Doja Cat ရဲ့တေးအယ်လ်ဘမ်အသစ် Scarlet ထွက်ရှိတော့မယ်

နောက်ထပ် Doja Cat သီချင်းတွေ နေရာယူဦးမယ့်လတစ်လကို မကြာခင်ရောက်ရှိလာပါတော့မယ်။ဘာကြောင့်လဲဆိုတော့ Doja Cat ရဲ့ လေးခုမြောက်တေးအယ်လ်ဘမ်ဖြစ်တဲ့ Scarlet ကိုစက်တင်ဘာလအတွင်းဖြန့်ချိမယ်လို့ တရားဝင်ထုတ်ပြန်လိုက်တာကြောင့်ဖြစ်ပါတယ်။Doja Cat က သူမရဲ့ Instagram Account မှာ Scarlet တေးအယ်လ်ဘမ်ရဲ့ကာဗာ ဖြစ်တဲ့ကြက်သွေးရောင်ပင့်ကူပုံနဲ့အတူ Scarlet 9.22 လို့ရေးသားပြီး Post တင်ထားခဲ့တာကိုတွေ့ရပါတယ်။ဒီတေးအယ်လ်ဘမ်ထဲက သီချင်းနှစ်ပုဒ်ဖြစ်တဲ့ Attention နဲ့ Paint the town red တို့ဟာ Music Video အနေနဲ့အရင်ဆုံးထွက်ရှိလာခဲ့ပြီး Billboard Hot 100 မှာ နံပါတ် ၃၁ နဲ့ နံပါတ် ၁၅ ထိချိတ်နိုင်ခဲ့ပါတယ်။အယ်လ်ဘမ်ထဲကနောက်ထပ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Demons ကိုလည်း ဒီသောကြာမှာ ထွက်ရှိနိုင်ဖို့လျာထားပါတယ်။Scarlet ဟာ ၂၀၂၁ ခုနစ်ကထွက်ရှိခဲ့တဲ့ တေးအယ်လ်ဘမ် Planet Her လိုမျိုးပဲဝက်ဝက်ကွဲလူကြိုက်များဦးမလားဆိုတာကိုတော့ မကြာခင်သိရတော့မှာပါ။ Scarlet ကို စက်တင်ဘာ ၂၂ ရက်နေ့မှာ စတင်ဖြန့်ချိတော့မှာဖြစ်ပါတယ်။

Ju Ju

zawgyi

ေနာက္ထပ္ Doja Cat သီခ်င္းေတြ ေနရာယူဦးမယ့္လတစ္လကို မၾကာခင္ေရာက္ရွိလာပါေတာ့မယ္။ဘာေၾကာင့္လဲဆိုေတာ့ Doja Cat ရဲ႕ ေလးခုေျမာက္ေတးအယ္လ္ဘမ္ျဖစ္တဲ့ Scarlet ကိုစက္တင္ဘာလအတြင္းျဖန႔္ခ်ိမယ္လို႔ တရားဝင္ထုတ္ျပန္လိုက္တာေၾကာင့္ျဖစ္ပါတယ္။Doja Cat က သူမရဲ႕ Instagram Account မွာ Scarlet ေတးအယ္လ္ဘမ္ရဲ႕ကာဗာ ျဖစ္တဲ့ၾကက္ေသြးေရာင္ပင့္ကူပုံနဲ႔အတူ Scarlet 9.22 လို႔ေရးသားၿပီး Post တင္ထားခဲ့တာကိုေတြ႕ရပါတယ္။ဒီေတးအယ္လ္ဘမ္ထဲက သီခ်င္းႏွစ္ပုဒ္ျဖစ္တဲ့ Attention နဲ႔ Paint the town red တို႔ဟာ Music Video အေနနဲ႔အရင္ဆုံးထြက္ရွိလာခဲ့ၿပီး Billboard Hot 100 မွာ နံပါတ္ ၃၁ နဲ႔ နံပါတ္ ၁၅ ထိခ်ိတ္ႏိုင္ခဲ့ပါတယ္။အယ္လ္ဘမ္ထဲကေနာက္ထပ္သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Demons ကိုလည္း ဒီေသာၾကာမွာ ထြက္ရွိႏိုင္ဖို႔လ်ာထားပါတယ္။Scarlet ဟာ ၂၀၂၁ ခုနစ္ကထြက္ရွိခဲ့တဲ့ ေတးအယ္လ္ဘမ္ Planet Her လိုမ်ိဳးပဲဝက္ဝက္ကြဲလူႀကိဳက္မ်ားဦးမလားဆိုတာကိုေတာ့ မၾကာခင္သိရေတာ့မွာပါ။ Scarlet ကို စက္တင္ဘာ ၂၂ ရက္ေန႔မွာ စတင္ျဖန႔္ခ်ိေတာ့မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*