တီဗီဖန်သားပြင်ပေါ်ပြန်လည်ရောက်ရှိလာတော့မယ် မြေခွေးမလေး Shin Min Ah

မြန်မာပရိသတ်တွေကြား အမြီးကိုးချောင်းနဲ့မြေခွေးမလေးအဖြစ်စတင်ရေပန်းစားခဲ့တဲ့ သရုပ်ဆောင် Shin Min Ah ဟာ တီဗီဖန်သားပြင်ထက်ကိုပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ သူမဟာ ၂၀၂၁ ခုနစ်ကထွက်ရှိခဲ့တဲ့ Home Town Cha Cha Cha ဇာတ်လမ်းတွဲအပြီး နောက်ထပ်ဒရာမာအသစ်တွေထပ်မံရိုက်ကူးတာမျိုး မရှိသေးပါဘူး။လက်ရှိမှာတော့ Bad Relationship လို့ယာယီနာမည်ပေးထားတဲ့ Thriller အမျိုးအစားဇာတ်လမ်းတွဲတစ်ခုမှာပါဝင်ရိုက်ကူးဖို့ ပြောဆိုဆွေးနွေးမှုတွေလုပ်ဆောင်နေပြီလို့ သိရပါတယ်။

Bad Relationship ဟာရာဇဝတ်မှုတွေနဲ့ဆိုင်တဲ့စိတ်လှုပ်ရှားထိတ်လန့်ဖွယ်ဇာတ်လမ်းမျိုးဖြစ်ပြီး Kakao Webtoon ကိုမှီငြမ်းရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။တကယ်လို့ဒီဇာတ်လမ်းတွဲမှာပါဝင်ဖို့အတည်ပြုလိုက်ပြီဆိုရင် Shin Min Ah ဟာငယ်ဘဝစိတ်ဒဏ်ရာတွေရှိနေတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။နေ့စဉ်အိပ်မက်ဆိုးတွေနဲ့နိုးထလာရပြီးကြီးမားတဲ့အကြောက်တရားတစ်ခုကြီးစိုးခံနေရသူအဖြစ်ပုံဖော်ရမှာလည်းဖြစ်ပါတယ်။အချစ်ဟာသဇာတ်လမ်းအမျိုးအစားတွေရဲ့ဘုရင်မလို့နာမည်ရခဲ့တဲ့သူမကို ဒီဇာတ်လမ်းတွဲမှာတော့မတူညီတဲ့ရှုထောင့်ကနေတွေ့မြင်ခံစားရမှာမို့အတည်ပြုရိုက်ကူးဖြစ်ပါစေလို့အားလုံးကမျှော်လင့်နေကြပါတယ်။

Ju Ju

zawgyi

တီဗီဖန္သားျပင္ေပၚျပန္လည္ေရာက္ရွိလာေတာ့မယ္ ေျမေခြးမေလး Shin Min Ah

ျမန္မာပရိသတ္ေတြၾကား အၿမီးကိုးေခ်ာင္းနဲ႔ေျမေခြးမေလးအျဖစ္စတင္ေရပန္းစားခဲ့တဲ့ သ႐ုပ္ေဆာင္ Shin Min Ah ဟာ တီဗီဖန္သားျပင္ထက္ကိုျပန္လည္ေရာက္ရွိလာေတာ့မွာျဖစ္ပါတယ္။ သူမဟာ ၂၀၂၁ ခုနစ္ကထြက္ရွိခဲ့တဲ့ Home Town Cha Cha Cha ဇာတ္လမ္းတြဲအၿပီး ေနာက္ထပ္ဒရာမာအသစ္ေတြထပ္မံ႐ိုက္ကူးတာမ်ိဳး မရွိေသးပါဘူး။လက္ရွိမွာေတာ့ Bad Relationship လို႔ယာယီနာမည္ေပးထားတဲ့ Thriller အမ်ိဳးအစားဇာတ္လမ္းတြဲတစ္ခုမွာပါဝင္႐ိုက္ကူးဖို႔ ေျပာဆိုေဆြးေႏြးမႈေတြလုပ္ေဆာင္ေနၿပီလို႔ သိရပါတယ္။

Bad Relationship ဟာရာဇဝတ္မႈေတြနဲ႔ဆိုင္တဲ့စိတ္လႈပ္ရွားထိတ္လန႔္ဖြယ္ဇာတ္လမ္းမ်ိဳးျဖစ္ၿပီး Kakao Webtoon ကိုမွီျငမ္း႐ိုက္ကူးမွာျဖစ္တယ္လို႔သိရပါတယ္။တကယ္လို႔ဒီဇာတ္လမ္းတြဲမွာပါဝင္ဖို႔အတည္ျပဳလိုက္ၿပီဆိုရင္ Shin Min Ah ဟာငယ္ဘဝစိတ္ဒဏ္ရာေတြရွိေနတဲ့ ခြဲစိတ္ဆရာဝန္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ရမွာျဖစ္ပါတယ္။ေန႔စဥ္အိပ္မက္ဆိုးေတြနဲ႔ႏိုးထလာရၿပီးႀကီးမားတဲ့အေၾကာက္တရားတစ္ခုႀကီးစိုးခံေနရသူအျဖစ္ပုံေဖာ္ရမွာလည္းျဖစ္ပါတယ္။အခ်စ္ဟာသဇာတ္လမ္းအမ်ိဳးအစားေတြရဲ႕ဘုရင္မလို႔နာမည္ရခဲ့တဲ့သူမကို ဒီဇာတ္လမ္းတြဲမွာေတာ့မတူညီတဲ့ရႈေထာင့္ကေနေတြ႕ျမင္ခံစားရမွာမို႔အတည္ျပဳ႐ိုက္ကူးျဖစ္ပါေစလို႔အားလုံးကေမွ်ာ္လင့္ေနၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*