အွန်စောနဲ့အတူဇာတ်လမ်းတွဲရိုက်မယ့် Gong Yoo

Coffee Prince ၊ Train to Busan ၊ Goblin မင်းသားကြီး Gong Yoo ကအွန်စောနဲ့အတူဇာတ်လမ်းတွဲတစ်ခုကို တွဲဖက်ရိုက်ကူးမယ်လို့သိရပါတယ်။ ဒီသတင်းကို Gong Yoo ရဲ့အေဂျင်စီဖြစ်တဲ့ SOOP က အတည်ပြုထားပါတယ်။ အွန်စောလို့သိကြတဲ့ ဆောင်းဟေဂျိုက တော့ဒီဇာတ်လမ်းတွဲအတွက် စကားပြောဆိုဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ဇာတ်လမ်းတွဲအကြောင်းအရာကတော့ လွန်ခဲ့တဲ့နှစ်များစွာက ရုပ်သံလွှင့်လုပ်ငန်းမှာလုပ်ကိုင်နေသူများရဲ့တကယ့်လက်တွေ့ဘဝကိုဖော်ကျူးမယ့် သမိုင်းဝင်ဒရာမာတစ်ခုဖြစ်ပါတယ်။အနုပ ညာရှင်ဖြစ်ဖို့ထက်သန်လွန်းတဲ့စိတ်နဲ့ သမိုင်းဝင်ဥမင်လှိုဏ်ခေါင်းကြီးကိုကျော်ဖြတ်ပြီးတောင်ကိုရီးယားရဲ့အနုပညာနယ်ပယ်ထဲရောက်ရှိလာသူများအကြောင်းကိုရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။

ဒီဇာတ်လမ်းတွဲကို Coffee Prince ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာလီယွန်ဂျောင်က ရိုက်ကူးမှာဖြစ်ပါတယ်။ဒါရိုက်တာလီယွန်ဂျောင်ဟာ Coffee Prince ၊ Cheese in the Trap ၊ The Lies Within စတဲ့နာမည်ရဇာတ်လမ်းတွဲတွေကိုရိုက်ကူးခဲ့သူဖြစ်ပါတယ်။ဇာတ်ညွှန်းကိုတော့ That Winter, The Wind Blows ၊ It’s ok,That’s love ၊ Our Blues စတဲ့နာမည်ကြီးဇာတ်လမ်းတွဲတွေကိုဖန်တီးသူ Noh Hee Kyung က ရေးသားမှာဖြစ်ပါတယ်။Gong Yoo ပါဝင်ထားတဲ့ Squid Game Season 2 ကတော့ 2024 နှစ်ကုန်ပိုင်းမှာထွက်ရှိလာမှာဖြစ်ပါတယ်။

Ju Ju

zawgyi

Coffee Prince ၊ Train to Busan ၊ Goblin မင္းသားႀကီး Gong Yoo ကအြန္ေစာနဲ႔အတူဇာတ္လမ္းတြဲတစ္ခုကို တြဲဖက္႐ိုက္ကူးမယ္လို႔သိရပါတယ္။ ဒီသတင္းကို Gong Yoo ရဲ႕ေအဂ်င္စီျဖစ္တဲ့ SOOP က အတည္ျပဳထားပါတယ္။ အြန္ေစာလို႔သိၾကတဲ့ ေဆာင္းေဟဂ်ိဳက ေတာ့ဒီဇာတ္လမ္းတြဲအတြက္ စကားေျပာဆိုေဆြးေႏြးေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။ဇာတ္လမ္းတြဲအေၾကာင္းအရာကေတာ့ လြန္ခဲ့တဲ့ႏွစ္မ်ားစြာက ႐ုပ္သံလႊင့္လုပ္ငန္းမွာလုပ္ကိုင္ေနသူမ်ားရဲ႕တကယ့္လက္ေတြ႕ဘဝကိုေဖာ္က်ဴးမယ့္ သမိုင္းဝင္ဒရာမာတစ္ခုျဖစ္ပါတယ္။အႏုပ ညာရွင္ျဖစ္ဖို႔ထက္သန္လြန္းတဲ့စိတ္နဲ႔ သမိုင္းဝင္ဥမင္လႈိဏ္ေခါင္းႀကီးကိုေက်ာ္ျဖတ္ၿပီးေတာင္ကိုရီးယားရဲ႕အႏုပညာနယ္ပယ္ထဲေရာက္ရွိလာသူမ်ားအေၾကာင္းကို႐ိုက္ကူးမွာျဖစ္တယ္လို႔သိရပါတယ္။

ဒီဇာတ္လမ္းတြဲကို Coffee Prince ကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာလီယြန္ေဂ်ာင္က ႐ိုက္ကူးမွာျဖစ္ပါတယ္။ဒါ႐ိုက္တာလီယြန္ေဂ်ာင္ဟာ Coffee Prince ၊ Cheese in the Trap ၊ The Lies Within စတဲ့နာမည္ရဇာတ္လမ္းတြဲေတြကို႐ိုက္ကူးခဲ့သူျဖစ္ပါတယ္။ဇာတ္ၫႊန္းကိုေတာ့ That Winter, The Wind Blows ၊ It’s ok,That’s love ၊ Our Blues စတဲ့နာမည္ႀကီးဇာတ္လမ္းတြဲေတြကိုဖန္တီးသူ Noh Hee Kyung က ေရးသားမွာျဖစ္ပါတယ္။Gong Yoo ပါဝင္ထားတဲ့ Squid Game Season 2 ကေတာ့ 2024 ႏွစ္ကုန္ပိုင္းမွာထြက္ရွိလာမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*