ဇာတ်လမ်းတွဲသစ်ရိုက်ကူးနေပြီဖြစ်တဲ့ ကင်မ်ဆောင်ဟို

Hometown Cha Cha Cha နဲ့ မြန်မာပရိသတ်အားပေးမှုအများကြီးရခဲ့တဲ့ မင်းသားကင်မ်ဆောင်ဟိုဟာ Hometown Cha Cha Cha ဇာတ်လမ်းတွဲကြောင့် ပေါ်ပြူလာဖြစ်နေဆဲအချိန်မှာပဲ ချစ်သူဖြစ်သူကိုကိုယ်ဝန်ဖျက်ချခိုင်းတယ်ဆိုတဲ့သတင်းကြောင့် အနုပညာလှုပ်ရှား မှုတွေနှောင့်နှေးသွားခဲ့ရပါတယ်။လက်ရှိအချိန်မှာတော့ သူဟာအနုပညာအလုပ်တွေပုံမှန်လုပ်ဆောင်နေပြီး Can this love be translated ဆိုတဲ့ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ကင်မ်ဆောင်ဟိုနဲ့အတူမင်းသမီးဂိုယွန်ဂျောင်ပါ ပါဝင်မှာပါ။ Can this love be translated ကို Netflix မှထုတ်လုပ်မှာဖြစ်ပြီး ဇာတ်ညွှန်းမှာနာမည်ကြီးတဲ့ Hong ညီအစ်မ (Hong Sisters) တို့ကဇာတ်ညွှန်းရေးသားမှာဖြစ်ပါတယ်။ Hong Sisters ဟာ The Greatest Love ၊ Hotel Del Luna တို့လိုနာမည်ကြီးဇာတ် လမ်းတွဲတွေကိုရေးသားခဲ့သူတွေပါ။

ဒီဇာတ်လမ်းတွဲဟာ ဘာသာစကားအမျိုးမျိုးအတွက်စကားပြန်လုပ်နေတဲ့ကောင်လေးနဲ့အချစ်ကိုသူမတူတဲ့ပုံစံနဲ့ ဖော်ပြတတ်တဲ့ကောင်မ လေးတို့ရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။သူတို့ရဲ့လမ်းကြောင်းတွေကမတူညီပေမယ့် အပြန်အလှန်နားလည်မှုတွေကနေတဆင့်အချစ် လမ်းခရီးကိုလျှောက်ကြမယ့်သူတွေအဖြစ်ပုံဖော်မှာပါ။ ကင်မ်ဆောင်ဟိုကဘာသာစကားမျိုးစုံကျွမ်းကျင်တဲ့စကားပြန်အဖြစ်သရုပ် ဆောင်ပြီး ဂိုယွန်ဂျောင်ကတော့ထိပ်တန်းမင်းသမီး ချာမို့ဟီးအဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ကင်မ်ဆောင်ဟိုဟာ 2023 ကထွက်ရှိတဲ့ The Childe ရုပ်ရှင်ကားမှာပီပြင်တဲ့သရုပ်ဆောင်ချက်တွေအတွက် ချီးကျူးခံနေရပါတယ်။ Can this love be translatedဇာတ်လမ်းတွဲကို ဇွန်လလောက်မှာစတင်ရိုက်ကူးမယ်လို့ သိရပါတယ်။

Ju Ju

zawgyi

Hometown Cha Cha Cha နဲ႔ ျမန္မာပရိသတ္အားေပးမႈအမ်ားႀကီးရခဲ့တဲ့ မင္းသားကင္မ္ေဆာင္ဟိုဟာ Hometown Cha Cha Cha ဇာတ္လမ္းတြဲေၾကာင့္ ေပၚျပဴလာျဖစ္ေနဆဲအခ်ိန္မွာပဲ ခ်စ္သူျဖစ္သူကိုကိုယ္ဝန္ဖ်က္ခ်ခိုင္းတယ္ဆိုတဲ့သတင္းေၾကာင့္ အႏုပညာလႈပ္ရွား မႈေတြေႏွာင့္ေႏွးသြားခဲ့ရပါတယ္။လက္ရွိအခ်ိန္မွာေတာ့ သူဟာအႏုပညာအလုပ္ေတြပုံမွန္လုပ္ေဆာင္ေနၿပီး Can this love be translated ဆိုတဲ့ဇာတ္လမ္းတြဲကို စတင္႐ိုက္ကူးေတာ့မွာျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲမွာ ကင္မ္ေဆာင္ဟိုနဲ႔အတူမင္းသမီးဂိုယြန္ေဂ်ာင္ပါ ပါဝင္မွာပါ။ Can this love be translated ကို Netflix မွထုတ္လုပ္မွာျဖစ္ၿပီး ဇာတ္ၫႊန္းမွာနာမည္ႀကီးတဲ့ Hong ညီအစ္မ (Hong Sisters) တို႔ကဇာတ္ၫႊန္းေရးသားမွာျဖစ္ပါတယ္။ Hong Sisters ဟာ The Greatest Love ၊ Hotel Del Luna တို႔လိုနာမည္ႀကီးဇာတ္ လမ္းတြဲေတြကိုေရးသားခဲ့သူေတြပါ။

ဒီဇာတ္လမ္းတြဲဟာ ဘာသာစကားအမ်ိဳးမ်ိဳးအတြက္စကားျပန္လုပ္ေနတဲ့ေကာင္ေလးနဲ႔အခ်စ္ကိုသူမတူတဲ့ပုံစံနဲ႔ ေဖာ္ျပတတ္တဲ့ေကာင္မ ေလးတို႔ရဲ႕ အခ်စ္ဇာတ္လမ္းျဖစ္ပါတယ္။သူတို႔ရဲ႕လမ္းေၾကာင္းေတြကမတူညီေပမယ့္ အျပန္အလွန္နားလည္မႈေတြကေနတဆင့္အခ်စ္ လမ္းခရီးကိုေလွ်ာက္ၾကမယ့္သူေတြအျဖစ္ပုံေဖာ္မွာပါ။ ကင္မ္ေဆာင္ဟိုကဘာသာစကားမ်ိဳးစုံကြၽမ္းက်င္တဲ့စကားျပန္အျဖစ္သ႐ုပ္ ေဆာင္ၿပီး ဂိုယြန္ေဂ်ာင္ကေတာ့ထိပ္တန္းမင္းသမီး ခ်ာမို႔ဟီးအျဖစ္သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။ကင္မ္ေဆာင္ဟိုဟာ 2023 ကထြက္ရွိတဲ့ The Childe ႐ုပ္ရွင္ကားမွာပီျပင္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြအတြက္ ခ်ီးက်ဴးခံေနရပါတယ္။ Can this love be translatedဇာတ္လမ္းတြဲကို ဇြန္လေလာက္မွာစတင္႐ိုက္ကူးမယ္လို႔ သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*