တကယ်တတ်ချင်စိတ်သာရှိဖို့လိုပါတယ်

အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကိုသင်ယူကြတဲ့အခါ အောင်လက်မှတ်တွေ၊ Certificate တွေကတကယ်ကျွမ်းကျင်တတ် မြောက်ခြင်းဆိုတဲ့ Skills လောက်အရေးပါရဲ့လား။သင်တန်း‌တွေက ပညာရပ်တစ်ခုကိုသင်ပေးတဲ့အခါ အခြေခံသဘောတရားကိုသာအဓိ ကသင်ပေးကြတာပါ။ဒီသင်တန်းကနေဆင်းတာချင်းအတူတူ ဒီဘွဲ့ကိုရတာချင်းအတူတူ အခြေအနေချင်းအတူတူတစ်ယောက်ကပိုပြီးတော်နေတတ်နေတယ်ဆိုရင် ဒါဟာသူ့ရဲ့စိတ်အားထက်သန်မှု၊ လေ့လာမှုနဲ့ပညာကိုလိုချင်မှုကြောင့်သာဖြစ်ပါတယ်။အခုခေတ်မှာဆိုရင် အင်တာနက်ရှိလာပြီမို့ ပညာရပ်တစ်ခုကိုလေ့လာစရာသင်ယူစရာနေရာတွေမှအများကြီးပါ။

လူငယ်တချို့က Graphic Design တော့စိတ်ဝင်စားတယ်၊ အိမ်ကကွန်ပျူတာလည်းဝယ်မပေးဘူး၊သင်ပေးမယ့်ဆရာလည်းမရှိဘူးဆိုပြီး ညည်းတတ်ကြပါတယ်။ တကယ်တော့ပညာရပ်တစ်ခုကိုစိတ်ဝင်စားရင် ကိုယ့်ဦးနှောက်တစ်စုံရှိရုံနဲ့ လေ့လာလို့ရပါပြီ။ အရင်ဆုံး You Tube ကနေ Graphic Designer တွေသိထားရမယ့် အချက်တွေ၊ ပုံတစ်ပုံဖန်တီးရာမှာ ထားရှိသင့်တဲ့အချိုးတွေ၊အရောင်အတွဲအစပ်၊ စာလုံးထားသိုပုံတွေ ဒါတွေကိုအရင်ကျေညက်အောင်လေ့လာလို့ရပါတယ်။ကွန်ပျူတာလုံးဝမဝယ်နိုင်ဘူးဆိုမှ သင်တန်းတက်ပြီးသင် တန်းကကွန်ပျူတာနဲ့ ကိုယ်ကျွမ်းကျင်ချင်တဲ့ Tools တွေကိုထပ်လေ့ကျင့်ပါ။ ဒီလိုနဲ့ Junior Graphic Designer တစ်ယောက်အဖြစ်
အလုပ်လုပ်နိုင်သွားမှာပါ။

ကိုယ် စိတ်အားထက်သန်ရင်ထက်သန်သလို မြန်မြန်ဆန်ဆန်ကျွမ်းကျင်သူဖြစ်လာမှာပါပဲ။တစ်ခုခုမှာ တကယ်စိတ်အားထက်သန်မှုမရှိရင်တော့ ညည်းညူတဲ့အဆင့်မှာတင်ပြီးသွားမှာဖြစ်ပါတယ်။ Honda Motor Companyရဲ့ တည်ထောင်သူ Soichiro Honda ဆိုရင် စက် ပစ္စည်းတွေကိုအရမ်းစိတ်ဝင်စားတဲ့သူ။ စက်ဆီနံ့ဟာသူ့အတွက်ရေမွှေးလို့ထင်တဲ့သူတစ်ယောက်။စက်တပ်ယာဉ်မျိုးစုံကိုလည်ပတ်အောင် ကောင်းမွန်အောင်ဘယ်လို လုပ်ရမလဲဆိုပြီးတစ်ချိန်လုံးတွေးနေသူဖြစ်ပါတယ်။ သူဟာ ကျောင်းစာမသင်ခဲ့ရပါဘူး။

လုပ်ငန်းလိုအပ်ချက်ကြောင့် တက္ကသိုလ်မှာ Lecture တွေသွားနားထောင်ပေမယ့် ဘွဲ့လက်မှတ်ရတာမရတာကိုသူကဂရုမစိုက်ဘဲ သူယူချင်တဲ့ပညာကိုရအောင်ယူတတ်သူပါ။ Lecture တွေကိုနားထောင်ပြီးလက်တွေ့အလုပ်မှာအသုံးချတယ်။ ပြင်းပြထက်သန်တဲ့စိတ်နဲ့ အ လုပ်ကိုသာအာရုံစိုက်သူကဘွဲ့လက်မှတ်တစ်ခုကိုရတာ၊မရတာ စိတ်မဝင်စားပါဘူး။သူလိုချင်တာက Skills သာဖြစ်ပါတယ်။သင်တန်းတွေတစ်ခုပြီးတစ်ခုတက် လက်မှတ်တွေရထားပေမယ့် ဘယ်အရာမှာမှမကျွမ်းကျင်ဘဲအလုပ်လုပ်လို့မရတဲ့သူတွေကိုလည်း တွေ့ဖူးကြမှာပါ။ဒါ့ကြောင့် ဘယ်လိုအသက်မွေးဝမ်းကျောင်းနယ်ပယ်မှာဖြစ်ဖြစ် အောင်မြင်မှုရချင်ရင်တကယ်တတ်မြောက်ချင်စိတ်သာရှိဖို့လိုပါတယ်။

Ju Ju

zawgyi

အသက္ေမြးဝမ္းေက်ာင္းပညာရပ္တစ္ခုကိုသင္ယူၾကတဲ့အခါ ေအာင္လက္မွတ္ေတြ၊ Certificate ေတြကတကယ္ကြၽမ္းက်င္တတ္ ေျမာက္ျခင္းဆိုတဲ့ Skills ေလာက္အေရးပါရဲ႕လား။သင္တန္း‌ေတြက ပညာရပ္တစ္ခုကိုသင္ေပးတဲ့အခါ အေျခခံသေဘာတရားကိုသာအဓိ ကသင္ေပးၾကတာပါ။ဒီသင္တန္းကေနဆင္းတာခ်င္းအတူတူ ဒီဘြဲ႕ကိုရတာခ်င္းအတူတူ အေျခအေနခ်င္းအတူတူတစ္ေယာက္ကပိုၿပီးေတာ္ေနတတ္ေနတယ္ဆိုရင္ ဒါဟာသူ႔ရဲ႕စိတ္အားထက္သန္မႈ၊ ေလ့လာမႈနဲ႔ပညာကိုလိုခ်င္မႈေၾကာင့္သာျဖစ္ပါတယ္။အခုေခတ္မွာဆိုရင္ အင္တာနက္ရွိလာၿပီမို႔ ပညာရပ္တစ္ခုကိုေလ့လာစရာသင္ယူစရာေနရာေတြမွအမ်ားႀကီးပါ။

လူငယ္တခ်ိဳ႕က Graphic Design ေတာ့စိတ္ဝင္စားတယ္၊ အိမ္ကကြန္ပ်ဴတာလည္းဝယ္မေပးဘူး၊သင္ေပးမယ့္ဆရာလည္းမရွိဘူးဆိုၿပီး ညည္းတတ္ၾကပါတယ္။ တကယ္ေတာ့ပညာရပ္တစ္ခုကိုစိတ္ဝင္စားရင္ ကိုယ့္ဦးေႏွာက္တစ္စုံရွိ႐ုံနဲ႔ ေလ့လာလို႔ရပါၿပီ။ အရင္ဆုံး You Tube ကေန Graphic Designer ေတြသိထားရမယ့္ အခ်က္ေတြ၊ ပုံတစ္ပုံဖန္တီးရာမွာ ထားရွိသင့္တဲ့အခ်ိဳးေတြ၊အေရာင္အတြဲအစပ္၊ စာလုံးထားသိုပုံေတြ ဒါေတြကိုအရင္ေက်ညက္ေအာင္ေလ့လာလို႔ရပါတယ္။ကြန္ပ်ဴတာလုံးဝမဝယ္ႏိုင္ဘူးဆိုမွ သင္တန္းတက္ၿပီးသင္ တန္းကကြန္ပ်ဴတာနဲ႔ ကိုယ္ကြၽမ္းက်င္ခ်င္တဲ့ Tools ေတြကိုထပ္ေလ့က်င့္ပါ။ ဒီလိုနဲ႔ Junior Graphic Designer တစ္ေယာက္အျဖစ္
အလုပ္လုပ္ႏိုင္သြားမွာပါ။

ကိုယ္ စိတ္အားထက္သန္ရင္ထက္သန္သလို ျမန္ျမန္ဆန္ဆန္ကြၽမ္းက်င္သူျဖစ္လာမွာပါပဲ။တစ္ခုခုမွာ တကယ္စိတ္အားထက္သန္မႈမရွိရင္ေတာ့ ညည္းညဴတဲ့အဆင့္မွာတင္ၿပီးသြားမွာျဖစ္ပါတယ္။ Honda Motor Companyရဲ႕ တည္ေထာင္သူ Soichiro Honda ဆိုရင္ စက္ ပစၥည္းေတြကိုအရမ္းစိတ္ဝင္စားတဲ့သူ။ စက္ဆီနံ႔ဟာသူ႔အတြက္ေရေမႊးလို႔ထင္တဲ့သူတစ္ေယာက္။စက္တပ္ယာဥ္မ်ိဳးစုံကိုလည္ပတ္ေအာင္ ေကာင္းမြန္ေအာင္ဘယ္လို လုပ္ရမလဲဆိုၿပီးတစ္ခ်ိန္လုံးေတြးေနသူျဖစ္ပါတယ္။ သူဟာ ေက်ာင္းစာမသင္ခဲ့ရပါဘူး။

လုပ္ငန္းလိုအပ္ခ်က္ေၾကာင့္ တကၠသိုလ္မွာ Lecture ေတြသြားနားေထာင္ေပမယ့္ ဘြဲ႕လက္မွတ္ရတာမရတာကိုသူကဂ႐ုမစိုက္ဘဲ သူယူခ်င္တဲ့ပညာကိုရေအာင္ယူတတ္သူပါ။ Lecture ေတြကိုနားေထာင္ၿပီးလက္ေတြ႕အလုပ္မွာအသုံးခ်တယ္။ ျပင္းျပထက္သန္တဲ့စိတ္နဲ႔ အ လုပ္ကိုသာအာ႐ုံစိုက္သူကဘြဲ႕လက္မွတ္တစ္ခုကိုရတာ၊မရတာ စိတ္မဝင္စားပါဘူး။သူလိုခ်င္တာက Skills သာျဖစ္ပါတယ္။သင္တန္းေတြတစ္ခုၿပီးတစ္ခုတက္ လက္မွတ္ေတြရထားေပမယ့္ ဘယ္အရာမွာမွမကြၽမ္းက်င္ဘဲအလုပ္လုပ္လို႔မရတဲ့သူေတြကိုလည္း ေတြ႕ဖူးၾကမွာပါ။ဒါ့ေၾကာင့္ ဘယ္လိုအသက္ေမြးဝမ္းေက်ာင္းနယ္ပယ္မွာျဖစ္ျဖစ္ ေအာင္ျမင္မႈရခ်င္ရင္တကယ္တတ္ေျမာက္ခ်င္စိတ္သာရွိဖို႔လိုပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*