မင်းရဲ့ဝါသနာကဘာလဲဆိုတဲ့မေးခွန်းအတွက် အကောင်းဆုံးအဖြေ 3 မျိုး

အလုပ်အင်တာဗျူးမှာ “မင်းဘာကိုဝါသနာပါတာလဲ” ဆိုတဲ့မေးခွန်းကဖြေရခက်တဲ့မေးခွန်းလို့မပြောနိုင်ပေမယ့် တစ်ခါတလေမှာဘယ်လိုလှပအောင်ဖြေရမလဲဆိုတာကိုစဥ်းစားရခက်စေတဲ့မေးခွန်းမျိုးဖြစ်ပါတယ်။မေးခွန်းကရိုးရှင်းတယ်ဆိုပေမယ့်ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာစိတ်ဝင်စားမှုတွေကိုတခြားတစိမ်းကိုအကုန်ပြောပြဖို့ဆိုတာခက်နေတတ်ပါတယ်။ဒီမေးခွန်းကိုဖြေမယ့်အချိန်မှာ ငါ့ရဲ့ဝါသနာကအခုလျှောက်မယ့်အလုပ်နဲ့ဘယ်လိုဆက်နွယ်နေသလဲဆိုတာကိုအရင်ဆုံးကိုယ့်ကိုယ်ကိုယ်ပြန်မေးမိကြမှာပါ။ ကိုယ်ကစာရင်းကိုင်အလုပ်ကိုလျှောက်တဲ့သူဆိုရင်ချည်ထိုးရတာဝါသနာပါတဲ့အကြောင်းပြောလိုက်လို့ရပါ့မလား။ ငါကဘာကိုမှထူးထူးထွေထွေစိတ်ဝင်စားတာမရှိဘူးလို့ဖြေရင်ရော အင်တာဗျူးသူကကြိုက်နိုင်ပါ့မလားစတဲ့အတွေးလေးတွေလည်းရှိတတ်ကြပါတယ်။

အင်တာဗျူးသူဟာ ကိုယ့်ကိုဒီမေးခွန်းမေးတယ်ဆိုရင်ကိုယ့်ကိုဘယ်အရာတွေကစိတ်လှုပ်ရှားစေသလဲဆိုတာနဲ့လုပ်ငန်းခွင်ပြင်ပကကိုယ့်ရဲ့ဘဝကိုတစေ့တစောင်းသိချင်နေကြတာမို့ ဖြစ်နိုင်ပါတယ်။ကိုယ့်ဝါသနာဟာ အလုပ်နဲ့နွယ်၊ မနွယ် ဒါမှမဟုတ် အချိန်တွေကိုအလုပ်မှာများများမြှုပ်နှံမယ့်သူမျိုးဟုတ်မဟုတ်ဆိုတာသိနိုင်ဖို့ ဒီမေးခွန်းကိုမေးကြတာဖြစ်ပါတယ်။သူတို့ဟာဒီအချက်တွေကိုသိရပြီဆိုရင် အလုပ်အတွက်တကယ်အသုံးတည့်မယ့်သူကိုမှန်မှန်ကန်ကန်ရွေးနိုင်သွားမှာ ဖြစ်ပါတယ်။ဒီမေးခွန်းကိုဖြေတဲ့အခါ ရိုးရိုးသားသားနဲ့အစစ်အမှန်ဖြေတာကပိုကောင်းပါတယ်။အင်တာဗျူးတဲ့သူကြားချင်တဲ့စကားမျိုးကိုရွေးပြောတာက လုပ်ကြံပြောတယ်ဆိုတာသိသာစေသလိုအလုပ်ရရှိရေးကိုလည်းထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့်ဒီမေးခွန်းအတွက် ဖြေပုံဖြေနည်း 3 မျိုးကိုလေ့လာကြည့်ရအောင်။

ကိုယ့်ဝါသနာက အလုပ်နဲ့တိုက်ရိုက်ဆက်နွယ်နေတယ်ဆိုရင်
ဒီလိုအခြေအနေမျိုးဆိုရင်တော့ ကိုယ့်အတွက်အရမ်းကိုကောင်းမွန်တဲ့အခြေအနေပါ။ ကိုယ်က Software Engineer အလုပ်ကိုလျှောက်တယ်၊ အလုပ်အားရင်လည်း Coding နဲ့ပဲအချိန်ကုန်တယ်ဆိုရင်ဒါကိုအဆင်ပြေအောင်ရောယှက်ပြီးဖြေလို့ရပါတယ်။ ဒါမှမဟုတ် Content Strategist ရာထူးကိုလျှောက်တယ်ဆိုရင် ကိုယ်ဟာ Coding ကိုဝါသနာပါကြောင်း ကိုယ်တိုင်ပေ့ချ်ထောင်ပြီး Content တွေတင်ကြောင်း၊ SEOနဲ့ မားကက်တင်းကိုလည်းနားလည်ကြောင်းစတာတွေပြောလို့ရပါတယ်။

ကိုယ့်ဝါသနာက အလုပ်နဲ့တိုက်ရိုက်မဆက်နွယ်ခဲ့ရင်
ကိုယ်က Accountant ရာထူးလျှောက်ပေမယ့် ချည်ထိုးတာကိုဝါသနာပါနေခဲ့ရင်ဒါကိုလှပအောင်ဖြေလို့ရပါတယ်။ ချည်ထိုးတဲ့အချိန် စိတ်ရှည်မှု၊ အမှားမပါအောင်သတိထားတတ်မှု၊အာရုံစူးစိုက်နိုင်မှုတွေဟာ စာရင်းကိုင်ရာထူးမှာပါ အသုံးတည့်ကြောင်းအသုံးဝင်ကြောင်းပြောလို့ရပါတယ်။“ကျွန်တော်က ဘောလုံးကန်ရတာဝါသနာပါတယ်။ အားကစားလုပ်တာက စိတ်ဓာတ်ကြံ့ခိုင်တယ်၊သွက်လက်တက်ကြွတယ်၊ Depression မဖြစ်ဘူး အဲဒီအချက်တွေကလည်းကျွန်တော်လျှောက်တဲ့မားကက်တင်းအလုပ်မှာ တော်တော်ကြီးကိုအသုံးဝင်တယ်လို့ကျွန်တော်ထင်တယ်”စသဖြင့်ဖြေနိုင်ပါတယ်။

ကိုယ့်ဝါသနာကဘာမှန်းမသိဘဲ ရှာဖွေနေဆဲဆိုရင်
ကိုယ်ကဘယ်အရာကို စွဲစွဲမြဲမြဲဝါသနာပါသလဲမသိဘူးဆိုရင်၊ ဒါမှမဟုတ် ဟိုဟာနည်းနည်းဒီဟာနည်းနည်းစိတ်ဝင်စားတာမျိုးဆိုရင် ဒါတွေကိုမပြော‌တော့ဘဲရှောင်လွှဲဖြေဆိုနိုင်ပါတယ်။အဲဒီအစား ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ် ဒါမှမဟုတ်ပြီးခဲ့တဲ့တစ်လလောက်ကလုပ်ဖြစ်တာတွေကိုဖြေလို့ရပါတယ်။“ကျွန်မစိတ်ဝင်စားတာတွေကအများကြီးပါ။ ဒါပေမဲ့နောက်ပိုင်းမှာတော့ Volunteer ပဲပိုလုပ်ဖြစ်နေတယ်။ ကျွန်မက တိရစ္ဆာန်လေးတွေကိုချစ်တယ်၊ ဒါ့ကြောင့်သူတို့နဲ့ပတ်သက်တဲ့နေရာတွေမှာလုပ်အားပေးရတာပျော်တယ်” စသဖြင့်ပြောနိုင်ပါတယ်။နောက်ဥပမာအနေနဲ့ “ကျွန်တော်ကတော့ ဝါသနာပါတာတွေများတယ်။အခုတော့ကျန်းမာရေးကိုပဲဦးစားပေးနေတော့ Fitness ဘက်ကိုပဲပိုလုပ်ဖြစ်တယ်။ ကျန်းမာမှတက်တက်ကြွကြွအလုပ်လုပ်နိုင်ပြီး ကိုယ်ဝါသနာပါတာတွေကိုလည်းလုပ်နိုင်မှာလေ”စသဖြင့်ကြည့်ကောင်းအောင်ဖြေလို့ရပါတယ်။ဒီအချက်လေးတွေကို နမူနာယူပြီးဖြေဆိုမယ်ဆိုရင် ကိုယ့်ရဲ့ဝါသနာအကြောင်းမေးတဲ့မေးခွန်းတွေမှာအေးအေးဆေးဆေးဖြေနိုင်သွားမှာဖြစ်ပါတယ်။ အဓိကက မလိမ်မညာဘဲအရှိအတိုင်းပါးပါးနပ်နပ်ဖြေတတ်ဖို့ပါပဲ။

Ju Ju

zawgyi

အလုပ္အင္တာဗ်ဴးမွာ “မင္းဘာကိုဝါသနာပါတာလဲ” ဆိုတဲ့ေမးခြန္းကေျဖရခက္တဲ့ေမးခြန္းလို႔မေျပာႏိုင္ေပမယ့္ တစ္ခါတေလမွာဘယ္လိုလွပေအာင္ေျဖရမလဲဆိုတာကိုစဥ္းစားရခက္ေစတဲ့ေမးခြန္းမ်ိဳးျဖစ္ပါတယ္။ေမးခြန္းက႐ိုးရွင္းတယ္ဆိုေပမယ့္ကိုယ့္ရဲ႕ ကိုယ္ေရးကိုယ္တာစိတ္ဝင္စားမႈေတြကိုတျခားတစိမ္းကိုအကုန္ေျပာျပဖို႔ဆိုတာခက္ေနတတ္ပါတယ္။ဒီေမးခြန္းကိုေျဖမယ့္အခ်ိန္မွာ ငါ့ရဲ႕ဝါသနာကအခုေလွ်ာက္မယ့္အလုပ္နဲ႔ဘယ္လိုဆက္ႏြယ္ေနသလဲဆိုတာကိုအရင္ဆုံးကိုယ့္ကိုယ္ကိုယ္ျပန္ေမးမိၾကမွာပါ။ ကိုယ္ကစာရင္းကိုင္အလုပ္ကိုေလွ်ာက္တဲ့သူဆိုရင္ခ်ည္ထိုးရတာဝါသနာပါတဲ့အေၾကာင္းေျပာလိုက္လို႔ရပါ့မလား။ ငါကဘာကိုမွထူးထူးေထြေထြစိတ္ဝင္စားတာမရွိဘူးလို႔ေျဖရင္ေရာ အင္တာဗ်ဴးသူကႀကိဳက္ႏိုင္ပါ့မလားစတဲ့အေတြးေလးေတြလည္းရွိတတ္ၾကပါတယ္။

အင္တာဗ်ဴးသူဟာ ကိုယ့္ကိုဒီေမးခြန္းေမးတယ္ဆိုရင္ကိုယ့္ကိုဘယ္အရာေတြကစိတ္လႈပ္ရွားေစသလဲဆိုတာနဲ႔လုပ္ငန္းခြင္ျပင္ပကကိုယ့္ရဲ႕ဘဝကိုတေစ့တေစာင္းသိခ်င္ေနၾကတာမို႔ ျဖစ္ႏိုင္ပါတယ္။ကိုယ့္ဝါသနာဟာ အလုပ္နဲ႔ႏြယ္၊ မႏြယ္ ဒါမွမဟုတ္ အခ်ိန္ေတြကိုအလုပ္မွာမ်ားမ်ားျမႇဳပ္ႏွံမယ့္သူမ်ိဳးဟုတ္မဟုတ္ဆိုတာသိႏိုင္ဖို႔ ဒီေမးခြန္းကိုေမးၾကတာျဖစ္ပါတယ္။သူတို႔ဟာဒီအခ်က္ေတြကိုသိရၿပီဆိုရင္ အလုပ္အတြက္တကယ္အသုံးတည့္မယ့္သူကိုမွန္မွန္ကန္ကန္ေ႐ြးႏိုင္သြားမွာ ျဖစ္ပါတယ္။ဒီေမးခြန္းကိုေျဖတဲ့အခါ ႐ိုး႐ိုးသားသားနဲ႔အစစ္အမွန္ေျဖတာကပိုေကာင္းပါတယ္။အင္တာဗ်ဴးတဲ့သူၾကားခ်င္တဲ့စကားမ်ိဳးကိုေ႐ြးေျပာတာက လုပ္ႀကံေျပာတယ္ဆိုတာသိသာေစသလိုအလုပ္ရရွိေရးကိုလည္းထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ဒီေမးခြန္းအတြက္ ေျဖပုံေျဖနည္း 3 မ်ိဳးကိုေလ့လာၾကည့္ရေအာင္။

ကိုယ့္ဝါသနာက အလုပ္နဲ႔တိုက္႐ိုက္ဆက္ႏြယ္ေနတယ္ဆိုရင္
ဒီလိုအေျခအေနမ်ိဳးဆိုရင္ေတာ့ ကိုယ့္အတြက္အရမ္းကိုေကာင္းမြန္တဲ့အေျခအေနပါ။ ကိုယ္က Software Engineer အလုပ္ကိုေလွ်ာက္တယ္၊ အလုပ္အားရင္လည္း Coding နဲ႔ပဲအခ်ိန္ကုန္တယ္ဆိုရင္ဒါကိုအဆင္ေျပေအာင္ေရာယွက္ၿပီးေျဖလို႔ရပါတယ္။ ဒါမွမဟုတ္ Content Strategist ရာထူးကိုေလွ်ာက္တယ္ဆိုရင္ ကိုယ္ဟာ Coding ကိုဝါသနာပါေၾကာင္း ကိုယ္တိုင္ေပ့ခ်္ေထာင္ၿပီး Content ေတြတင္ေၾကာင္း၊ SEOနဲ႔ မားကက္တင္းကိုလည္းနားလည္ေၾကာင္းစတာေတြေျပာလို႔ရပါတယ္။

ကိုယ့္ဝါသနာက အလုပ္နဲ႔တိုက္႐ိုက္မဆက္ႏြယ္ခဲ့ရင္
ကိုယ္က Accountant ရာထူးေလွ်ာက္ေပမယ့္ ခ်ည္ထိုးတာကိုဝါသနာပါေနခဲ့ရင္ဒါကိုလွပေအာင္ေျဖလို႔ရပါတယ္။ ခ်ည္ထိုးတဲ့အခ်ိန္ စိတ္ရွည္မႈ၊ အမွားမပါေအာင္သတိထားတတ္မႈ၊အာ႐ုံစူးစိုက္ႏိုင္မႈေတြဟာ စာရင္းကိုင္ရာထူးမွာပါ အသုံးတည့္ေၾကာင္းအသုံးဝင္ေၾကာင္းေျပာလို႔ရပါတယ္။“ကြၽန္ေတာ္က ေဘာလုံးကန္ရတာဝါသနာပါတယ္။ အားကစားလုပ္တာက စိတ္ဓာတ္ႀကံ့ခိုင္တယ္၊သြက္လက္တက္ႂကြတယ္၊ Depression မျဖစ္ဘူး အဲဒီအခ်က္ေတြကလည္းကြၽန္ေတာ္ေလွ်ာက္တဲ့မားကက္တင္းအလုပ္မွာ ေတာ္ေတာ္ႀကီးကိုအသုံးဝင္တယ္လို႔ကြၽန္ေတာ္ထင္တယ္”စသျဖင့္ေျဖႏိုင္ပါတယ္။

ကိုယ့္ဝါသနာကဘာမွန္းမသိဘဲ ရွာေဖြေနဆဲဆိုရင္
ကိုယ္ကဘယ္အရာကို စြဲစြဲၿမဲၿမဲဝါသနာပါသလဲမသိဘူးဆိုရင္၊ ဒါမွမဟုတ္ ဟိုဟာနည္းနည္းဒီဟာနည္းနည္းစိတ္ဝင္စားတာမ်ိဳးဆိုရင္ ဒါေတြကိုမေျပာ‌ေတာ့ဘဲေရွာင္လႊဲေျဖဆိုႏိုင္ပါတယ္။အဲဒီအစား ၿပီးခဲ့တဲ့တစ္ပတ္ႏွစ္ပတ္ ဒါမွမဟုတ္ၿပီးခဲ့တဲ့တစ္လေလာက္ကလုပ္ျဖစ္တာေတြကိုေျဖလို႔ရပါတယ္။“ကြၽန္မစိတ္ဝင္စားတာေတြကအမ်ားႀကီးပါ။ ဒါေပမဲ့ေနာက္ပိုင္းမွာေတာ့ Volunteer ပဲပိုလုပ္ျဖစ္ေနတယ္။ ကြၽန္မက တိရစာၦန္ေလးေတြကိုခ်စ္တယ္၊ ဒါ့ေၾကာင့္သူတို႔နဲ႔ပတ္သက္တဲ့ေနရာေတြမွာလုပ္အားေပးရတာေပ်ာ္တယ္” စသျဖင့္ေျပာႏိုင္ပါတယ္။ေနာက္ဥပမာအေနနဲ႔ “ကြၽန္ေတာ္ကေတာ့ ဝါသနာပါတာေတြမ်ားတယ္။အခုေတာ့က်န္းမာေရးကိုပဲဦးစားေပးေနေတာ့ Fitness ဘက္ကိုပဲပိုလုပ္ျဖစ္တယ္။ က်န္းမာမွတက္တက္ႂကြႂကြအလုပ္လုပ္ႏိုင္ၿပီး ကိုယ္ဝါသနာပါတာေတြကိုလည္းလုပ္ႏိုင္မွာေလ”စသျဖင့္ၾကည့္ေကာင္းေအာင္ေျဖလို႔ရပါတယ္။ဒီအခ်က္ေလးေတြကို နမူနာယူၿပီးေျဖဆိုမယ္ဆိုရင္ ကိုယ့္ရဲ႕ဝါသနာအေၾကာင္းေမးတဲ့ေမးခြန္းေတြမွာေအးေအးေဆးေဆးေျဖႏိုင္သြားမွာျဖစ္ပါတယ္။ အဓိကက မလိမ္မညာဘဲအရွိအတိုင္းပါးပါးနပ္နပ္ေျဖတတ္ဖို႔ပါပဲ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*