသေးစိတ်ရှင်းလင်းပြောပြတဲ့ပုံစံကိုသုံးသင့်ပါတယ်။ လိုအပ်ရင် ထပ်ထပ်ပြောဖို့ဝန်မလေးပါနဲ့။ဒီအချက်နှစ်ချက်ကတော့ လူအများရှေ့မှာ တစ်ကိုယ်တည်းစကားထွက်ပြောရသူတိုင်းသိထားသင့်တဲ့အချက်တွေပါ။

Ju Ju

zawgyi

လူ ၁၀၀ မွာ ၇၀ ေလာက္က နားေထာင္ျခင္းမွာညံ့သူေတြလို႔ ၂၀၂၀ ခုနစ္၊ University of Southern California Report မွာေဖာ္ျပထားပါတယ္။တကယ္လို႔ ကိုယ္က လူေတြစိတ္ဝင္စားေအာင္စကားေျပာဆိုႏိုင္တယ္ဆိုရင္ဒါကကိုယ္တကယ္အရည္အခ်င္းရွိလို႔ပါပဲ။နားေထာင္ႏိုင္စြမ္းရွိသူေတြ ရွားပါးခ်ိန္မွာလူေရွ႕သူေရွ႕စကားထြက္ေျပာမယ္ဆိုရင္ ဒီႏွစ္ခ်က္ကိုမျဖစ္မေနသတိျပဳေပးပါလို႔ Stanford University ရဲ႕ Lecturer ျဖစ္တဲ့ Matt Abrahams ကအႀကံျပဳထားပါတယ္။

စကားမေျပာပါနဲ႔
ကိုယ္စကားေျပာခ်ိန္မွာ လူ‌ေတြနားေထာင္‌ေစဖို႔ စကားမေျပာျခင္းနဲ႔စတင္ရမွာျဖစ္ပါတယ္။လူေတြရဲ႕အာ႐ုံစိုက္မႈကိုအျပည့္အဝရရွိဖို႔ တိတ္ဆိတ္ျခင္းနဲ႔စတင္ဖို႔လိုပါတယ္။ဘာစကားမွမေျပာေသးဘဲ ကိုယ့္ကိုလူေတြအားလုံးျမင္ႏိုင္တဲ့ေနရာမွာရပ္ပါ၊ခဏေလာက္သူတို႔ကိုေစာင့္ၾကည့္ေနၿပီး တိတ္ဆိတ္သြားၿပီဆိုမွစကားစေျပာတာအေကာင္းဆုံးပါပဲ။စကားမေျပာခင္ အသက္မွန္မွန္ရႉဖို႔၊ စိတ္ကိုရွင္းထားဖို႔ အေရးႀကီးပါတယ္။

အေၾကာင္းအရာထက္ ေျပာဆိုပုံကိုဂ႐ုစိုက္ပါ၊ ထပ္ခါထပ္ခါေျပာပါ
သူတို႔ကိုရင္ထဲထိေစမယ့္စကားတစ္ခုခုေျပာတာ၊ သူတို႔စဥ္းစားရေစမယ့္အေတြးတစ္ခုခုေပးတာကကိုယ့္ဆီကိုအာ႐ုံစိုက္ေနေစမယ့္ ေနာက္တစ္နည္းျဖစ္ပါတယ္။ကိုယ္ဘာအေၾကာင္းအရာေျပာတယ္ဆိုတာထက္ ဘယ္လိုပုံစံနဲ႔ေျပာဆိုတယ္ဆိုတာကပိုၿပီးအေရးႀကီးတယ္လို႔ Abrahams ကေျပာပါတယ္။လူေတြကိုမလုပ္နဲ႔၊ မဆူနဲ႔၊ ၿငိမ္ေပးၾကပါ ဆိုတာမ်ိဳးမေျပာဘဲ ေမးခြန္းစေမးတာ၊ဂီတနဲ႔ပြဲကိုစတင္လိုက္တာမ်ိဳးက ပိုၿပီးအဆင္ေျပပါတယ္။စကားေျပာဆိုခ်ိန္မွာ အဓိကက်တဲ့အရာေတြကိုအရင္ေျပာၿပီးမွ အေသးစိတ္ရွင္းလင္းေျပာျပတဲ့ပုံစံကိုသုံးသင့္ပါတယ္။ လိုအပ္ရင္ ထပ္ထပ္ေျပာဖို႔ဝန္မေလးပါနဲ႔။ဒီအခ်က္ႏွစ္ခ်က္ကေတာ့ လူအမ်ားေရွ႕မွာ တစ္ကိုယ္တည္းစကားထြက္ေျပာရသူတိုင္းသိထားသင့္တဲ့အခ်က္ေတြပါ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*