သေဆုံးပြီးမှလုပ်စားခံနေရပြန်တဲ့ အေမီဝိုင်းဟောက်စ်

ထူးခြားတဲ့အသံပါဝါနဲ့ အဆိုရှင်ကောင်းတစ်ယောက်၊ ဆန်းသစ်တဲ့စတိုင်လ်ရှိသူတစ်ယောက်အဖြစ်တစ်ကမ္ဘာလုံးကပရိသတ်တွေနှစ် သက် အားပေးခဲ့ရတဲ့အေမီဝိုင်းဟောက်စ်ဟာ 2011 ခုနစ်၊ဇူလိုင်လ၊သူမအသက် 27 နှစ်အရွယ်မှာ အရက်အဆိပ်သင့်ခြင်းကြောင့်ကွယ် လွန်သွားခဲ့တာဖြစ်ပါတယ်။သူမသေဆုံးပြီး 13 နှစ်အကြာမှာ သူမအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်၊အယ်လ်ဘမ်တွေပြန်လည်ထုတ်ဝေခြင်း၊ သူမကို သတိရအောက်မေ့တဲ့အနေနဲ့သူမသီချင်းတွေကိုပြန်ဆိုကြခြင်း စတဲ့အရာတွေကို ဆက်တိုင်လုပ်ဆောင်လာကြတာဖြစ်ပါတယ်။

သူမသေဆုံးချိန်မှာ အယ်လ်ဘမ်နှစ်ခုသာကျန်ရစ်ခဲ့ပေမယ့် သူမရဲ့ဂီတနဲ့ယဥ်ကျေးမှုက Lana Del Rey ၊ Adele ၊ Lady Ga Ga တို့လိုအဆိုရှင်တွေအပေါ် အများကြီးလွှမ်းမိုးနိုင်ခဲ့တာဖြစ်ပါတယ်။မိုင်လေဆိုင်းရပ်စ်နဲ့ Maneskin တို့ဟာလည်း စင်မြင့်ထက်မှာ အေမီဝိုင်းဟောက်စ်ကိုဂုဏ်ပြုတဲ့အနေနဲ့သူမရဲ့သီချင်းတွေကိုပြန်ဆိုကြသလို သူမရဲ့ဆံပင်၊ Eye Liner၊ စကတ်ဝတ်ပုံတွေကိုအတုခိုးထားတဲ့အဆို တော်လေးတွေလည်း အများကြီးပေါ်ထွက်လာနေတာဖြစ်ပါတယ်။အေမီဝိုင်းဟောက်စ်အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင် Back to Black ဟာလည်း မေလ 17 ရက်နေ့မှာထွက်ရှိလာဦးမှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*